အောင်မြင်နေတဲ့ လူတစ်ယောက်မှာရှိတဲ့ အားသာချက် (၁) ချက်

အဖွဲ့အစည်းတစ်ခုမှာ ရာထူးတစ်ခုရလာပြီဆိုရင် ဘာတွေလုပ်သင့်လဲ
August 4, 2020
ထိရောက်မှုရှိတဲ့ ဦးဆောင်သူ တစ်ယောက်ဖြစ်ဖို့ အရေးကြီးတဲ့အရာ (၁) ခု
August 5, 2020

အောင်မြင်တဲ့ လူတစ်ယောက်ရဲ့ အားသာချက်က ကျွန်တော်တို့က သူ့ကိုဘယ်လိုထင်လဲဆိုတော့ အောင်မြင်တယ်ဆိုတာ မွေးကတည်းက ပင်ကိုယ်အရည်အချင်းတွေ ပါလာတာဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် ဉာဏ်ရည်ဉာဏ်သွေး အင်မတန်ထက်မြတ်တဲ့သူလို့ ကျွန်တော်တို့ ထင်ချင်ထင်မယ်။ တကယ့်တကယ်တမ်းတော့ အဲဒါတွေ မဟုတ်ဘူး။ တကယ့်တကယ်တမ်းမှာ လူတစ်ယောက် အောင်မြင်တယ်ဆိုရင် သူ့မှာအရမ်းအရေးပါတဲ့ အားသာချက် တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ သူ့ရဲ့ စိတ်နေသဘောထားဖြစ်တယ်။
စိတ်နေသဘောထားက အောင်မြင်မှုအတွက် အများကြီးအရေးပါတယ်။ ကျွန်တော်တို့က အဖြစ်အပျက်တစ်ခုခုကို ကောင်းမွန်တဲ့ စိတ်နေသဘောထား ရှိတယ်ဆိုရင် ကျွန်တော်တို့ မြင်တဲ့အမြင်ကတစ်မျိုး၊ မကောင်းတဲ့ စိတ်နေသဘောထား ရှိတယ်ဆိုရင် မြင်တဲ့အမြင်ကတစ်မျိုး အဲဒီတော့ ကိုယ်က အင်မတန် ကောင်းတဲ့အခွင့်အလမ်းကို မြင်နေရင်တောင်မှ မကောင်းတဲ့ စိတ်နေသဘောထားရှိနေရင် အဲဒါကို ကျော်သွားဦးမှာပဲ။ ဒီလိုပဲ ကိုယ်က အခက်အခဲတစ်ခု ရှိတဲ့အချိန်မှာ ကောင်းတဲ့စိတ်နေသဘောထား ရှိတယ်ဆိုလိုရှိရင် အခက်အခဲကြားမှာပဲ ကိုယ့်အတွက် တကယ်ကို ကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖေါ်ရတာ ဖြစ်နိုင်တယ်။
ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ Attitude စိတ်နေသဘောထား Positive Attitude ကျွန်တော်တို့မှာ ရှိဖို့လိုတယ်။ ဒါပေမဲ့ အဲဒီ Positive Attitude ကို ကျွန်တော်တို့က ဝယ်ယူလို့လည်းမရဘူး။ အခြားသူက ကိုယ့်ကိုပေးလို့မရဘူး။ သင်တန်းတစ်ခု သွားတက်ပြီးတော့ စာအုပ်တစ်အုပ် ဖတ်လို့လည်းမရဘူး။
အရေးကြီးတာကဘာလည်း ကိုယ်ဟာကို ပြောင်းလဲယူမှပဲရမယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ကိုယ့်မှာရှိတဲ့ စိတ်နေသဘောထားကို ကောင်းတဲ့ဘက်ကို ပြောင်းဖို့အတွက် စိတ်ဆန္ဒမရှိဘူးဆိုရင် အခြားဘယ်သူကမှလည်း ကိုယ့်ကို ကူညီလို့ရမှာမဟုတ်ဘူး။ ကိုယ့်အနေနဲ့ ပြောင်းလည်းယူမှပဲရမယ်။ အဲဒီအတွက်ကြောင့် ဒီနေ့ကစပြီး ကိုယ့်ရဲ့အနာဂတ်ကို အကောင်းဆုံး ဖန်တီးချင်တယ်ဆိုရင် ကိုယ့်မှာ ကောင်းမွန်တဲ့ စိတ်နေသဘောထားကို မွေးမြူဖို့အတွက် ကျွန်တော်အနေနဲ့ အကြံပြုချင်ပါတယ်။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial