သင့်ကိုယ်သင် နောက်တစ်ဆင့် မြှင့်တင်ဖို့ စိတ်ဆန္ဒပြင်းပြနေရဲ့လား

ဘဝမှာ တိုးတက်လာဖို့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေသူတွေ အတွက်
August 27, 2020
ဦးဆောင်သူတစ်ဦးအနေနှင့် ဘဝမှာ အောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စွန့်လွှတ်ရမယ့် အချက် (၉) ချက်
August 29, 2020

တကယ်တော့ စီးပွားရေးလုပ်ငန်းကို ဆက်လက်တိုးတက်လိုသော လုပ်ငန်းရှင်များတွင် ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရသော စိန်ခေါ်မှုများစွာရှိပါတယ်။
အဆိုပါ စိန်ခေါ်မှုများဟာလည်း လုပ်ငန်း အဖွဲ့အစည်း၏ သဘာဝပေါ်မူတည်ပြီး ပြောင်းလဲမှုများ ရှိနိုင်ပါတယ်။
Executive Coaching ဝန်ဆောင်မှုကို လုပ်ငန်းရှင်များစွာအတွက် ဆောင်ရွက်ပေးပြီးတဲ့ နောက်မှာတော့ ကျွန်တော့် ကိုယ်ပိုင်အတွေ့အကြုံအရ လုပ်ငန်းရှင်တွေအများဆုံး ကြုံတွေ့နေရတဲ့ ခေါင်းဆောင်မှုပြဿနာများကို ဖော်ပြချင်ပါတယ်။
၁။ ဖွံ့ဖြိုးတိုးတက်လာသော လုပ်ငန်းအဖွဲ့အစည်းကို ဦးဆောင်နိုင်လောက်သော အရည်အချင်းများ လုပ်ငန်းရှင်ကိုယ်တိုင်တွင် လိုအပ်လာခြင်း၊
၂။ လုပ်ငန်းကို နောက်တစ်ဆင့်ကို တိုးချဲ့ဖို့အတွက် ဖြစ်နိုင်သည့် နည်းလမ်းများကို မစဉ်းစားပဲ မဖြစ်နိုင်ဘူးဆိုသော အယူအဆကိုသာ လက်ကိုင်ထားခြင်းကြောင့် ရှေ့ဆက်မရပဲ ပိတ်မိနေခြင်း၊
၃။ လုပ်ငန်း၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို ကိုယ့်ထံတွင်သာ အခြေခံသည်ဟု မယူဆပဲ အခြားသူများကိုသာ အပြစ်မြင်နေတတ်ခြင်း၊
၄။ ရှေ့ဆက်ပြီး လုပ်ဆောင်သင့်သည်များကို အာရုံစိုက်ရမည့်အစား အတိတ်မှ ဝမ်းနည်းစရာ၊ ဒေါသဖြစ်စရာ ဆုံးရှုံးမှုများ၊ အဆင်မပြေမှုများကိုသာ တွေးမိပြီး ပိတ်မိနေခြင်း၊ စိတ်ဓါတ်ကျလွယ်ခြင်း၊
၅။ အချိန်ကို စီမံခန့်ခွဲမှု၊ ဦးစားပေးအစီအစဉ်ချမှုများ အားနည်းနေပြီး အရေးကြီးသော အလုပ်ကိစ္စများကို ဦးစားပေးရမည့်အစား နိစ္စဓူဝလုပ်ငန်းများဖြင့်သာ လည်ပတ်နေခြင်း၊
၆။ လုပ်ငန်းကို စနစ်တကျ ပုံမှန်လည်ပတ်အောင် မဆောင်ရွက်ထားနိုင်သည့်အတွက် မျက်စိဒေါက်ထောက်ကြည့်၍ လိုက်ပြောနေရခြင်း၊
၇။ မိမိမှာ လုပ်ငန်းကို ကောင်းစွာ ဦးဆောင်နိုင်သောလည်း နောက်လိုက် ဝန်ထမ်းများရဲ့ အရည်အချင်းများ အားနည်းနေခြင်းနှင့် ဝန်ထမ်းအဝင်အထွက်များနေခြင်း၊
၈။ ကိုယ်စားတာဝန်ယူ စီမံခန့်ခွဲမည့်သူများ မရှိခြင်းကြောင့် တိုးတက်ရာ တိုးတက်ကြောင်း ကိစ္စရပ်များ၊ သာရေး နာရေး ကိစ္စများအပြင် မိသားစုကိုပင် အချိန်မပေးနိုင်တော့ပဲ လုပ်ငန်းထဲတွင်သာ အချိန်ကုန်နေခြင်း၊
၉။ လုပ်ငန်းနှင့် မိမိအရည်အချင်း တိုးတက်ဖို့အတွက် သင်တန်းများသွားတက်၍ ဗဟုသုတများ ရလာသော်လည်း လက်တွေ့ဘယ်လို အသုံးချရမယ်ကို မသိခြင်း၊
၁၀။ လုပ်ငန်းနှင့် ပတ်သက်၍ အိုင်ဒီယာကောင်းများ ရှိသော်လည်း အများလက်ခံအောင် စည်းရုံးပြောဆိုနိုင်ခြင်း မပြောနိုင်ခြင်း၊
၁၁။ လုပ်ငန်းနှင့် ပတ်သက်၍ တိုင်ပင်ရမယ့်သူ မရှိသဖြင့် ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမယ်ကို မသိခြင်း စသည်တို့ ဖြစ်ပါတယ်။
သင်သာ အဲဒီလို ကိစ္စတွေကို ကြုံနေရတယ်ဆိုရင် သင်ဟာ နေရာမှန်ကို ရောက်လာဖြစ်ပါတယ်။ တကယ်တော့ အထက်ပါ ကိစ္စရပ်များဟာ သင်တစ်ယောက်တည်း ကြုံတွေ့နေရတာမဟုတ်ပဲ လုပ်ငန်းအသီးသီးတွင် အနည်းနှင့် အများ ကြုံတွေ့နေရသော ကိစ္စရပ်များ ဖြစ်ပါတယ်။
World Number One Leadership Expert ဖြစ်တဲ့ Dr. John C. Maxwell ရဲ့ အဆိုအရ အရာအားလုံးဟာ ခေါင်းဆောင်မှုအပေါ်မှာ မူတည်ပြီး မြင့်တက်ကြ၊ နိမ့်ကျကြပါတယ်။
သင်သာ ခေါင်းဆောင်မှုကို စာသဘောမဟုတ်ပဲ လက်တွေ့ကျကျ နားလည်သွားပြီဆိုရင် အထက်မှာ ပြောခဲ့တဲ့ အခက်အခဲတွေကို သင်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ သဘောပါပဲ။
ဒါ့အပြင် သင်အဲဒါတွေကိုသာ လုပ်ပြီဆိုရင် သင့်နောက်ကိုဆန္ဒအလျောက်လိုက်ပါ လုပ်ဆောင်သူတွေ ရှိလာပါလိမ့်မယ်။
နယ်ပယ်အသီးသီးမှာ ဘယ်လိုလူမျိုးတွေရဲ့ ဦးဆောင်မှုကို လူတွေ နာခံချင်ကြလဲ ဆိုတာကို သင်ပြန်စဉ်းစားကြည့်ပါ။
အခု သင်ကိုယ်တိုင်လည်း အဲဒီလိုဖြစ်လာအောင် လုပ်ရမယ့် အချိန်ရောက်ပါပြီ။ သင့်ကိုယ်သင် အရင်ဆုံး မပြုပြင်ပဲ တခြားသူတွေရော သင့်လုပ်ငန်းကိုပါ သွားပြီး ပြုပြင်လို့ မရပါဘူး။
စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းကို နောက်တစ်တဆင့်ကို ရောက်အောင် ဦးဆောင်တဲ့နေရာမှာ လေ့လာသင့်တဲ့အရာတစ်ခုကတော့ Transformational Leadership တိုးတက်ပြောင်းလဲစေသော ခေါင်းဆောင်မှု ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ Mentor ဖြစ်တဲ့ John C. Maxwell က ဒီလို ပြောပါတယ်။
Transformational Leader တွေဟာ

  • အခြားလူတွေ မမြင်တဲ့အရာတွေကို မြင်တယ်။
  • အခြားလူတွေ မပြောတာတွေကို ပြောတယ်။
  • အခြားလူတွေ မယုံကြည်တာတွေကို ယုံကြည်တယ်။
  • အခြားလူတွေ မခံစားတာကို ခံစားတယ်။
  • အခြားလူတွေ မလုပ်တာတွေကို လုပ်တယ်။
    အကယ်၍ သင်ဟာ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ကိုယ့်အဖွဲ့အစည်းကို တိုးတက်ပြောင်းလဲစေချင်တယ်ဆိုရင် ဒါမှမဟုတ်
    သင်ဟာ Senior Manager တစ်ဦးအနေနှင့် လုပ်ငန်းရှင်များကို ကူညီပြီး သင့်ဝန်ထမ်းများနှင့်အတူ သင်ကိုယ်တိုင်ရော၊ အဖွဲ့အစည်းကိုပါ တိုးတက်စေချင်တယ်ဆိုရင်
    Breakthrough Coaching, Training & Consulting ကနေ Online ကနေ ပြုလုပ်မယ့်
    တိုးတက်ပြောင်းလဲစေသော ခေါင်းဆောင်မှုခရီးစဉ် (Transformational Leadership Journey, TLJ) ၃ ရက်သင်တန်းကို တက်ရောက်ပြီး လိုက်နာလုပ်ဆောင်နိုင်ပါတယ်။

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial