ဦးဆောင်သူတွေအနေနဲ့ မှန်ကန်တဲ့ အတွေးအခေါ် အယူအဆ တွေနဲ့ ဦးဆောင်နိုင်မဲ့ နည်းလမ်း (၃) ခု

ဦးဆောင်သူတွေဆီကနေ နောက်လိုက်တွေ မျှော်လင့်ထားကြတဲ့ ခံယူချက် (၄) ခု
June 23, 2020
ဦးဆောင်သူတိုင်း ကိုယ့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ရာမှာ အဓိက အာရုံစိုက်သင့်တဲ့ အရာ (၈) ခု
June 25, 2020

ဦးဆောင်တဲ့သူတွေ မှန်ကန်တဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ဦးဆောင်ဖို့ အရေးကြီးတယ်။ ကိုယ်ကိုယ်တိုင်က အတွေးအခေါ် အယူအဆ လွဲနေရင် ကိုယ့်ရဲ့ Team Members တွေ သူတို့ကြားထဲမှာလဲ မှန်ကန်တဲ့ အတွေးအခေါ်တွေ မရှိနိုင်ဘူး။ စိတ်ဝမ်းကွဲတာတွေ ရှိနိုင်တယ်။ ဝန်ထမ်းအဝင်အထွက် များတာတွေ ဖြစ်နိုင်တယ်။ ဒီလိုမျိုး အခက်ခဲတွေ ဖြစ်နိုင်တယ်။

ဒါကြောင့် ဦးဆောင်သူတွေအနေနဲ့ မှန်ကန်တဲ့ အတွေးအခေါ် အယူအဆ တွေနဲ့ ဦးဆောင်နိုင်မဲ့ နည်းလမ်း (၃) ခု ကိုမျှဝေပေးချင်ပါတယ်။

(၁) Team Member တွေဆီက ကောင်းမွန်တဲ့ Idea တွေ လက်ခံဖို့လိုတယ်။

ကိုယ့်ရဲ့ Team Member တွေဆီမှာ ကောင်းမွန်တဲ့ Idea တွေရှိတယ်လို့ ကျွန်တော်တို့ လက်ခံဖို့လိုတယ်။ အရေးကြီးတာက ကျွန်တော်တို့ အရာအားလုံး မသိနိုင်ဘူး။ ဒီမှာရှိတဲ့ မိတ်ဆွေတွေ အားလုံး ကိုယ်ဘယ်နယ်ပယ်မှာလုပ်နေလဲ၊ ဘယ်လောက် Experience ရှိလဲ မသိနိုင်ဘူး။

ကျွန်တော် ကျိန်းသေ ပြောနိုင်တာရှိတယ်။ ဒီမှာရှိတဲ့ မိတ်ဆွေတွေကော ကျွန်တော်ကော ဘယ်သူမဆို ကျွန်တော်တို့ အရာအားလုံးမသိဘူး။ နောက်တစ်ခုက အရာအားလုံးနဲ့ပတ်သတ်ပြီး ဆက်စပ်ပြီး လိုက်လေ့လာလို့ရတယ်။ အရာအားလုံးနဲ့ပါတ်သတ်ပြီး အကုန်တက်သွားအောင်လို့တော့ လေ့လာလို့ မရနိုင်ဘူး။

ကျွန်တော်တို့ရဲ့ Team Member တွေ ဆီမှာ ကျွန်တော်တို့ မသိနိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။ သူတို့မှာ ကျွန်တော်တို့ မသိနိုင်သေးတဲ့ Idea တွေရှိတယ်။ အဲဒါကို ကျွန်တော်တို့ လက်ခံဖို့လိုတယ်။

ကျွန်တော်တို့ Team Members တွေ သူတို့ကို ကျွန်တော်တို့ မြှင့်တင်ပေးရတယ်။ သူတို့ကို လက်ခံပေးရတယ်။ သူတို့ပြောတဲ့ အကြံတွေကို လက်ခံပေးချင်စိတ် ရှိရမယ်။ သူတို့အနေနဲ့လည်း ငါတို့ ဆရာက ငါတို့ကို အသိမှတ်ပြုပါလား။ နေရာပေးပါလား ဆိုပြီးတော့ သူတို့အနေနဲ့ ပိုပြီးတော့ ကျေနပ်အားရတဲ့ စိတ်လေးတွေလည်းဖြစ်မယ်။ သူတို့ကို သူတို့ ဂုဏ်ယူတဲ့စိတ်လေးတွေလဲ ဖြစ်လာမယ်။

(၂) Idea တွေနားထောင် နားထောင်ပြီး လက်ခံပေးရမယ်

ကိုယ့်ရဲ့ Team Members တွေဆီကနေ ကောင်းမွန်တဲ့ Idea တွေ ရှိတယ်လို့ လက်ခံပြီးသွားပြီဆိုရင် သူတို့ဆီက Idea တွေနားထောင်ရမယ်။ ကိုယ့်ရဲ့ Idea နဲ့ ပေါင်းသင့်ရင်ပေါင်းပါ တစ်ခါတစ်လေကျရင် သူ့ရဲ့ Idea ကောင်းပြီးသားဆိုရင် သွားမပေါင်းပါနဲ့ လိုအပ်မှပေါင်းပါ။ ပေါင်းပြီးသွားရင် ငါတို့ ဘာလုပ်ကျရင် ကောင်းမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ဖို့ လိုတယ်။

(၃) လူအများရှေ့မှာ ချီးကျူးပေးဖို့ လိုတယ်။

ကျွန်တော်တို့ Idea တစ်ခုကို အကောင်ထည်ဖော်ရင်းနဲ့ လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရလာတယ်ဆိုရင် ဒီ Idea က ဘယ်သူဆီကလာတယ်ဆို ပြီးတော့ ကျွန်တော်တို့က ထုတ်ဖော် ပြီးတော့ ချီးကျူးပေးဖို့လိုတယ်။

သူက သူ့ရဲ့ Idea ကို အသိမှတ်ပြုပါလား ဆိုတာကို သူ့အနေနဲ့ ဝမ်းသာမယ်၊ ကျေနပ်မယ်၊ ကျေးဇူးတင်မယ်။

သူ့ကိုယ်သူလည်း ကျေနပ်အားရမှုတွေ ပိုပြီးဖြစ်လာမယ်။ ပြီးလဲပြီးရော အဲဒီ Team ထဲမှာရှိတဲ့ အခြားသော သူတွေ ဝန်ထမ်းတွေ အနေနဲ့ ကိုယ့်ရဲ့ ဝန်ထမ်းတွေကလည်း အထက်လူကြီးက ဒီလိုမျိုး အကြံညဏ်တွေ လိုလိုလားလား နားထောင်တယ်၊ ကောင်းရင်လဲ ကောင်းသလို ချီးကျူးပေးတယ်၊ အသိမှတ်ပြုပါလားဆိုတာမျိုး ဖြစ်လာရင် လုပ်ငန်းခွင်မှာ ကျွန်တော်တို့အတွက်ကို အကြံပေးချင်တဲ့သူတွေ အများကြီးဖြစ်လိမ့်မယ်။

အဲဒီတော့ တစ်ရုံးလုံးက ကိုယ့်အတွက် Consultant တွေဖြစ်လာမယ်။ ဒါက အခမဲ့ရနိုင်တဲ့အကြံညဏ်တွေ ဖြစ်တယ်။ အဲဒါကြောင့် ငါအားလုံး မသိနိုင်ဘူး၊ ကိုယ့်ရဲ့ Team Members တွေမှာ ပိုကောင်းတဲ့ Idea တွေရှိနိုင်တယ်၊ သူတို့နဲ့ ပူးပေါင်းပြီး Idea တွေချရမယ်၊ ပြီးသွားလို့ရှိရင် ကောင်းမွန်တဲ့ Idea တွေ ကျွန်တော်တို့ အကောင်ထည်ဖော်နိုင်ပြီးတော့ ရလဒ်ကောင်းတွေ ထွက်လာပြီဆိုရင် သူတို့ကို ကျွန်တော်တို့ အနေနဲ့ ချီးကျူးပေးရမယ်။

ဒီလိုဆိုရင် လုပ်ငန်းခွင်မှာ တကယ်ကို Idea ကောင်းတွေ စဉ်းစားဖို့ အတွက်ကော၊ Idea ကောင်းတွေ စဉ်းစားပြီးတော့ ကိုယ့်ကို တင်ပြရဲလာဖို့အတွက်ကို ရှေ့ကနေပြီးတော့ နမူနာကောင်းအနေနဲ့ လုပ်ပြရာလည်း ရောက်မှာသေချာပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial