အထီးကျန်တဲ့ ဦးဆောင်သူမဖြစ်သင့်တဲ့ အကြောင်းအရင်း (၄) ခု

ရည်ရွယ်ချက်ရှိတဲ့သူနဲ့ ရည်ရွယ်ချက်မရှိတဲ့သူ ကွာခြားချက် (၅) ချက်
January 6, 2021
လူတွေ ကိုယ့်စည်းကမ်း ကိုယ်မထိန်းချင်ကြတဲ့ အကြောင်းအရင်း (၃) ခု
January 9, 2021

တချို့သော စီးပွားရေး လုပ်ငန်းရှင်တွေဆိုရင် လုပ်ငန်းခွင်ထဲမှာ Team Member တွေနဲ့ အလွန်မရင်းနှီးဘူး။ ကင်းကွာနေတာမျိုးတွေ ဖြစ်နိုင်တယ်။ တစ်ချို့သော မိသားစုစီးပွားရေးလုပ်ငန်းတွေမှာဆိုရင် အဖေ၊ အမေက ဦးဆောင်ပြီး လုပ်နေရတဲ့အတွက် မိသားစုနဲ့ အဆက်ပြတ်နေတာမျိုးတွေ ဖြစ်နိုင်တယ်။ လုပ်ငန်းခွင်ထဲမှာဆိုရင်လည်း အရမ်းတော်တဲ့ စီနီယာတွေရှိတဲ့အခါမှာ သူတို့က အရမ်းတော်ပြီး အခြားသူတွေက သူတို့လောက် မသိတဲ့အခါမှာ သူတို့က အခြားသူတွေနဲ့ ကင်းကွာနေတာမျိုးတွေ ဖြစ်နေနိုင်တယ်။

အဲဒီ အခြေအနေတွေက ဖြစ်သင့်လားဆိုတော့ မဖြစ်သင့်ဘူးလို ကျွန်တော်မြင်တယ်။ ကျွန်တော်က John C. Maxwell ရဲ့ Leadership သင်ခန်းစာတွေကို မျှဝေနေတာဖြစ်တဲ့အတွက် သူ့ရဲ့ Leadership Gold ဆိုတဲ့ စာအုပ်ထဲမှာ ပါတာကို ဖော်ပြပေးချင်ပါတယ်။ အဲဒါကတော့ “ရာထူးကြီးပြီး လုပ်ငန်းရှင်တွေက အထီးကျန်နေတယ်ဆိုရင် သူလုပ်တာကိုင်တာ တစ်ခုခုမှားနေတယ်” လို့ ဆိုတယ်။ အခု ကျွန်တော် လုပ်ငန်းခွင်ထဲမှာ အထီးကျန်တဲ့သူ မဖြစ်အောင် နည်းလမ်း (၄) ခုကို မျှဝေချင်ပါတယ်။

(၁) လုပ်ငန်းခွင်က သင့်အတွက် ပျော်စရာမကောင်းဘူး။

အထီးကျန်နေတယ်ဆိုရင် အလုပ်ကို တကယ်တွန်းတွန်းတိုက်တိုက် လုပ်တဲ့အခါမှာ စိတ်ပင်ပန်းမှုတွေ ဆိုတာကတော့ ရှိမှာပဲ။ ဒါပေမယ့် သင်က လူတွေနဲ့လည်း စကားမပြောဘူး။ တစ်ယောက်ထဲ ကြိတ်ခံစားနေမယ်ဆိုရင် ကြိတ်ပြီးလုပ်နေရမယ်ဆိုရင် သင့်အတွက် လူသားဆန်တဲ့ ပျော်ရွှင်မှု ဘယ်လိုမှ မရနိုင်ဘူး။ အဲဒီတော့ သင့်အတွက် ပျော်စရာမကောင်းဘူး။

(၂) သင်နဲ့တွဲလုပ်တဲ့သူအတွက် ပျော်စရာ မကောင်းဘူး။

သင်က သူတို့နဲ့ စကားမပြောဘူး။ Information တွေလည်း မမျှဝေပေးဘူး။ သူတို့ပြောတာကိုလည်း နားမထောင်ပေးဘူးဆိုရင် သူတို့အနေနဲ့လည်း သင့်ကို နားထောင်ပေးမှာ မဟုတ်တဲ့အတွက် သူတို့ သင်နဲ့ အလုပ်တွဲလုပ်နေရတာ ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။ ဒါကို သိထားဖို့ လိုပါတယ်။

(၃) ရာထူးကြီးတိုင်း အထီးကျန်ဆန်နေဖို့ မလိုဘူး။

သင်က ရာထူးကြီးတဲ့သူဖြစ်ဖြစ်၊ လုပ်ငန်းရှင်ဖြစ်ဖြစ် သင်က သင့်ရဲ့ ရာထူးအလိုက် အနေအထိုင်၊ အပြောအဆို ဆင်ခြင်ရတယ်ဆိုတာ မှန်ပေမယ့် လူတွေနဲ့ ချစ်ချစ်ခင်ခင်မနေတာက ဘာမကောင်းဘူးလဲဆိုတော့ သူတို့ သင့်အကြောင်းကိုမသိတော့ သင်က သူတို့အပေါ်မှာ သြဇာညောင်းဖို့ မဖြစ်နိုင်သလို Influence လုပ်လို့ မရနိုင်ပါဘူး။ သင့်ကို သူတို့ဘက်က ကူညီလို့လည်း မရဘူး။ သင်ကလည်း သူတို့အကြောင်းကို မသိတဲ့အတွက် သူတို့ကိုလည်း သင်က ကူညီပေးလို့ မရနိုင်တော့ပါဘူး။ အဲဒီအတွက်ကြောင့် ရာထူးကြီးတိုင်း အထီးကျန်ဆန်နေစရာ မလိုပါဘူး။

(၄) အောင်မြင်မှု မအောင်မြင်မှုနဲ့ အထီးကျန်မှုက မဆိုင်ဘူး။

သင်က အောင်မြင်နေပေမယ့် သင့်ရဲ့ ပင်ကိုယ်စရိုက်က လူတွေနဲ့ မဆက်ဆံချင်တဲ့အခါမှာ ဒီလို အခြေအနေမျိုးတွေက လုပ်ငန်းလုပ်တဲ့အခါမှာ လူတွေနဲ့ ပူးပေါင်းလုပ်မှ ပိုပြီးတော့ အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် အထီးကျန်ဆန်ခြင်းက လုပ်ငန်းထိရောက်မှုကိုလည်း ဆိုးကျိုးသက်ရောက်နိုင်စေပါတယ်။

အထီးကျန်ရင် သင်ဟာ မပျော်ရွှင်နိုင်တော့ပါဘူး။ သင်နဲ့ လက်တွဲလုပ်တဲ့သူအတွက်လည်း အဲဒါက ပျော်စရာ မကောင်းနိုင်ပါဘူး။ ရာထူးကြီးတိုင်း အထီးကျန်စရာ မလိုပါဘူး။ ထိန်းသင့်တဲ့ နေရာမှာပဲထိန်းရင် သူတို့အတွက်ရော သင့်အတွက်ရော ပျော်စရာကောင်းနိုင်ပါတယ်။
အောင်မြင်မှု မအောင်မြင်မှုက အထီးကျန်ဆန်ခြင်းနဲ့ မဆိုင်လှပါဘူး။ အရေးကြီးတာက သင်က သင့်ရဲ့ ပင်ကိုယ်စရိုက်ကို ပြန်ပြီးစစ်ဆေးပါ။ သင်က လူတွေနဲ့ ဖော်ဖော်ရွေရွေ မနေတတ်ဘူးဆိုရင် အခုထက်ပိုပြီး ရင်းနှီးလာအောင် ကြိုးစားကြည့်ပါ။ ဒါဆိုရင် ပိုပြီးတော့ ပျော်စရာကောင်းပြီး ထိရောက်လာမယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial