သင့်လုပ်ငန်းမှာ ဘာတွေကို အာရုံစိုက်မလဲဆိုတာကို သတ်မှတ်နိုင်ဖို့အတွက် သင်လုပ်ဆောင်နိုင်တဲ့ အကြံပြုချက် (၄) ခု

သင့်လုပ်ငန်းကနေ သင်မျှော်မှန်းသင့်တဲ့ ထိပ်ဆုံးက ရလဒ် (၅) ခု
June 22, 2020
ခေါင်းဆောင်တစ်ယောက်အနေနဲ့ သဘောထားမှန်ကန်စွာ ထားခဲ့ရင် ရရှိလာနိုင်မဲ့ အကျိုးကျေးဇူး (၅) ခု
June 23, 2020

လုပ်ငန်းတွေကို ဦးဆောင်တဲ့အခါမှာ ကိုယ့်ရဲ့လုပ်ငန်းထဲမှာ အဓိကကျတဲ့ နယ်ပယ်တွေရှိတယ်။ အဓိကကျတဲ့ Focus လုပ်ရမယ့် နေရာတွေရှိတယ် Key Result Area တွေရှိတယ်။ ဒီလိုမျိုးနယ်ပယ်တွေကို အာရုံစိုက်ဖို့အတွက်ကို ကျွန်တော်တို့က သတ်မှတ်ရမယ်။

ကျွန်တော်တို့ လုပ်ငန်းထဲမှာ ဘယ်ဟာ ဘယ်နယ်ပယ် အရေးကြီးလဲ ငါတို့ ဘာကို အာရုံစိုက်ကြရင် ကောင်းမလဲ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ဘယ်လိုသတ်မှတ်နိုင်ဖို့ ဘယ်လိုလုပ်မလဲ။

မသတ်မှတ် နိုင်လို့ရှိရင်တော့ အာရုံစူးစိုက်မှုမရှိဘူး။ တောင်ရောက် မြောက်ရောက် ရောက်နေမယ်။
အလုပ်တွေမပြီးဘူး Result တွေမထွက်ဘူး။ လုပ်ငန်းရဲ့ အောင်မြင်မှုကို တိုင်းတာဖိုကလဲ အင်မတန်ခက်တယ်။ ဝန်ထမ်းတွေကလဲ အဝင်အထွက်တွေ များလာရင် စိတ်ဓာတ်ကျလာနိုင်တယ်။ စိတ်ဓာတ်ကျပြီဆိုရင် ဝန်ထမ်းတွေ ထွက်သွားတာတွေ လူကောင်းတွေ ဆုံးရှုံးနိုင်တာတွေ ဖြစ်နိုင်တယ်။

အဲဒီလိုမျိုး မဖြစ်ဖို့ဆိုရင် ကျွန်တော်တို့ လုပ်ငန်းထဲမှာ ငါတို့ ဘာတွေတော့ အာရုံစိုက်မလည်းဆိုတဲ့ Objective ပေါ့။ ရည်ရွယ်ချက် သေသေချာချာ သပ်မှတ်ဖို့လိုတယ်။ အဲဒီလိုမသတ်မှတ်ဘူး ဆိုရင် ခုနက အရှေ့မှာပြောခဲ့တဲ့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်။ အဲ့လိုမျိုး သတ်မှတ်တော့မယ်ဆိုရင် သတ်မှတ်နိုင်ဖို့အတွက ်အကြံပြုချက် (၄) ခုမျှဝေချင်ပါတယ်။

(၁) လုပ်ငန်းတူတွေကို လေ့လာပါ

Competitor တွေသူတို့ ဘယ်နေရာတွေမှာ ကောင်းကြလည်း။ ဈေးဝယ်တဲ့သူတွေက ကိုယ့်ဆီက မဝယ်ဘဲ သူ့ဆီမှာသွားဝယ်နေရင် ဘာကြောင့် သွားဝယ်ကြတာလည်း။ သူတို့ ဘယ်နေရာတွေမှာ သာနေကြတာလည်း။ ကျွန်တော်တို့ လေ့လာသင့်တယ်။

သူတို့သာနေပြီးတော့ ကိုယ့်မှာက အင်မတန် အားနည်းနေတဲ့ နေရာက ကိုယ်ပြင်သင့်တဲ့ နေရာဆိုရင် ပြင်ရမှာပေါ့။ တချို့ မဆိုင်တဲ့ဟာဆိုရင် လိုက်ပြိုင်စရာမလိုဘူး။ အရေးကြီးတာ လုပ်ငန်းတူတွေကို လေ့လာပါ။

(၂) အင်တာနက် ကနေပြီးတော့ ကိုယ့်နဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေရှာပါ။

အင်တာနက်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံဆိုတာ အင်မတန် အဖက်ဖက်မှာ နောက်ကျနေတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ နိုင်ငံတကာမှာ ကိုယ့်ရဲ့ကဏ္ဍနဲ့ ပက်သက်ပြီး ရှေ့ကို အင်မတန် ရောက်နေတဲ့ လုပ်ငန်း အဖွဲ့အစည်းတွေ ၊အသိပညာရှင်တွေ ရှိနိုင်တယ်။

သူတို့ရဲ့ ရေးထားတဲ့ ဆောင်းပါးလေးတွေ ရှာဖတ်မယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းမှာ ဘာတွေကိုတော့ အဓိက တိုးတက်အောင် လုပ်သင့်တယ်ဆိုတဲ့ ဟာမျိုး ဒါမျိုး Idea လေးတွေ ရနိုင်တယ်။ အဲဒီအတွက်ကြောင့် အင်တာနက်ကနေပြီး ဆောင်းပါးတေ ွရှာဖတ်ပါ၊ Movieတွေ ကြည့်ကြည့်ပါ။

(၃) ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ တိုင်ပင်ပါ။

အင်မတန်ခက်ခဲတဲ့ ပြဿနာတွေက တခါတလေမှာ ကိုယ့်ရဲ့ လက်အောက်မှာရှိတဲ့ အငယ်ဆုံး ဝန်ထမ်းလေးဆီက ရနိုင်တယ်။ အောက်ဆုံး အရောက်ဆုံး ဝန်ထမ်းလေးဆီမှာ ရှိနိုင်တယ်။
ကိုယ်ကမသိဖူး လုပ်ငန်းခွင်မှာ လုပ်နေရတဲ့ ဝန်ထမ်းတွေ ၊ Front Line Supervisor တွေ သူတို့တွေက အများကြီးသိနိုင်တယ်။ သူတို့တွေကို ကိုယ်က တိုင်ပင်မယ်ဆိုရင် ကိုယ်က အင်မတန် စဉ်းစားရခက်ပြီးတော့ ဈေးကြီးပေးပြီး Consultant တွေနဲ့ သွားတိုင်ပင်ရမယ့် အဖြေက ကိုယ့်ရဲ့ လစာအများကြီး မပေးရတဲ့ ဝန်ထမ်းဆီမှာရှိနိုင်တယ်။

အဲဒီအခါကျတော့ ကိုယ်ရဲ့ ဝန်ထမ်းတွေကို အသိအမှတ်ပြုပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သူတို့နဲ့ တိုင်ပင်ပါ။ ဒါအရေးကြီးတယ်။ အဲတော့ သူတို့ကလည်း ကိုယ့်ကို ပြန်ပြီး ကျေးဇူးတင်မယ်။

(၄) ကိုယ့်ရဲ့ ဖောက်သည်တွေ ကိုယ့်ရဲ့ Customer တွေကိုမေးပါ။

ကိုယ့်ရဲ့ Customer တွေဆီသွားပြီးတော့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုနဲ့ ပက်သက်ပြီး ဘယ်လိုမြင်လည်း ကျွန်တော်တို့်အနေနဲ့ လက်ရှိထက် ပိုပြီးတိုးတက်လာအောင် အနည်းဆုံးတစ်ချက် နှစ်ချက်လောက် ပြုပြင်ပေးနိုင်မယ်ဆိုရင် ဘယ်အချက်ကို ပြုပြင်ချင်လည်း သူတို့ကိုမေး Customer Feedback တွေ မေးလို့ရတယ်။

ဒီလိုမျိုးသာ မေးမယ်ဆိုရင် သူတို့အနေနဲ့ ကိုယ့်ကိုယ် ပြောပြလိမ့်မယ်။ Customer တွေ အားလုံးမှာ ဘာရှိလည်းဆိုတော့ Complain ရှိတယ်။ Customer တွေ Complain လုပ်ရမှာ သူတို့အလုပ်ပဲ။

သူတို့ ကိုယ့်ဆီက ဆက်ပြီးဝယ်နေတာ သူတို့ကိုယ့်ကို သဘောကျနေတာ။ ကိုယ်က သူတို့ကို ကိုယ်ပြင်စရာရှိတဲ့ အချက်တွေ မေးလိုက်ပြီဆိုရင် သူတို့ကိုယ့်ကို အခုထက်ပိုပြီး သဘောကြပြီး ဝယ်ကြအုံးမယ်။

သူတို့ပြောတဲ့ အချက်လေးတွေ နားထောင် ခုနပြောတဲ့ လုပ်ငန်းတွေကို လေ့လာမယ်။ အင်တာနက်ကနေ လေ့လာမယ် ပြီးတော့ ကိုယ့်ရဲ့ ဝန်ထမ်းတွေနဲ့ တိုင်ပင်မယ် ၊ကိုယ့်ရဲ့ Customerတွေ နဲ့တိုင်ပင်မယ်။

သူတို့ပြောတဲ့ အချက်တွေအားလုံးကို စုစည်းပြီးသွားရင် ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ ဆိုတော့ ကိုယ့်ရဲ့လုပ်ငန်းမှာ ငါတော့ ဘယ်နယ်ပယ်တွေ တိုးတက်အောင် လုပ်ရမလဲ ဘယ်ဟာကိုတော့ ငါတို့အာရုံစိုက်ရ မလဲဆိုတာနဲ့ ပက်သက်ပြီးတော့ အများကြီး နီးစပ်တဲ့ အဖြေမှန်တွေ ရလာမယ်လို့ ထင်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial