သင့်ရဲ့စိတ်နေသဘောထားကို ပြောင်းလဲနိုင်ချင်တယ်ဆိုရင်

ထိရောက်မှုရှိတဲ့ ဦးဆောင်သူ တစ်ယောက်ဖြစ်ဖို့ အရေးကြီးတဲ့အရာ (၁) ခု
August 5, 2020
လုပ်ငန်းကို ဆနဲ့ချီပြီး တိုးတက်ဖို့အတွက် လုပ်ငန်းရှင်တွေ သတိမထားမိတဲ့ လျှို့ဝှက်ချက် ၄ ချက်
August 7, 2020

သင့်ရဲ့စိတ်နေသဘောထားကို ပြောင်းလဲနိုင်ချင်တယ်ဆိုရင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
လူတစ်ယောက်မှာရှိတဲ့ စိတ်နေသဘောထားဟာ ပြင်လို့မရဘူးလားဆိုပြီးတော့ တစ်ချို့လူတွေ ထင်တတ်ကြတယ်။ ကျွန်တော့် အမြင်မှာတော့ အဲဒါကမမှန်ဘူး။ ဘာလို့လဲဆိုတော့ စိတ်နေသဘောထားဆိုတာ လူတစ်ယောက်ရဲ့ ရွေးချယ်မူနဲ့ဆိုင်တယ်။ အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့ တစ်ခုရှိတာက ကျွန်တော်တို့က နယ်ပယ်တစ်ခုခုမှာ ဦးဆောင်နေရတယ်။ ကျွန်တော်တို့မှာ ရာထူးရှိတယ်။ ကျွန်တော်တို့ လက်အောက်မှာ လူတွေရှိတယ်။ အဲဒီအခါမှာ ကျွန်တော်တို့က ကျွန်တော်တို့ လက်အောက်က အငယ်တွေမှာရှိတဲ့လူတွေရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲဖို့ဆိုရင် ကျွန်တော်တို့က စပြောင်းလို့ရတယ်။
ကျွန်တော်တို့က ဒီအဖြစ်အပျက်လေးတွေ အတွေ့အကြုံလေးတွေ ကျွန်တော်တို့ မျှဝေလို့ရတယ်။ သင်ပေးလို့ရတယ်။ ဒါပေမယ့် သူပြောင်းလဲဖို့ကိုတော့ ကျွန်တော်တို့က သွားရွေးချယ်လို့ မရဘူး။ ကျွန်တော်တို့က ကိုယ့်စိတ်နေသဘောထားကို ပိုပိုပြီးတော့ ကောင်းလာအောင် ကျွန်တော်တို့ ရွေးချယ်လို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လက်အောက်ကလူတွေ သူတို့တွေကို ကျွန်တော်တို့က သူတို့ပြောင်းလဲလို့ရအောင် ကူညီပေးလို့ပဲရတယ်။ ဒါပေမယ့် တကယ်ပြောင်းလဲဖို့တာဝန်ကတော့ သူတို့ဆီမှာပဲရှိတယ်။
လူတစ်ယောက်က လက်ရှိအချိန်မှာ ဘယ်လိုအခြေအနေမျိုးမှာမဆို သူ့အနေနဲ့ လက်တွေ့ မွေးမြူရာကနေ လက်တွေ့ Possitive သူပြောင်းဖို့ သူ့မှာဒီအခွင့်အလမ်းတွေ ပိုပြီးတော့ ပွင့်လာမယ်။ ဘာလို့လဲဆိုတော့ သူ့မှာက အခြေအနေတစ်ခုမှာ ဘယ်လိုအခက်အခဲတွေ ရှိမလဲဆိုတာထက်ကို သူ့မှာအခွင့်အလမ်းကို ပိုပြီးတော့ကြည့်လိမ့်မယ်။ အဲဒီအတွက်ကြောင့် အဲဒီအခွင့်အလမ်းကို ရအောင်လုပ်နိုင်မယ့် နည်းလမ်းတွေကိုလည်း သူဆက်ပြီးတော့ ရှာဖွေလိမ့်မယ်။
အဲဒီတော့ ရှာဖွေပြီဆိုရင် တွေ့မှာပဲ။ တစ်ချို့တွေက မကောင်းတဲ့ နည်းလမ်းတွေပဲ ကြည့်မယ်။ မကောင်းတာကြည့်ရင် မကောင်းတာပဲ ပိုပိုပြီးတွေ့လာမယ်။ ကောင်းတာတွေ ကြည့်မယ်ဆိုရင် ကောင်းတာတွေကိုပဲ ကျွန်တော်တို့က အလိုလိုနေရင်းနဲ့ ထွက်လာမယ်။ ပိုပြီးတွေ့လာမယ်။ အဲဒီတော့ ကိုယ့်ကိုယ် ကူညီပေးနိုင်မယ့်သူတွေ တွေ့လာမယ်။ကျွန်တော်တို့ကို နောက်တစ်ဆင့် ပို့ပေးနိုင်မယ့် အခွင့်အလမ်းတွေ ကျွန်တော်တို့ ပိုပြီးမြင်လာမယ်။ အဲဒီအခါမှာ ကျွန်တော်တို့ ဘာဖြစ်လာမလဲ၊ ကျွန်တော်တို့ နောက်တစ်ဆင့်သွားဖို့အတွက် အလားအလာတွေ ပိုပြီးတော့ ရှိလာကြမယ်။
အဲဒီတော့ ကျွန်တော်တို့ လုပ်ရမှာဘာလဲ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မွေးမြူဖို့ ကျွန်တော်တို့ရွေးချယ်ပါ။ ဆုံးဖြတ်ပါ။ ပြီးရင် လူတွေရဲ့အကျိုးအတွက်ကို ကျွန်တော်တို့ ဘယ်လိုမျိုး ပိုပြီးတော့ ကူညီပေးနိုင်မလဲ။ အဲဒါလေးတွေကို ကျွန်တော်တို့အနေနဲ့ စဉ်းစားဖို့လိုတယ်။ ဆိုလိုတဲ့သဘောက ကျွန်တော်တို့က စိတ်နေသဘောထားကောင်းအောင် လုပ်တယ် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်တယ်။ အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်ပဲ တိုးတက်အောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်ကလူတွေက ကျွန်တော်တို့ကို ဘယ်လိုမှ ဦးဆောင်တဲ့လူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံလို့ ရမှာမဟုတ်ဘူး။
လူတစ်ယောက်ကို ကျန်တဲ့သူတွေက သူ့ကို Leader တစ်ယောက် အနေနဲ့ အသိအမှတ်ပြုလာဖို့ဆိုရင် ကိုယ့်ရဲ့စိတ်နေသဘောထားက မှန်ကန်ဖို့လိုတယ်။ သူကအခြားသူတွေကို ကူညီချင်တဲ့ စိတ်လည်းရှိတယ် အဲဒါကြောင့် ကိုယ့်ရဲ့စိတ်နေသဘောထားက အကောင်းဘက်ကို ညွတ်နေသလား ပြီးရင် ကိုယ့်အကျိုးကို သိပ်ပြီးကြည့်နေတာလား အများအကျိုးကို ကိုယ့်မှာ ကြည့်ချင်စိတ်ရှိရဲ့လား။ ဒါလေးကို ကိုယ့်အနေနဲ့ စဉ်းစားဖို့လိုတယ်။ အဲဒါကြောင့် နေ့တိုင်းနေ့တိုင်းမှာ ကိုယ့်ရဲ့စိတ်နေသဘောထားကို ပြန်ပြီးသုံးသပ်ဖို့လိုတယ်။ သုံးသပ်ပြီးသွားပြီဆိုရင် ကိုယ်ကမကောင်းတဲ့ဘက်ကို ယိုင်နေလား ကောင်းတဲ့ဘက်ကို ယိုင်နေလား။
အဲဒီတော့ ဘယ်နေရာလေးတွေမှာဆိုရင် ကိုယ်မကောင်းတဲ့ စိတ်အခံလေးတွေ ပေါ်လာတတ်တယ်။ အဲဒါလေးတွေကို ကိုယ်ကလိုက်လိုက် လိုက်လိုက်ပြီးတော့ ကိုယ်ကအသိစိတ်လေးတွေကို လိုက်လိုက်ကန့်သွားရမယ်။ လိုက်လိုက်သိသွားပြီဆိုရင် ငါက ငါ့စိတ်သဘောထား မကောင်းတဲ့ဘက်ကို ရောက်နေပါ့လား သိသွားတယ်ဆို ကျွန်တော်တို့ပြင်လို့ရတယ်။ အဲဒီလိုမျိုး ပြင်ရင်းပြင်ရင်းနဲ့ မကောင်းတဲ့စိတ်တွေက လျော့လျော့လာပြီးတော့ ကောင်းတဲ့စိတ်တွေ တိုးတိုးလာလိမ့်မယ်။
အဲဒီတော့ ဖြည်းဖြည်းချင်း တိုးတက်လာလိမ့်မယ်။ အဲဒါကို ကိုယ်က အချိန်နည်းနည်း အချိန်အတိုင်းအတာတစ်ခု ရောက်လာပြီဆိုရင် သေသေချာချာလေး သိကောင်းသိလာလိမ့်မယ်။ အဲဒီတော့ လူတစ်ယောက် ကောင်းမွန်တဲ့ စိတ်နေသဘောထားရှိတာ သူ့အတွက်ကြည့်ပဲလည်း မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်အတွက် သူနဲ့ထိတွေ့ရသူအားလုံးအတွက် အကျိုးရှိလာလိမ့်မယ်။ အဲဒါကြောင့် ကြိုးစားကြည့်ပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial