သင် စိတ်ဆိုးနေတဲ့အချိန်မှာ သင့်ကိုယ်သင် ပေးသင့်တဲ့အကြံပြုချက် (၄) ချက်

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ် ရေးဆွဲတဲ့နေရာမှာ အသုံးပြုနိုင်မဲ့ အကြံပြုချက် (၅) ချက်
June 19, 2020
ဘာတွေကို အာရုံစိုက်ရမယ်ဆိုတာကို မသတ်မှတ်ထားရင် သင့်လုပ်ငန်းမှာ ကြုံရနိုင်တဲ့ အခက်ခဲ (၄) ခု
June 20, 2020

မိတ်ဆွေတွေ အားလုံး ဘယ်သူမဆို အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီးတော့ စိတ်နည်းနည်းပဲဖြစ်ဖြစ် အများကြီးပဲဖြစ်ဖြစ် စိတ်ဆိုးတတ်မယ့်သူတွေရှိမယ်ထင်ပါတယ်။ အဲဒီလိုမျိုးစိတ်ဆိုးပြီဆိုရင် ကောင်းတာလား မကောင်းတာလား။ ကျွန်တော့်အမြင်မှာတော့ မကောင်းတာလို့ ကျွန်တော်မြင်ပါတယ်။ စိတ်ဆိုးပြီဆိုရင် မကောင်းတဲ့ အကျိုးဆက်တွေဖြစ်လာမယ်၊ လူတစ်ယောက်ကို စိတ်ဆိုးတာနဲ့ပတ်သက်ပြီး Jim Rohn ပြောထားတဲ့ “လူတစ်ယောက်ကို စိတ်ဆိုးတာက ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့က အဆိပ်ရည်ကိုသောက်ပြီး သွားရင် သူများကိုသေပါစေ” လို့ ဆုတောင်းပေးတာနဲ့တူတယ်။ ဆိုလိုတဲ့သဘောက ကိုယ်က အဆိပ်ကို သောက်ပြီး တစ်ခြားသူတစ်ယောက်ကို သေပါစေလို့ ဆုတောင်းပေးနေတာ။ ကျွန်တော်တို့က ဒေါသထွက်တယ်ဆိုတာက တစ်ခြားသူကို ဒေါသထွက်ပြီး ကိုယ်ကခံနေရတာ၊ အဲဒါမျိုးပေါ့။ ကိုယ်စိတ်ဆိုးလာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် သတိပေးသင့်တဲ့အချက် အကြံပြုချက်လေး (၄) ခု ကို မျှဝေပေးမှာဖြစ်ပါတယ်။

(၁) စိတ်ဆိုးနေတဲ့ခံစားမှု မပျောက်သွားခင်မှာ လူတွေကို တစ်ခုခုပြောတာ၊ ရေးတာ၊ တုံ့ပြန်တာ၊ အပြောင်းအလဲတစ်ခုခု လုပ်တာကို ရပ်တန်းကရပ်လိုက်ပါ။ စိတ်ဆိုးနေတဲ့ခံစားချက် မပျောက်ခင် လူတွေကို တစ်ခုခုပြောတာ၊ ရေးတာ၊ တုံ့ပြန်တာ၊ ဒါမှမဟုတ်လည်း အပြောင်းအလဲတစ်ခုခုပေါ့ ၊ အလုပ်ထွက်တာတို့ ဒီလိုဟာမျိုးကို လုပ်တာ၊ ထွက်စာတင်လိုက်တာ ဒါမျိုးပေါ့ ၊ အဲဒါမျိုးတွေ အပြောင်းအလဲ တစ်ခုခု လုပ်တာမျိုးတွေ မလုပ်ပါနဲ့၊ အဲဒါမျိုးလုပ်ဖို့စဉ်းစားတာကို ရပ်တန်းကရပ်ပါ။

(၂) ကိုယ်စိတ်ဆိုးနေတဲ့အရာက ဘယ်အရာလဲဆိုတဲ့ အကြောင်းအရင်းကိုရှာပါ။ ကိုယ်စိတ်ဆိုးနေတဲ့အရာက ဘယ်အရာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာရမယ်။ လူအများစုက စိတ်ဆိုးတယ်ဆိုတာက အခြားလူကို စိတ်ဆိုးတာမဟုတ်ပဲနဲ့ များသောအားဖြင့် စိတ်ဆိုးတာက ကိုယ့်ကိုယ်ကိုယ်ဖြစ်ဖို့ များတယ်။တစ်ခြားသူကို စိတ်ဆိုးတာထက် ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတာဖြစ်ဖို့များတယ်။ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတာလဲ၊ ငါ ဒီလောက်လုပ်နိုင်လျက်သားနဲ့ ဘာဖြစ်လို့ မဖြစ်တာလဲ။ ငါ ဒီလိုမဖြစ်လို့ ငါ အပြောခံရတာ၊ အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတာက ကျွန်တော်တို့က မပြချင်တဲ့အခါကျ အဲဒီစိတ်ဆိုးတာက တစ်ခြားသူကို ပြလိုက်ရော။ အဲဒီအခါကျ များသောအားဖြင့် စိတ်ဆိုးတာက ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတာများတယ်။ ကျွန်တော်တို့ ဘယ်နယ်ပယ်နဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်နေလဲ သိအောင်ရှာပါ။ ကိုယ့်ရဲ့ဘယ်အချက်တွေကို နာလို့ စိတ်ဆိုးသွားတာလဲ သိဖို့လိုတယ်။

(၃) အားမလိုအားမရဖြစ်တဲ့အချက် အဲဒီအချက်ကို တိုးတက်သွားအောင် ငါ့အနေနဲ့ ဘာတွေလုပ်သင့်သလဲ၊ လုပ်လို့ရတဲ့ နည်းလမ်းတွေချရေးပါ။ ပြီးရင် ဆက်ရေးလို့ရတာကတော့ အဲဒီအရာတွေသာ တိုးတက်သွားမယ်ဆိုရင် ကိုယ့်ဘဝ ဘာကောင်းသွားမလဲပါ ချရေးလိုက်ပါ။ အဲဒီတော့ ကိုယ်အားမလိုအားမရဖြစ်နေတဲ့ ကဏ္ဍက ဘယ်ကဏ္ဍလဲ၊ အဲဒီဟာတိုးတက်အောင် ဘာလုပ်ရမလဲ၊ အဲဒီဟာတိုးတက်ရင် ကိုယ့်ဘဝ ဘာပြောင်းလဲသွားမလဲ၊ အဲဒါတွေရေးပါ။

(၄) နားစရာရှိနားလိုက်ပါ ၊ အိပ်စရာရှိအိပ်လိုက်ပါ။ အနာဂတ်အတွက် ပြင်ဆင်စရာရှိတာလည်း ပြင်ဆင်ပြီးပြီ၊ စိတ်ကလည်း အတိုင်းအတာတစ်ခု လျော့သွားပြီဆိုတဲ့အခါမှာ ကိုယ့်ရဲ့အနာဂတ်အတွက်ကို ပြင်ဆင်မှုတွေ အားထုတ်မှုတွေ အများကြီးလုပ်ရတော့မယ်။ အဲဒီအတွက် ကိုယ်သာအခြေအနေပေးတယ်ဆိုရင် ခဏလောက် ကိုယ်တစ်ယောက်တည်းနေပြီးတော့နားလိုက်ပါ၊ အိပ်လို့ရရင် အိပ်လိုက်ပါ။ အိပ်ရာကနိုးလာရင် ကိုယ့်အတွက် ကောင်းမွန်တဲ့ အနာဂတ်က စောင့်ကြိုနေပါတယ်။ ကိုယ့်ရဲ့အနာဂတ်အတွက် Plan ဆွဲပြီးသွားပြီ ကိုယ်က မနားလိုက်ဘူး၊ ကိုယ်တစ်ယောက်တည်း မနေလိုက်ဘူးဆိုရင် ခုနက စိတ်ညစ်နေတဲ့အခြေအနေမှာ တစ်ခုခု သွားပြီးတော့ ဆက်သွယ်မိတာတွေ ဖြစ်နေလိမ့်မယ်။ ဒါမှမဟုတ် တစ်ဖက်ကပြန်ဆက်သွယ်တာလည်း ဖြစ်နေလိမ့်မယ်၊ အဲဒီလိုမျိုးဖြစ်မယ့်အစား နားစရာရှိနားလိုက်ပါ၊ အိပ်စရာရှိ ခဏအိပ်လိုက်ပါ။ ဒါဆိုလို့ရှိရင်တော့ စိတ်ညစ်နေတဲ့အခြေအနေကနေ ကိုယ့်အတွက် အကောင်းဆုံးအခြေအနေတစ်ခုကို ဦးတည်သွားမယ်လို့ ကျွန်တော် အနေနဲ့ယုံကြည်ပါတယ်။

Naing Win Aung (MBA, UK)

Business & Executive Coach

Leadership Development Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership #Coaching

#Transformation #NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial