အသက်ကြီးလာတာနဲ့အမျှ ကိုယ့်စည်းကမ်း ကိုယ်ထိန်းဖို့ အရေးကြီးလာတဲ့ အကြောင်းအရင်း (၄) ခု

ခေါင်းဆောင်မှုအရည်အချင်းကို တိုးတက်လာစေဖို့ လုပ်သင့်တဲ့ အရိုးရှင်းဆုံး နည်းလမ်း (၅) ခု
September 26, 2020
သင့်လုပ်ငန်းထဲမှာရှိတဲ့ လူငယ်တွေ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ဖြစ်အောင် ပျိုးထောင်ပေးနိုင်တဲ့ အကြံပြုချက် (၃) ချက်
October 19, 2020

အသက်ကြီးလာတာနဲ့အမျှ ကိုယ့်စည်းကမ်း ကိုယ်ထိန်းဖို့ အရေးကြီးလာတဲ့ အကြောင်းအရင်း (၄) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

လူတစ်ယောက်က Self Discipline က အရေးကြီးတယ်။ ဘာလို့ အရေးကြီးတာလဲ။ အသက်ကြီးလာတယ်ဆိုတာ အရွယ်ရလာတယ်၊ ကိုယ်က နဂိုတုန်းက လူငယ်ကနေ လူရွယ်၊ လူရွယ်ကနေ လူကြီးဖြစ်လာတယ်။ ကျွန်တော်ဆိုရင် ကျွန်တော့်အသက်က အခု ၃၈နှစ် ရှိပြီ။ ၃၈ က အရင်တုန်းကဆိုရင် ၄၀ နားနီးရင် တော်တော်ကြီးပြီလို့ ထင်တယ်။ ကိုယ်လည်း ၃၈၊ ၃၉၊ ၄၀ နားနီးလာတော့ ဒီအသက်အရွယ်က အဲဒီလောက်တော့လည်း ကြီးတယ်လို့ မထင်တော့ဘူး။

တကယ့်တကယ်တမ်းမှာ အသက်အရွယ်ရလာတာနဲ့အမျှ ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထိန်းဖို့က ပိုပြီး အရေးကြီးလာတယ်။ လုပ်ငန်းရှင်တွေ ကျွန်တော်တို့နဲ့ Business Coaching လုပ်တဲ့အခါမှာ သူတို့အတွက် အကျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ဆူမယ့်သူ မရှိဘူးတဲ့။ ကျွန်တော် Coach လုပ်တဲ့ အခါကျ သူတို့ကို Drive လုပ်ပေးတယ်။ အဲဒီအခါကျ လုပ်မယ်လို့ ပြောတာတွေ လုပ်နိုင်အောင် သူတို့ကို Push လုပ်ပေးနိုင်တယ်။

(၁) မိဘတွေကလည်း မရိုက်တော့ဘူး။ ဆရာ၊ ဆရာမတွေကလည်း မဆူတော့ဘူး။

ငယ်ငယ်တုန်းက မိဘက ဆုံးမတယ်၊ ရိုက်တယ်။ ကျောင်းမှာဆိုရင်လည်း ဆရာ၊ဆရာမတွေက ဆူမယ်၊ ရိုက်မယ်၊ ဆုံးမတယ်။ အသက်အရွယ်ရလာတဲ့အခါ ဘယ်သူကကိုယ့်ကို လာရိုက်မလဲ၊ ဘယ်သူက ကိုယ့်ကို ဆုံးမမလဲ။ ဆုံးမလို့မှ မရတော့တာ။ အဲဒီတော့ ကိုယ့်ကို ရိုက်ပြီးတော့ ဆုံးမမယ့် မိဘရှိရင် ရှိမယ်၊ ကိုယ့်ကို မရိုက်တော့ဘူး၊ ဆရာဆရာမတွေ ရှိရင် ရှိမယ်၊ ကိုယ့်ကို အဲ့လောက်ကြီး ပြင်းပြင်းထန်ထန် ဆူမှာ မဟုတ်တော့ဘူး၊ အဲဒီအခါကျတော့ ကိုယ့်စည်းကမ်း ကိုယ်ထိန်းဖို့ အရေးကြီးလာတယ်။

(၂) ကိုယ်လုပ်တဲ့အတိုင်း ကိုယ်ရိတ်သိမ်းရမယ်။

ကိုယ်စိုက်ပျိုးတဲ့အတိုင်း ကိုယ်ရိတ်သိမ်းရလိမ့်မယ်။ အဲဒီတော့ ဆိုလိုတဲ့သဘောက ကိုယ်က မကောင်းတဲ့အပင် စိုက်ထားရင် မကောင်းတဲ့ အသီးပဲ သီးမှာ၊ ဒါမှမဟုတ် မကောင်းတဲ့အပင်ကို မကောင်းသလို စိုက်ပျိုးထားရင် ကိုယ်ရိတ်သိမ်းရတဲ့ အသီးအနှံက ဘယ်လိုမှ ကောင်းမှာမဟုတ်ဘူး၊ အဲဒီအခါကျတော့ ကိုယ်ဘာတွေ လုပ်ခဲ့သလဲ၊ ကိုယ်လုပ်ခဲ့တဲ့အတိုင်းပဲ ရင်ဆိုင်ရလိမ့်မယ်။ ကိုယ်မကောင်းတာတွေ လုပ်ရင် မကောင်းတာတွေ ရင်ဆိုင်ရမယ်။ ကောင်းတာတွေ လုပ်ရင် ကောင်းတာတွေ ရင်ဆိုင်ရမယ်။ အကြောင်းနဲ့ အကျိုးနဲ့၊ အကောင်းနဲ့ အဆိုးနဲ့ အကုန်လုံးက တွဲနေတာ။ မကောင်းတဲ့ အကျိုးတရားတွေ လုပ်ခဲ့ရင် မကောင်းတဲ့ အကျိုးတရားတွေ လာမှာပဲ။ ကောင်းတဲ့ အကျိုးတရားတွေလုပ်ရင် ကောင်းတဲ့ အကျိုးတရားတွေ လာလိမ့်မယ်။ အဲဒါဆိုရင် ကိုယ်စိုက်ပျိုးတဲ့အတိုင်း ရိတ်သိမ်းဖို့ လိုတယ်။

(၃) ငယ်တုန်းမှာ မှားရင် ပြင်ဖို့အချိန်ရှိပေမယ့် ကြီးလာလေလေ ပြင်ဖို့ အချိန်နည်းလာလေလေ ဖြစ်တယ်။

ငယ်တုန်းမှာ မှားရင် ကျွန်တော်တို့ ပြင်လို့ရတယ်။ ချောက်ထဲ ပြုတ်ကျလာရင် ပြင်ဖို့အချိန်ရှိတယ်။ ကြီးလာတဲ့အခါကျ ချောက်ထဲ ပြုတ်ကျသွားရင် ပြန်တက်နေတာနဲ့ အသက်က အိုမင်းတဲ့ အချိန်ရောက်သွားတာ။ ကိုယ့်အနေနဲ့ အရွယ်ရောက်လာတဲ့ အခါမှာ ပိုပြီးတော့ မမှားဖို့ အရေးကြီးတယ်။ ဒါကို ကိုယ့်ဟာကိုယ် ပြန်ပြီး နှလုံးသွင်းဖို့လိုတယ်။

(၄) ကိုယ်လုပ်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ကိုယ်ရဲ့ နောက်မျိုးဆက်ကလေးတွေ မျိုးဆက်သစ်ကလေးတွေ သူတို့တွေပါ ဆက်ခံရမယ်။

ကိုယ်သာ မိုက်ခဲ့တယ်၊ ကိုယ်သာ ဆိုးခဲ့တယ်၊ ကိုယ်သာ ပျက်စီးတယ်ဆိုရင်၊ ဥပမာ စီးပွားတွေ ပျက်ပြားတယ်၊ ဥပဒေတွေ ဘာတွေ ဒါမျိုးတွေနဲ့ ရင်ဆိုင်ရတယ်ဆိုရင်၊ ရန်ငြိုးတွေ ဘာတွေဖွဲ့တယ်။ ဒါမျိုးတွေ ဖြစ်ခဲ့ရင် အဲဒါကိုယ့်ရဲ့ နောက်မျိုးဆက်ကိုပါ အမွေပေးသလို ဖြစ်သွားနိင်တယ်။ အဲဒီအတွက်ကြောင့် အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ့်ရဲ့စားပုံသောက်ပုံ၊ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ၊ ဒါတွေအားလုံးကို ဆင်ခြင်မှပဲ ကိုယ့်ရဲ့အတွေးအခေါ်တွေ အယူအဆတွေ၊ အပြုအမူတွေကို ကိုယ့်ရဲ့သားသမီးတွေ ကိုယ့်ရဲ့တပည့်တွေကို ကိုယ်က ကောင်းသောအမွေ ပေးနိုင်လိမ့်မယ်။

အဲဒီအတွက်ကြောင့် မိတ်ဆွေအနေနဲ့ တခြားသူက ကိုယ့်ကို စည်းကမ်းထိန်းသိမ်းဖို့ထက် ကိုယ့်စည်းကမ်းကို ကိုယ်ထိန်းတာက “ငါတော့ ဘာလုပ်မယ်၊ ငါတော့ ဘာမလုပ်ဘူး” ဆိုတာ မှတ်ထားပြီးတော့ အဲဒီအတိုင်းပဲ ဆက်ထိန်းသွားပါ။ သင့်ဘဝက ငြိမ်းချမ်းပြီးတော့ တကယ်ကို လွတ်လပ်ပြီး ပျော်ရွင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial