ဦးဆောင်သူတွေ အနေနဲ့ Personal Development Plan ဆွဲမယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၃ ) ချက်

ဦးဆောင်သူတိုင်း ကိုယ့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ရာမှာ အဓိက အာရုံစိုက်သင့်တဲ့ အရာ (၈) ခု
June 25, 2020
ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ စကားတွေ ပြောနေမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ ရလဒ် (၄) ခု
June 26, 2020

ကျွန်တော်တို့က Personal Growth ကို အပြည့်အဝ ယုံကြည်တယ်။ အောင်မြင်မှုနဲ့ Personal Growth ကမတူဘူး။ အောင်မြင်မှုဆိုတာက ရလဒ် ဖြစ်ပြီးတော့ Personal Growth ကကျတော့ ရလဒ်ကို လုပ်နိုင်တဲ့ အရည်အချင်း ဖြစ်တယ်။ ကိုယ့်ရဲ့ ပန်းတိုင်ကို ရယူနိုင်တဲ့ အရည်အချင်း ကိုယ့်မှာ အမြဲတမ်းရှိနေတယ်ဆိုတာက တော်တော် ကောင်းတယ်။ အဲ့အတွက်ကြောင့် အဲ့အရည်အချင်း အမြဲတမ်းရှိနေမယ်ဆိုရင် ကျွန်တော်တို့ ဘာလာလာ ဒေါင်းနေမှာပဲ။ အဲဒီအတွက်ကြောင့် ကိုယ့်ရဲ့ Personal Growth က အရမ်းကို အရေးကြီးပါတယ်။

(၁)ကိုယ်လေ့လာမဲ့ အရာက ကိုယ့်ရဲ့ ဝါသနာနဲ့ ကိုက်ရဲ့လား

Personal Growth Plan ကို သေချာ စနစ်တကျ ချရေးထားပြီးတော့ ဆွဲတော့မယ်ဆိုရင် ကျွန်တော်တို့ သိသင့်တာက ဘာလဲဆိုရင် ကိုယ်လေ့လာမဲ့ အရာတွေက ကိုယ့်ရဲ့ ဝါသနာနဲ့ ကိုက်ရဲ့လား။ ကိုယ့်ရဲ့ ဝါသနာနဲ့ မကိုက်တဲ့ အရာတွေကို သွားပြီးလေ့လာမယ်ဆိုရင် တော်ရုံနဲ့ ကျွမ်းကျင်မှာမဟုတ်ဘူး။ ဒီနေရာမှာ တစ်ခုရှိတာက ဝါသနာနဲ့ တိုက်ရိုက်တော့လဲ မကိုက်ဘူး ဒါပေမယ့်လည်း ကိုယ်က အဲဒါကိုလေ့လာလိုက်တဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ဝါသနာပါတဲ့အလုပ်ကို လုပ်လို့ရသွားမယ်ဆိုရင် တော့လည်း ဝါသနာမပါတဲ့ ပညာကို လေ့လာလို့ရတယ်။ ဆိုလိုတဲ့ သဘောက နှစ်ဆင့်ပေါ့ တစ်ဆင့်ကတော့ လေ့လာတဲ့ဟာကို ဝါသနာပါရင်ရတယ် ဒါမှမဟုတ်ရင် အဲဒါကိုလေ့လာလိုက်တဲ့အတွက်ကြောင့် ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်လို့ရသွားမယ်ဆိုရင်လည်းရတယ်။ အရေးကြီးတာက ကိုယ်လေ့လာမယ့် အရာက ကိုယ်ဝါသနာပါတဲ့ အရာနဲ့ ဆက်စပ်မှုရှိရဲ့လား အဲဒါကို ကျွန်တော်တို့ သိဖို့လိုတယ် မဆက်စပ်တဲ့ဟာကို ကျွန်တော်တို့ သွားလေ့လာရင် အချိန်ကုန်တာတွေဖြစ်မယ်။

(၂) ကိုယ်လေ့လာမယ့် အရာက ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းနဲ့ ဆက်စပ်မှုရှိရဲ့လား

ကိုယ်လေ့လာမယ့် အရာက ကိုယ့်ရဲ့ ပင်ကိုယ် အရည်အချင်းနဲ့ကော ဆက်စပ်မှုရှိရဲ့လား ကိုက်ညီရဲ့လား။ ဒီနေရာမှာ အားလုံးသိနိုင်တာက ကျွန်တော်တို့ ဘာသာရပ်တစ်ခုမှာ ညံ့တယ်ဆိုပါစို့ ပညာရပ်တစ်ခုမှာညံ့တယ် အဲဒီညံ့တဲ့ အရည်အချင်းကို သွားလေ့လာလို့ချင်ရင် အသားကုန် အဲဒီတစ်ခုပဲ ထိုင်လေ့လာလို့ချင်ရင် ကျွန်တော်တို့ ဘာဖြစ်လာမလဲ အားလုံးတော်တော်များများ ကျွမ်းသွားမယ်လို့ထင်တယ်။ အမှန်တော့ အင်မတန် ညံ့တဲ့ အရည်အချင်းကို ကျွန်တော်တို့ သွားလေ့လာရင် ညံ့တာကနေ ဖြစ်နိုင်တာက သင့်လောက်ပဲ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ နဂိုထဲကိုယ်က ကိုယ်က ကောင်းနေပြီးသား တော်နေပြီးသား ပညာရပ်တစ်ခုကို အချိန်ယူပြီးတော့ ထပ်လေ့လာလို့ချင်ရင် ဘာဖြစ်လာမလဲ ကျွန်တော်တို့က လန်ထွက်သွားလိမ့်မယ်။ကျွန်တော်တို့ လုံးဝကို ဒီနေရာမှာတော့ ဆရာကျတယ်ဆိုတာဖြစ်လိမ့်မယ်။ လူတွေက သာမန်ကို ပိုက်ဆံများများ ပေးလေ့မရှိဘူး ဂျွတ်နေမှ ပိုက်ဆံပေးတာ လုံးဝ လန်ထွက်နေတယ်ဆိုမှ ပိုက်ဆံပေးတာ။ ကိုယ်က ပိုက်ဆံများများလိုချင်ရင် ကိုယ်ကောင်းနေပြီးသား အရာမှာ အသားကုန်ကောင်းအောင်လုပ်တာက ကိုယ့်ကို လူတွေ အသိမှတ်ပြုလာဖို့ မြင်လာဖို့အတွက်ကို အများကြီးအထောက်ကူပြုတယ်။ ဒါကြောင့် ကိုယ်လေ့လာတဲ့အရာက ကိုယ့်ရဲ့ ကျွမ်းကျင်တဲ့ အရာနဲ့ ဆက်စပ်မှုရှိဖို့လိုတယ်။

(၃) ကိုယ့်ရဲ့ အနာဂတ်ကို အထောက်အကူပြုပါ့မလား

ကိုယ်လေ့လာမယ့်အရာက ကိုယ့်အနေနဲ့ အချိန်တွေ ငွေတွေ အကုန်ကျခံ လေ့လာပြီးသွားလို့ရင် ကိုယ့်ရဲ့အနာဂတ်အတွက် အထောက်အကူ ပြုနိုင်ရဲ့လား အဲ့ဒါကို သိဖို့လိုတယ်။ ကိုယ့်အတွက် အသုံးဝင်မယ့် ကိုယ့်ရဲ့ အသက်မွေးဝမ်ကျောင်းနဲ့ဆိုင်မယ့် ကိုယ့်ရဲ့ Business Development နဲ့ဆိုင်တဲ့ တိုက်ရိုက်ပတ်သတ်ပြီး အသက်မွေးဝမ်းကျောင်းတစ်ခုကို လေ့လာတာက ကိုယ့်အနာဂတ်ကို အများကြီး အကျိုးပြုနိုင်တယ်။ တစ်ခုခု လေ့လာတော့မယ်ဆိုရင် ကိုယ်ဝါသနာပါတာနဲ့ ကိုက်ရဲ့လား ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်း ကျွမ်းကျင်မှုနဲ့ကော ကိုက်ရဲ့လား အနာဂတ်ကိုကော အထောက်အကူပြုရဲ့လား ဒီသုံးချက်နဲ့ ချိန်ဆပြီးလုပ်မှ လုပ်ပါ။ ဘာလေ့လာရင်ကောင်းမလဲ ကိုယ့်ရဲ့ Plan ထဲမှာ ဘာတွေထည့်ဆွဲမလဲ သေချာစဉ်းစားပါ။ လက်တွေ့ကျပြီး အစဉ်ပြေမယ်လို့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, UK)

Business & Executive Coach

Leadership Development

Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership #Coaching

#Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial