သင့်ဘဝရဲ့ ကဏ္ဍအသီးသီးကို တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ

သင်သာပျော်ရွှင်ချင်တယ်ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိမယ်လို့ ထင်လဲ
August 14, 2020
သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မြင့်တင်ဖို့ အရေးကြီးတဲ့အရာ အပိုင်း(၁)
August 14, 2020

သင့်ဘဝရဲ့ ကဏ္ဍအသီးသီးကို တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကိုယ့်ဘဝကို ကိုယ်ဘယ်လိုမြင်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်မယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ TLJ သုံးရက်သင်တန်း အဲဒီလို သင်တန်းတွေမှာတော့ အဓိက Highlight လုပ်တာကတော့ Wheel of Life ဆိုတာရှိတာမျိုးတွေပြောတယ်။ Wheel of Life ဆိုတာ ဘဝစက်ဝိုင်းပေါ့ အဲဒီမှာ ဘယ်လိုဟာမျိုးလေးတွေပါလဲ ကိုယ့်ရဲ့ မိသားစုအခြေနေ ကိုယ့်ရဲ့ခံစားမှုအခြေနေ ကိုယ့်ရဲ့ပညာရေး၊ ကိုယ့်ရဲ့ ဝင်ငွေ ၊ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ၊ ကိုယ့်ရဲ့ဘာသာရေး ဘယ်လောက်လုပ်လဲ ကျန်းမာရေးဘယ်လိုရှိလဲ မိတ်ဆွေအသိုင်းဝိုင်း ဘယ်လိုရှိလဲ။ ဘဝမှာ နယ်ပယ်အသီးသီးတွေရှိတယ်။

ဆိုလိုတဲ့သဘောက သူတို့ဘဝမှာ ဘယ်နယ်ပယ်မှာ ကိုယ်ပျော်သလဲ ဘယ်နယ်ပယ်မှာ ကိုယ်မပျော်ဘူးလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ။ အဲဒီတော့ ကျွန်တော်တို့ ပျော်တဲ့နယ်ပယ်မှာ ကျွန်တော်တို့ ဘာသွားတွေ့နိုင်လဲဆိုတော့ ကွန်တော်တို့ရဲ့ စံနှုန်းတွေ ဒီနေရာမှာတော့ ဒီလိုဖြစ်သင့်တယ်လို့ ကျွန်တော်တို့ထင်တယ်။ အဲဒီအခြေနေမှာ ကျွန်တော်တို့ စံနှုန်းအတိုင်း တကယ်ဖြစ်နေတာ ကိုက်ညီရင် အဲဒီအခါမှာ ကျွန်တော်တို့ပျော်တယ်။

အဲဒီအတိုင်းပဲ တစ်ချို့ ကျွန်တော်တို့ မပျော်တဲ့နေရာတွေ ဘယ်နေရာတွေရှိလဲ စဉ်းစားကြည့်ပါ။ မပျော်တဲ့နေရာမှာ ကျွန်တော်တို့ စံနှုန်းနဲ့ ဖြစ်နေတာနဲ့ မကိုက်တာ ကျွန်တော်တို့ သွားတွေ့ရမယ်။ အဲဒီအခါမှာ ကျွန်တော်တို့ မပျော်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ ရွေးချယ်စရာတွေရှိတယ် ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ရဲ့ စံနှုန်းက ဒါတွေရှိတယ်ဆိုရင် ကျွန်တော်တို့ အဲဒီအတိုင်း အဲဒီလိုဖြစ်မှ ပျော်မယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ ကျွန်တော်တို့ရဲ့ အခြေနေကို အဲဒီအတိုင်း ဖြစ်လာအောင် ကျွန်တော်တို့ လိုက်ပြီးပြင်ယူရမယ်။

အခြေနေနဲ့ ကျွန်တော်တို့ဖြစ်ချင်တဲ့ ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့ တူသွားပြီဆိုရင် ပျော်ရွှင်လာမယ်။ ဒါက အခြေနေတစ်မျိုး တစ်ခါတစ်လေမှာ ကျွန်တော်တို့ ဖြစ်ချင်တဲ့အတိုင်း ကျွန်တော်တို့ အရာအားလုံးက မဖြစ်နိုင်ဘူး။ ဆိုလိုတဲ့သဘောက လင်မယားနှစ်ယောက်ရှိတယ် အမျိုးသမီးက သူတို့က ကလေးလိုချင်တယ်။ ကလေးရှိမှ သူတို့အိမ်ထောင်ရေး သာယာမယ်လို့ သူတို့မြင်တယ်။ အဲဒီတော့ ကလေးရဖို့အတွက် အဖြေရှာတယ်။ မရနိုင်ဘူး မရနိုင်တဲ့အခါမှာ ရွေးချယ်စရာက ဘယ်လိုဖြစ်မလဲဆိုတော့ အပြင်ကနေ ကလေးမွေးစားမလား တခြားဘာနည်းရှိအုံးမလဲ။

ဆိုလိုတဲ့သဘောက မွေးစားတာလဲ မလုပ်ဘူးချင်ဘူးဆိုရင် နည်းလမ်းက တော်တော်လေးကုန်နေပြီ။ အဲဒီအခါမှာ ဘာလုပ်ရမလဲဆိုတော့ အစောက ကျွန်တော်တို့ရဲ့ စံနှုန်းပေါ့ စံနှုန်းကို ကျွန်တော်တို့ ပြန်ပြီးပြောင်းယူလို့ရတယ်။ တနည်းပြောရင် ဘယ်လိုလဲဆိုတော့ သူက ခုနတုန်းကပြောတယ် အိမ်ထောင်ရေး သာယာဖို့ဆိုရင် သားသမီးတွေ ရှိဖို့လိုတယ်။ ဒီလိုမျိုးစဉ်းစားတယ်။ ဒါပေမဲ့ တစ်ဖက်မှာ သားသမီး တွေ ဘာတွေမရှိဘဲနဲ့ သာယာနေတဲ့ အိမ်ထောင်ရေးတွေ လင်မယား စုံတွဲတွေ အဲဒါတွေကို ပတ်ဝန်းကျင်မှာ ရှာကြည့်မယ်ဆိုရင် ရှိနိုင်တယ်။

အဲဒီအခါကျတော့ ကျွန်တော်တို့ အဓိပ္ပာယ်ပြောင်းရမယ်။ အဓိပ္ပာယ် ဘယ်လိုပြောင်းလို့ရလဲဆိုရင် မိသားစုတစ်ခုက ဒါမှမဟုတ် အိမ်ထောင်ရေးတစ်ခုက သားသမီးတွေမရှိဘဲနဲ့ သူနဲ့ကိုယ်နဲ့ အပြန်အလှန် နားလည်မှုသာ တည်ဆောက်နိုင်ရင် သာသာယာယာ ဖြတ်သန်းနိုင်တယ်။ အဲဒီတော့ အဓိပ္ပာယ်ကဘာလဲ ကျွန်တော်တို့ လောကကြီးမှာ ဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တွေက အများကြီးရှိတယ်။ ကျွန်တော်တို့ ကြိုးစားနိုင်တယ်ဆိုရင် မရရအောင်ချ။ ကြိုးစားလို့မရဘူးဆိုရင် အဲဒီအခြေနေနဲ့ ထွက်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အဓိပ္ပာယ်ကို ပြောင်းလိုက်မယ်ဆိုရင် ရင်ထဲမှာ ငြိမ်းချမ်းမှုတွေ အေးချမ်းမှုတွေ ရလာလိမ့်မယ်။

အဲဒါကြောင့် ကိုယ်ရဲ့ မကောင်းတဲ့ စိတ်နေသဘောထားတွေ အမှုအကျင့်တွေက ဘာတွေလဲ။ ဘယ်နေရာတွေမှာ ကိုယ်မကောင်းတဲ့ အတွေးတွေ တွေးတတ်လဲ ဘယ်နေရာမှာ ကိုယ့်ရဲ့ Thinking တွေက မှားနေတတ်လဲ။ ကိုယ်ဘဝရဲ့ ဘယ်နေရာတွေမှာ မှားနေလဲ အဲဒီအတွေးတွေကို ပြုပြင်နိုင်ဖို့အတွက် ကျွန်တော်တို့ ဘာလုပ်ရင်ကောင်းမလဲ အဲဒါလေးတွေ ကျွန်တော်တို့ စဉ်းစားကြည့်ပါ။ စဉ်းစားကြည့်ပြီးသွားရင် ကိုယ်ပြင်နိုင်တဲ့ နေရာကနေ စပြီးပြင်ကြည့်ပါ။ ပြင်ရင်ပြင်ရင်းနဲ့ ဒီလိုမျိုး ပြုပြင်ရင်းနဲ့ ကောင်းတဲ့ဘဝကို ပြောင်းယူတာက အလေ့ကျင့် ရလာပါလိမ့်မယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial