အသင်းအဖွဲ့တွေမှာ ပန်းတိုင်သတ်မှတ်ထားသင့်တဲ့ အကြောင်းရင်း (၅) ခု

ဆက်ခံခြင်း အစီအစဉ်ထားရှိခြင်းရဲ့ အကျိုးကျေးဇူး (၄) ခု
December 9, 2020
လုပ်ငန်းစွမ်းဆောင်မှု သတ်မှတ်ထားခြင်းဟာ အရေးပါရတဲ့ အကြောင်းအရင်း (၅) ခု
December 11, 2020

(၁) ပန်းတိုင်မရှိရင် တစ်ယောက်တစ်ပေါက် ဖြစ်နေမယ်။

လူတွေက အတူတူ မွေးလာကြတာ မဟုတ်ဘူး။ အတူတူ မွေးလာကြတဲ့ မောင်နှမတွေတောင်မှ တစ်ယောက် တစ်ပေါက် ဖြစ်နေသေးတာ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ မတူကြဘူး။ အဖွဲ့အစည်းတစ်ခုမှာ အတူတူ လုပ်ကြတဲ့သူတွေက သူတို့အားလုံးက တစ်နေရာစီက လာကြတာ။ သူတို့အားလုံးမှာ မတူညီတဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေရှိတယ်။ ငါတို့ ဘာကိုရအောင် လုပ်မယ်ဆိုတာ မသတ်မှတ်ထားရင် တစ်ယောက်တစ်ပေါက် ဖြစ်ပြီးတော့ ဘာဖြစ်နိုင်လဲဆိုရင် ကိုယ်လုပ်တဲ့ အလုပ်တွေက မထိရောက်နိုင်သလို အာရုံစူးစိုက်မှုတွေ ပြန့်သွားနိုင်တယ်။ အဲဒီအတွက်ကြောင့် ပန်းတိုင်က မဖြစ်မနေ အရေးကြီးတယ်။

(၂) ပန်းတိုင်မရှိရင် နိစ္စဓူဝ အလုပ်တွေနဲ့ အချိန်ကုန်တယ်။

လုပ်တော့ လုပ်နေတယ်။ ဒါပေမယ့် ငါတို့ ဘာကိုလိုချင်လို့ လုပ်နေတာလဲဆိုရင် မရှင်းလင်းဘူး။ မရှင်းလင်းတဲ့အခါ အချိန်တွေ ကုန်သွားတယ်၊ လုပ်သင့်သလောက် လုပ်နေပေမယ့် မထိရောက်ဘူး။

(၃) ပန်းတိုင်ရှိရင် စိတ်အားတက်ကြွစေနိုင်မယ်။

ထီထိုးတဲ့အခါ ထီပေါက်မလားဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ ထီပေါက်ဖို့ဆိုတာ အင်မတန် ခဲယဉ်းတဲ့ကိစ္စပဲ။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတယ် ပန်းတိုင်တစ်ခု သတ်မှတ်လိုက်ပြီ ဆိုတာနဲ့ ခုနက ထီပေါက်ရင် ဘာလုပ်မယ်ဆိုတဲ့ စိတ်ကူးယဉ်တာထက်ကို အများကြီး ပိုပြီးကောင်းတဲ့ စိတ်ကူး ရလာလိမ့်မယ်။ ဒီပန်းတိုင်ကို ရလာခဲ့ရင် ငါ့ရဲ့လုပ်ငန်းက ဘယ်လို ပြောင်းလဲသွားမယ်ဆိုတာကို ကြိုတွေးရင်းနဲ့ အလိုလိုနေရင်း Motivation ရလာမယ်။

(၄) ပန်းတိုင်ကိုရဖို့အတွက် အဖွဲ့သားတွေ ညီညီညွတ်ညွတ်နဲ့ အဖြေ ရှာလာနိုင်စေတယ်။

ငါတို့ ဒါကို ဘယ်လိုရအောင် လုပ်ကြမလဲဆိုပြီး တိုင်ပင်တဲ့ နေရာမှာလည်း ညီညီညွတ်ညွတ်နဲ့ အဖြေ ရှာလာနိုင်တယ်။ အဆင်မပြေတာတွေ ရှိရင်လည်း ကောင်းကောင်းမွန်မွန် တိုင်ပင် ဖြေရှင်းဖို့အတွက်ကို အများကြီး ပိုပြီး အထောက်အကူ ဖြစ်စေနိင်တယ်။

(၅) တိုးတက်မှု အခြေအနေကို တိုင်းတာနိုင်တယ်။

ကိုယ့်ရဲ့ ပန်းတိုင်နဲ့ နီးလာသလား ဝေးလာသလား။ ဒီပန်းတိုင်ကို အထောက်အပံ့ဖြစ်မယ့် ပန်းတိုင် အသေးလေးတွေ သတ်မှတ်လို့ ရမယ်။ ပြီးရင် သူတို့တွေအားလုံးက အဲဒီအတိုင်း လုပ်နိုင်ကြရဲ့လား၊ ဖြစ်နေကြရဲ့လားဆိုတာ ပြန်ပြီး စစ်ဆေးမယ်ဆိုရင် လမ်းလွဲရောက်နေရင်လည်း ပြင်လို့ရတယ်။ လမ်းမှန် ရောက်နေတယ်ဆိုလည်း စိတ်ချမ်းသာပြီးတော့ အောင်ပွဲခံလို့ရတယ်။ အဲဒါကြောင့် ဒီလို အခြေအနေမျိုးတွေအတွက် တိကျတဲ့ ပန်းတိုင် သတ်မှတ်ထားရမယ်။

အဲဒီတော့ မိတ်ဆွေတွေ အားလုံးပဲ တိကျပြီးတော့ တိုင်းတာလို့ရတဲ့ ပန်းတိုင်တစ်ခုကို သေချာသတ်မှတ်ပါ။ ကိုယ့်အနေနဲ့ ဆီလျော်တယ်၊ အချိန်ကာလ သတ်မှတ်ထားတယ်ဆို အဲဒီပန်းတိုင်ကို တကယ်ဦးတည်ပြီးတော့ သွားတယ်ဆိုရင် လုပ်ငန်းရော၊ Department တစ်ခုချင်းရော၊ အဲဒီအထဲမှာရှိတဲ့ လူတစ်ယောက်ချင်းရော သိသိသာသာ တိုးတက်လာဖို့ အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial