သင့်လုပ်ငန်း သာမန်အဆင့်က တက်ဖို့လုပ်သင့်တဲ့ အရာ (၃) ခု ကို

လုပ်ငန်းခွင်မှာ ပိုထိရောက်ဖို့ လုပ်ပိုင်ခွင့် ရချင်သူများအတွက်
December 18, 2020
သင့်အဖွဲ့သားတွေ အရောင်းကောင်းတာကို လိုချင်ရင် ဦးဆောင်သူတွေ သင်ပြပေးသင့်တဲ့အရာ (၄)ခု
December 27, 2020

(၁) အကုန်လုပ်ချင်တာကို ရပ်ရမယ်။
ဒါက ဘာလဲဆိုရင် အခွင့်အလမ်းကို ရှာဖွေတဲ့သူတွေ Motivation ရှိတဲ့သူတွေ အတွက် နေရာတကာမှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ အဲဒီ အခွင့်အလမ်းတွေကို တွေ့တော့ လိုချင်လာရော အဲဒီတော့ ဟိုဟာလည်း လက်ခံလိုက် ဒီဟာလည်း လက်ခံလိုက် ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ဖြစ်နေတဲ့အခါမှာ အဲဒီအခါမှာ တစ်မျိုးပြီးတစ်မျိုး ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ဖြစ်နေတဲ့ အတွက်ကြောင့် လုပ်စရာတွေက များလာပြီး သူဘာတွေကို လုပ်လို့လုပ်မှန်း မသိတော့ဘူး။ သူဘာကို ကျွမ်းကျင်မှန်း မသိတော့ဘူး။ အဲဒီအခါမှာ အာရုံစူးစိုက်မှုမရှိ ဗျာများတာမျိုးတွေ ဖြစ်တတ်ပြီး ကိုယ်နဲ့ ဆက်ဆံနေရတဲ့ ကိုယ့်ရဲ့ Customer တွေကလည်း ကိုယ်ဘာကို ကျွမ်းကျင်မှန်း မသိဘူး ဖြစ်သွားနိုင်တယ်။
(၂) အာရုံစူးစိုက်မှု ရှိရမယ်။
အကုန်လုပ်ချင်တာကို ရပ်ပြီးရင် ကိုယ်ဘာကို လုပ်ချင်တာလဲ။ ကိုယ့်ရဲ့ဦးစားပေး (၁) ကဘာလဲ၊ ဦးစားပေး (၂) ကဘာလဲ သတ်မှတ်ပါ။ ဆိုလိုတဲ့ သဘောက ကိုယ်ဘာကို အဓိက ထုတ်ဖော်မှာလည်း ကိုယ်ဘယ်ပညာရပ်ကို အဓိကထားပြီး လေ့လာမှာလဲ။ ဒါမျိုး ကျွန်တော်တို့ လုပ်ရမယ်။ အဲဒီလိုမျိုး မလုပ်ဘဲနဲ့ဆိုရင် လူတစ်ယောက်က အာရုံစူးစိုက်မှု မရှိရင် ရောက်သင့်သလောက် မရောက်ဘူး။ နေရာတိုင်းမှာ သာမန်ပဲ ဖြစ်နေလိမ့်မယ်။ ကျွန်တော် အရင်ကလည်း ပြောဖူးပါတယ် လူတွေက သာမန်ကို ပိုက်ဆံပေးပြီး မဝယ်ချင်ကြဘူး။ သာမန်ကို ပိုက်ဆံများများ ပေးချင်စိတ် မရှိဘူး။ လူတွေက တကယ် လန်ထွက်နေတာတွေကိုပဲ ပိုက်ဆံများများ ပေးချင်တာ။ လန်ထွက်နေဖို့ဆိုရင်လည်း တစ်ခြားသူတွေ တကယ်ကို ဈေးကြီးလိုက်တာလို့ မြင်နေတဲ့အချိန်မှာ ကိုယ့်ကိုယ် အားပေးသွားတာမျိုး ဖြစ်နိုင်တယ်။ သောင်းပြောင်း လျောက်လုပ်နေတာ မဟုတ်ဘဲ Focus လေးနဲ့ သေချာ ဘာကို အာရုံစိုက်ပြီး လုပ်မလည်း ဆိုတာကို ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်။
(၃) နယ်ပယ်တစ်ခုမှာ ပေါက်ဖို့လိုတယ်။
ကိုယ်က နယ်ပယ်အားလုံးမှာ ထူးချွန်ချင်မှ ထူးချွန်လိမ့်မယ်။ ကျွန်တော့်အမြင်မှာ အရာအားလုံးမှာ ထူးချွန်နေဖို့ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စဘဲ။ ကိုယ်က နယ်ပယ်တစ်ခုခုမှာတော့ ကမ္ဘာ့အဆင့် ဖြစ်ဖို့လိုတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒီကိုတော့ သွားရမယ်။ ဒီကုမ္ပဏီ ဒီလူဆီသွားရမယ်။ ဒီပုဂ္ဂိုလ်က ကျွမ်းတယ်။ သူများတွေက ကိုယ့်ကိုယ် ယှဉ်လို့ မရအောင် ဖြစ်နေရမယ်။ ဒီကုမ္ပဏီက အခြားဟာတွေနဲ့ယှဉ်ရင် အရည်အသွေး သိပ်ကောင်းတာပဲ။ အဲဒီလို ပေါက်နေရမယ်။ အဲဒီလို ပေါက်နေပြီဆိုရင် Client တွေက ကုန်ပစ္စည်းတွေ ဝယ်မယ်ဆိုရင် ကိုယ့်ကိုယ်ပဲ မြင်မယ်ဆိုရင် ဒီလိုမျိုး လုပ်ထားရင် အဆင်ပြေတယ်။
အဲဒီလိုပဲ ဝန်ထမ်းတွေ ဆိုရင်လည်း အထက်လူကြီးက အလုပ်တစ်ခုအတွက် အကူအညီလိုမယ်ဆိုရင် ကိုယ့်နာမည်ကို တန်းပြီးသတိရလာအောင် ကိုယ်က လုပ်ထားနိုင်မယ်ဆိုရင် ကိုယ့်လုပ်ငန်းက သာမန်အဆင့် မဟုတ်ဘဲနဲ့ လန်ထွက်နေတဲ့ လုပ်ငန်း ဖြစ်လာပါလိမ့်မယ်။ ဒီအချက်လေးတွေက ဒီမှာရှိတဲ့ မိတ်ဆွေတွေအတွက် လုပ်ငန်းကို သာမန်အဆင့်က တက်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။
Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial