လူအများ ချစ်ခင်လေးစားတဲ့ ဦးဆောင်သူ ဖြစ်ချင်တဲ့သူတွေ ကိုယ့်ကိုယ်ကိုယ် ပြောသင့်တဲ့ စကား (၃) ခွန်း

ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ စကားတွေ ပြောနေမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ ရလဒ် (၄) ခု
June 26, 2020
သင့်ရဲ့ စီးပွားရေးလုပ်ငန်းမှာ အဓိက အာရုံစိုက်ရမယ့် နယ်ပယ်တွေ သတ်မှတ်ထားပြီးပြီ ဆိုရင် အဓိက ရရှိလာမယ့် အကျိုးကျေးဇူး (၅) ခု
June 30, 2020

လူအများ ချစ်ခင်လေးစားတဲ့ ဦးဆောင်သူ ဖြစ်ချင်တဲ့သူတွေ ကိုယ့်ကိုယ်ကိုယ် ပြောသင့်တဲ့ စကား (၃) ခွန်း

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကျွန်တော်တို့ အမြဲတမ်း ထပ်တလဲလဲပြောနေတဲ့ Self-talk အရေးကြီးတယ်။ Self-talk ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကား ဖြစ်တယ်။

ကိုယ်က ကိုယ့်ရဲ့Coach ပဲ၊ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ Mentor ပဲ၊ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ Consultant ပဲ၊ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ စကားပေါ်မူတည်ပြီး ကျွန်တော်တို့က ဘယ်သွားလိုက်ဆိုလည်း သွားတာပဲ၊ ဘာလုပ်လိုက်ဆိုလည်း လုပ်တာပဲ၊ ဘာမလုပ်နဲ့ဆိုလည်း မလုပ်ဘဲ နေလိုက်တာပဲ၊ မင်းတော်တယ်ဆိုလည်း သဘောကျတာပဲ၊ မင်းငတုံးပဲလို့ ပြောရင်လည်း ခေါင်းထဲမှာ ယုံသွားတာပဲ၊ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့ စကားတွေပေါ်ဟာ ကျွန်တော်တို့ပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိတယ်။

ကိုယ့်ရဲ့ အတွေးတွေ၊ ကိုယ့်ရဲ့ ခံစားမှုတွေ၊ ကိုယ့်ရဲ့ လုပ်ဆောင်ချက် တွေပေါ်မှာ အများကြီး သက်ရောက်မှုတွေ ရှိတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပညာသားပါပါနဲ့ ပြောသင့်တဲ့ စကား (၃) ခုကို ကျွန်တော်အနေနဲ့ မျှဝေချင်တယ်။

(၁) ကိုယ့်ကို အောင်မြင်မှု ရအောင် လုပ်ပေးခဲ့တဲ့ အရာတွေက ကိုယ့်ကို နောက်တဆင့် အောင်မြင်မူကို ရောက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး

ကိုယ့်ကို ဒီနေရာကို ရောက်အောင်ပို့ပေးခဲ့တဲ့ အရာတွေက ကိုယ့်ကို ဟိုနေရာကို ရောက်အောင် ပို့ပေးနိုင်မှာ မဟုတ်ဘူး။

Dr.Marshall Goldsmith ရဲ့ What Got You Here Won’t Get You There ဆိုတဲ့ စာအုပ်ထဲမှာ သူက ဘာပြောလဲဆိုတော့ ကိုယ့်ကို လက်ရှိ ဒီလောက်အထိ အောင်မြင်အောင် လုပ်ပေးခဲ့တဲ့ အရာတွေက နောက်တစ်ဆင့်အောင်မြင်မူကို ရောက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။

ကျွန်တော်တို့ ပြန်သုံးသပ်ရပါမယ်။ ပြန်သုံးသပ်ပြီးသွားရင် ကျန်ခဲ့တဲ့အချိန်တွေမှာ ကိုယ့်အနေနဲ့ ကောင်းခဲ့တာတွေ ဘာတွေလဲ၊ အားနည်းခဲ့တာ ဘာတွေလဲ ပြန်သုံးသပ်ပါ။ ကောင်းခဲ့တဲ့ အရာတွေက ကိုယ့်ကို ကူညီပေးတာ မှန်တယ် ကိုယ်က တလွဲလုပ်ခဲ့တာတွေက ဘယ်လိုမှ အကျိုးမပြုနိုင်ဘူး အဲ့ဒါတွေကို ပယ်ရမယ်။

လက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင် ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမျိုး ပညာရပ်တွေ ဆက်လေ့လာရမလဲ၊ ဘယ်လို လုပ်ဆောင်ချက်တွေ ဆက်လေ့လာသင့်သလဲ၊ လုပ်ဆောင်သင့်သလဲ ဒါကို သိရမယ်။

အရေးကြီးတာက အရင်တုန်းက အတိုင်းပဲ လုပ်နေရင် အရင်တုန်းကလိုပဲ ဖြစ်နေမယ် ဆိုတဲ့စကား ကြားဖူးပါလိမ့်မယ်။ တစ်ကယ့် တစ်ကယ်တမ်း အပြည့်အဝမမှန်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အခြေအနေက ပြောင်းနေတဲ့အတွက်ကြောင့် ကိုယ်က အရင်တုန်းက အတိုင်းပဲ လုပ်နေရင်တောင် အရင်တုန်းက ရလဒ်အတိုင်း ရနေဖို့က မသေချာဘူး။

ကျွန်တော်တို့က အရင်တုန်းက ငါ့ကို ဒီလောက် အောင်မြင်မှုရအောင် လုပ်ပေးခဲ့တဲ့ အရာတွေက နောက်တစ်ဆင့် အောင်မြင်မူကို ရောက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာကို လက်ခံထားဖို့ လိုပါတယ်။

(၂) ရှုံးနိမ့်မှု ကနေ အောင်မြင်မှု ဆီကို သွားလို့ ရရင်ရမယ် ဒါပေမယ့် ဆင်ခြေကနေတော့ အောင်မြင်မှုဆီ သွားလို့ မရနိုင်ဘူး။

ရှုံးနိမ့်မှုဆိုတာ ဘယ်သူမဆို ကြုံဖူးတာကို ကိုယ်က တစ်ခုခု Failure ဖြစ်တယ်ဆိုရင် သင်ခန်းစာယူ ပြန်ကြိုးစား မတူတဲ့ နည်းလမ်းတွေနဲ့ ကြိုးစား၊ သိတဲ့သူတွေ ဆီကနေ လေ့လာသင်ယူမယ် ကြိုးစားရမယ်။

ရှုံးနိမ့်မှုကနေ အကြိမ်ကြိမ် အကြိမ်ကြိမ် အကြိမ်ကြိမ် ကြိုးစားရင်းနဲ့ ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ် ရောက်ချင်ရောက်သွားလိမ့်မယ်။ ဆင်ခြေတွေ ပေးနေမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လောက်ပဲ အချိန်တွေ အလားအလာတွေပေးပေး ကျွန်တော်တို့က အဲဒီဆင်ခြေတွေနဲ့ပဲ ဆုပ်ကိုင်ထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ နောက်တစ်ဆင့် အောင်မြင်မှုကို ရောက်အောင် ပို့ပေးနိုင်မှာ မဟုတ်ဘူး။

အဲဒီတွက်ကြောင့် ရှုံးနိမ့်မှုကနေ အောင်မြင်မှုဆီကို သွားလို့ရရင်ရမယ်၊ ဒါပေမယ့် ဆင်ခြေကနေတော့ အောင်မြင်မူဆီ သွားလို့မရနိုင်ဘူး။

(၃) စတင်ဖို့အတွက် ကြီးကျယ် ခမ်းနားနေစရာ မလိုဘူး ကြီးကျယ်ခမ်းနားဖို့ အတွက် စတင်ရမှာ ဖြစ်တယ်။

လူတွေက တစ်စုံတစ်ခုကို လုပ်မယ်ဆိုရင် စလုပ်ဖို့ကို Procrastinate လုပ်ကြတယ်။ Procrastinate လုပ်တယ် ဆိုတာ ဘာလဲဆိုတော့ အချိန်ဆွဲတာ။ အချိန်ဆွဲပြီးတော့ စလုပ်စရာရှိတာ စမလုပ်ဘူး၊ လုပ်စရာရှိတာမလုပ်ဘူး ဒီလိုမျိုး နေတတ်ကြတယ်။

အဓိကက အရာအားလုံး ပြီးပြည့်စုံမှ စရမှာမဟုတ်ဘဲနဲ့ စ စရာရှိတာကို ကျွန်တော်တို့ တန်းပြီးတော့ စနိုင်ဖို့အရေးကြီးတယ်။ အတိုင်းအတာတခု တန်းပြီး စတာက ဘာမှ မပြင်မဆင်နဲ့ စရမယ်လို့ မဆိုလိုဘူး။

ကျွန်တော်တို့ အချို့ ပြင်ဆင်မှုလေးတွေ လုပ်စရာရှိတာလေးတွေကို လုပ်ရမယ်။ ဒါပေမယ့်လည်း အဲဒါတွေ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးသွားရင် စလုပ်တော့။ မလုပ်ဘဲနဲ့တော့ ကျွန်တော်တို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

အဲဒီတော့ ကြီးကျယ်ခမ်းနားမူဆိုတာ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ လုပ်ရင်းလုပ်ရင်းနဲ့ ဖြည့်သွားရမယ့်အရာ ဖြစ်တယ်။

တစ်စုံတစ်ခုကို ကျွန်တော်တို့ စတင်ဖို့အတွက် အရာအားလုံး ပြီးပြည့်စုံနေဖို့တော့ မလိုဘူး။

ကျွန်တော်တို့ ကြီးကျယ်ခမ်းနား လာဖို့အတွက်ကို ကျွန်တော်တို့ ဒီနေ့စမှရမယ် စစရာ ရှိတာ မစဘူး၊ လုပ်စရာရှိတာ မလုပ်ဘဲနဲ့တော့ ကျွန်တော်တို့ လိုချင်တဲ့ တိုးတက်မူတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial