သင့်ထုတ်ကုန်၊ ဝန်ဆောင်မှုက လုပ်ငန်းတူတွေနဲ့ တူနေရင် ရလာနိုင်တဲ့ ဆိုးကျိုး (၄) ခု

သင့်လုပ်ငန်းကို လုပ်ငန်းသေးသေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာသင့်တဲ့ အကြောင်းအရင်း (၅) ခု
December 5, 2020
ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြုံလာရတဲ့ အခက်အခဲတွေအပေါ် သင့်အမြင်ရဲ့ အရေးပါပုံ (၄) မျိုး
December 7, 2020

(၁) သင့်ဆီကို ဘယ်သူမှ တကူးတက လာဝယ်နေမှာ မဟုတ်ဘူး။

တကယ်လို့ ကိုယ့်ရဲ့ထုတ်ကုန်က ပြိုင်ဘက်တွေနဲ့ တူနေရင် ဘယ်သူမှ တကူးတက လာဝယ်နေမှာ မဟုတ်ပါဘူး။ ထုတ်ကုန်က အရည်အသွေးရော၊ Brand ပါတူနေတယ်ဆိုရင် ဘာလို့ ကိုယ့်ဆီကို တကူးတက လာဝယ်နေတော့မှာလဲ။ အရင်က Client ညီမတစ်ယောက်ကို ဒီအကြောင်းလေး တကူးတက ပြောပြတော့ သူ့အနေနဲ့ တော်တော်လေးသတိထားမိသွားပြီး တော်တော်လေးကြိုးစားလာတယ်။ ဆိုလိုချင်တာက ဟိုဖက်ဘေးဆိုင်က ကွမ်းယာရောင်းသလို ဒီဖက်ကလည်း ကွမ်းယာရောင်းနေပြီး အဲဒီ ၂ ဆိုင်လုံးမှာ တစ်ဆိုင်က လန်ဒန်စီးကရက်ဆို နောက်တစ်ဆိုင်ကလည်း လန်ဒန်စီးကရက်ပဲ ရောင်းနေမယ်။ ၂ ဆိုင်လုံးက တူရာတွေပဲ ရောင်းနေတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ Differentiate လုပ်လို့ရတာ Customer Service ပဲကျန်ပါတော့တယ်။ ချိုချိုသာသာပြောသလား၊ မပြောသလား ဒါပဲရှိပါတော့တယ်။ ဆိုလိုတာက တူနေရင် ဘယ်သူမှ တကူးတက လာမဝယ်တော့ဘူး။ ဒါကြောင့် တတ်နိုင်သလောက် ကိုယ်ရောင်းတဲ့ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေက ကိုယ်နဲ့တူတဲ့သူ လုံးဝမရှိလေကောင်းလေပါပဲ။ ရှိနေရင်လည်း ကိုယ်က ပိုပြီးတော့ သာနေအောင်လည်း လုပ်ထားဖို့သလို သာနေတယ်ဆိုတာလည်း လူတွေသိဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ တူနေတယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး။

(၂) သင်ဈေးမြင့်မြင့်နဲ့ ရောင်းလို့ မရနိုင်ဘူး။

တကယ်လို့ ကိုယ်နဲ့တခြားသူတွေနဲ့ တူနေရင် ဈေးမြင့်မြင့်နဲ့ တင်ရောင်းလို့ရမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ အနေနဲ့ Profit ရတယ်ဆိုတာ ဥပမာ – ဈေးပေါတဲ့ပစ္စည်းကို အရည်အတွက်အများကြီးရောင်းတာလား၊ ဒါမှမဟုတ် ဈေးကြီးတဲ့ ပစ္စည်းကို လူနည်းနည်းကို ရောင်းတာလားဆိုတဲ့ အပေါ်ကနေ အမြတ် တော်တော်ရနိုင်တာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ရဲ့ ပစ္စည်းက တခြားသူတွေနဲ့တူနေရင် ဘယ်လိုမှ ဈေးတင်ရောင်းလို့ရမှာ မဟုတ်ဘူး။ ဈေးတင်ရောင်းရင်လည်း သိသာနေတော့ ကိုယ့်ဆီကို လူတွေလာဝယ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဈေးမြင့်မြင့်နဲ့ ရောင်းလို့ မရဘူး။

(၃) ပြိုင်ဆိုင်နိုင်စွမ်း ကျလာလိမ့်မယ်။

အခုနတုန်းက အချက်တွေက ပြိုင်ဆိုင်နိုင်စွမ်းကျဖို့ ဦးတည်နေပါတယ်။ ကျွန်တော်ပြောချင်တာက သူနဲ့ ကိုယ်က အတူတူပဲဆိုရင် ကိုယ်က ဘာမှ အရေးမပါဘူး၊ ဒါဆိုရင် ကိုယ့်လုပ်ငန်းက ပြိုင်ဆိုင်နိုင်စွမ်း ကျလာပါလိမ့်မယ်။

(၄) လာဝယ်တဲ့ သူနည်းလာရင် လုပ်ငန်း ရပ်ဆိုင်းရလိမ့်မယ်။

လာဝယ်တဲ့လူနည်းလာရင် လုပ်ငန်းရပ်သွားလိမ့်မယ်။ ဒါကြောင့် တော်တော်များများက သူများလုပ်တိုင်း လိုက်လုပ်နေရင်း အခြားသူက ကိုယ့်လုပ်ငန်းကို လွယ်လွယ်ကူကူ လိုက်လုပ်လို့ ရနေရင်လည်း ပြိုင်ဆိုင်မှုများတာပဲ ဖြစ်ပါတယ်။ ကိုယ်က သွားတူတာမဟုတ်ဘဲ သူက လာတူလို့ ရနေရင်တောင် ကိုယ့်လုပ်ငန်းက ရပ်ဆိုင်းရတာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် မတူအောင် လုပ်ထားရမယ်၊ ကောင်းအောင်လုပ်ထားရမယ်၊ ပြီးရင် အဲဒီကောင်းတာတွေ၊ မတူတာတွေကို လူတွေသိအောင် လုပ်ရမယ်၊ ပြီးရင် ပိုပြီး ကောင်းအောင် ထပ်ခါထပ်ခါ ကြိုးစားရမယ်။ ဒါဆိုရင် တခြားသူတွေကလည်း ကိုယ့်ကို လွယ်လွယ်ကူကူ ကော်ပီလိုက်လုပ်လို့လည်း မရဘူး၊ ပိုပြီးလည်း အဆင်ပြေလာမယ်။

ဒါကြောင့် မိတ်ဆွေတို့အားလုံးအနေနဲ့ လုပ်ငန်းမှာ အဓိကအားဖြင့် တိုးတက်ချင်ရင် ဘယ်လို Differentiate လုပ်မှာလဲဆိုတာကို စဉ်းစားပါ။ ပြီးရင် အဲဒီအားသားချက်ကိုလည်း ကိုယ့်ရဲ့ ဝယ်ဖို့အလားအလာရှိတဲ့သူတွေ သေချာသိအောင် မီးမောင်းထိုးပြီး ကြော်ငြာမယ်။ ဒီလိုဆိုပါက လုပ်ငန်းတိုးတက်ဖို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော်အနေနဲ့ မျှော်လင့်မိပါတယ်။ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။

TLJ

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial