အသင်းအဖွဲ့တည်ဆောက်ဖို့ အရေးကြီးရတဲ့ အကြောင်းအရင်း (၃) ခု

ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ John F. Kennedy ရဲ့ အဆိုအမိန့် (၁) ခု
November 2, 2020
အဖွဲ့ဝင်ကောင်းများမှာ ရှိသင့်တဲ့ အရည်အချင်း (၅) ခု
November 4, 2020

အသင်းအဖွဲ့တည်ဆောက်ဖို့ အရေးကြီးရတဲ့ အကြောင်းအရင်း (၃) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ကျွန်တော်က ငယ်ငယ်တကည်းက တစ်ယောက်တည်းလုပ်တယ်ဆိုတာ ရှားတယ်။ အပေါင်းအသင်းတွေနဲ့ လုပ်တဲ့အတွက်ကြောင့် ကျွန်တော် Breakthrough ကို စတည်ထောင်ကတည်းက ဦးကိုကိုအောင်နဲ့ ကိုဟိန်းတို့တွေ ပါတယ်။ နောက်ထပ်လည်း Team Member တွေ တစ်ယောက်ပြီးတစ်ယောက် ဖြည့်ခဲ့တယ်။ ပြီးတော့ Coaching Team ကိုလည်း ကျွန်တော်တစ်ယောက်တည်း လုပ်တာထက်စာရင် ကျွန်တော်လိုတဲ့နေရာမှာ ဖြည့်ပေးဖို့ Team တစ်ခု ဖွဲ့စည်းပြီးလုပ်တယ်။ သူတို့က ကျွန်တော့်ကိုယ်စား သွားပေးနိုင်တယ်။ ကျွန်တော့်ပွဲတွေမှာ စာသင်ရင်း မောလို့ဖြစ်ဖြစ် နားချင်တဲ့အခါဆိုရင်လည်း ဦးကိုကိုအောင်တို့၊ ကိုနိုင်လိုမွန်တို့၊ ကိုလင်းလင်းထွန်းတို့က ကျွန်တော့်ကိုယ်စား သင်ပေးနိုင်ကြတယ်။ သူတို့တွေ အဲဒီလိုမျိုး လုပ်ပေးနိုင်တာက ကျွန်တော့်အတွက် အများကြီးအဆင်ပြေစေပါတယ်။ အသင်းအဖွဲ့ တည်ဆောက်ထားဖို့က ဘာလို့အရေးကြီးတာလဲဆိုတော့

(၁) သင်တစ်ယောက်တည်းနဲ့ အများကြီးမပြီးဘူး။

သင့်မှာ Team Member တွေ အများကြီးရှိပြီး သင်ကလည်း သူတို့ကို ထိထိရောက်ရောက် ဦးဆောင်နိုင်မယ်ဆိုရင် အလုပ်တွေ လက်ရှိပြီးတာထက် ထိရောက်မှာဖြစ်ပါတယ်။ အဲဒီလိုမျိုး စုစည်းထားနိုင်မယ်ဆိုရင် လက်ရှိ သင်စွမ်းဆောင်နိုင်တာထက် ပိုပြီးစွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၂) သင်မရှိတဲ့အချိန် ဝင်ဖြည့်ပေးနိုင်တဲ့သူ လိုတယ်။

သင်က အချိန်တိုင်း နေရာတိုင်းမှာ ရှိမနေနိုင်ဘူး။ အဲဒီအတွက် သင်မသွားနိုင်တဲ့ နေရာတွေကို သင့်ကိုယ်စား သွားပေးမယ့်သူ သင်လက်ရှိနေရာမှာ မရှိဘဲ တစ်ခြားနေရာကို သွားတဲ့အခါမှာ သင့်နေရာကို ဝင်ဖြည့်ပေးမယ့်သူ လိုတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့မှာ Team Member ကောင်းတွေ လိုတယ်။ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ Succession Planning တို့ ဘာတို့ဆိုရင် သင်က အဖွဲ့အစည်းတစ်ခုခုမှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်လိုက်ရတာ ဖြစ်နိုင်တယ်။ မကျန်းမာလို့ ထွက်လိုက်ရတာ၊ နေထိုင်မကောင်းလို့ ထွက်ရတာ၊ ဒါမှမဟုတ် သေဆုံးသွားလို့ ထွက်လိုက်ရတာလည်း ဖြစ်နိုင်တယ်။

အဲဒီအခါမှာ သင့်ကိုယ်စား ဝင်လုပ်ပေးနိုင်တဲ့သူ မရှိရင် အဲဒီအဖွဲ့အစည်းက ပျက်သွားနိုင်တယ်။ သင့်နေရာမှာ ဖြည့်ပေးနိုင်တဲ့သူရှိတာက သင်အပန်းဖြေ အားလပ်ရက် ခရီးထွက်လို့ ခွင့်ယူမယ်ဆိုရင်လည်း သင့်အလုပ်တွေ လုပ်ပေးနိုင်တဲ့သူရှိလို့ အဆင်ပြေတယ်။

(၃) ဝေးဝေးသွားဖို့အတွက် အထောက်အကူပြုမယ့်အဖွဲ့ လိုတယ်။

ဝေးဝေးဆိုတာက သင်လုပ်နေတဲ့နယ်ပယ်မှာ သင်က ဝေးဝေးနဲ့ မြင့်မြင့်သွားချင်တယ်ဆိုရင် အထောက်အကူပေးဖို့ လိုမယ်။ ကျွန်တော့်ဆရာ John C. Maxwell ပြောသလိုဆိုရင် ဆွဲတင်ဖို့အတွက် Mentor တွေနဲ့ အောက်ကနေမြှင့်တင်ပေးဖို့ Supporter တွေ လိုတယ်။
ဆိုလိုတဲ့သဘောက သင့်ကို ဆွဲတင်ပေးမယ့်သူနဲ့ မြှင့်တင်ပေးတဲ့သူ မရှိဘူးဆိုရင် ဘယ်လိုမှ ဝေးဝေးသွားလို့ မရနိုင်ဘူး။ ကျွန်တော်ဆိုရင်လည်း ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကနေ စပြီး နည်းအမျိုးမျိုးနဲ့ ကျွန်တော့်ကို ဆွဲတင်ပေးမယ့်သူတွေ ရှိပါတယ်။ ဦးကိုကိုအောင်ကနေ စပြီးတော့ ကိုနိုင်လိုမွန်းတို့ ကိုလင်းလင်းထွန်းတို့ ကျွန်တော့်အမျိုးသမီးအပါအဝင် Support လုပ်ပေးကြတဲ့သူတွေ အများကြီးရှိပါတယ်။ သင်တန်းသားတွေလည်း ပါပါတယ်။

အဲဒီလိုမျိုး ရှိလို့သာ Breakthrough အနေနဲ့ ဒီလမ်းကြောင်းကို သွားလို့ရနေတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဝေးဝေးသွားချင်ရင် အထောက်အကူပြုမယ့်အဖွဲ့ လိုအပ်ပါတယ်။ သင်တစ်ယောက်တည်းနဲ့ ဝေးဝေးမသွားနိုင်ပါဘူး။ သင်မရှိတဲ့အခါ သင့်နေရာကို ဝင်ကူပေးနိုင်တဲ့သူ ရှိရမယ်။ သင့်ကို အထောက်အပံ့ပေးနိုင်တဲ့သူတွေ ရှိရမယ်။

ဒီအချက်လေးတွေကို ပြန်ပြီး သုံးသပ်ကြည့်ပါ။ အားကောင်းတဲ့ Team တစ်ခုရှိနေပြီလား။ ဘယ်နေရာမှာ ထပ်ပြီးဖြည့်ဖို့လိုနေမလဲ။ ဘယ် Position တွေကို ထပ်ဖြည့်ရမလဲ။ ရှိပြီးသားလူတွေရဲ့ အရည်အချင်းတွေကိုရော ဘယ်လိုမြှင့်တင်မလဲ အဲဒါလေးတွေကို ပြန်ပြီးသုံးသပ်ပါ။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial