လူရှေ့သူရှေ့မှာ စကားမပြောခင် သင်ကြိုတင် ပြင်ဆင်သင့်တဲ့ အကြောင်းအရင်း (၅) ခု

ဝန်ထမ်းတွေနဲ့ ရင်းနှီးမှုတွေ မတည်ဆောက်ထားရင် ဘာတွေဖြစ်လာနိုင်မလဲ?
November 30, 2020
သင့် ဖောက်သည်တွေ မကျေမနပ်ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်း (၅) ချက်
December 3, 2020

ဘယ်သူမဆို ပြောချင်တာပဲဖြစ်ဖြစ် မပြောချင်လို့ပဲဖြစ်ဖြစ် မတ်တပ်ရပ်ပြီး လူကြားထဲ ထပြောရမယ့်အချိန်တွေ ရှိလာနိုင်ပါတယ်။ စင်ပေါ်တက်ပြောရတာတွေ၊ အစည်းအဝေးတစ်ခုမှာ ထပြီးပြောရတာတွေ ရှိလာနိုင်ပါတယ်။ အဲဒီလိုအခြေနေမျိုးမှာ ကိုယ်ဘယ်သူတွေကို ပြောရမလဲဆိုတာ သိထားသင့်တဲ့ အကြောင်းအရာ ၅ ခုတင်ပြပါမယ်။

(၁) ဘယ်သူတွေကို ပြောရမလဲမသိရင် သင်ဘာတွေကို ပြင်ဆင်ရမယ်ဆိုတာကို သိမှာမဟုတ်ဘူး။

ဆိုလိုတာက ကိုယ်ကသင်တန်းတစ်ခု သင်မယ်ဆိုရင် ဘယ်သူတွေလာတက်မှာလဲ၊ ဘယ် level ကလူတွေလာတက်မှာလဲ၊ ဟောပြောပွဲတစ်ခုလုပ်မယ်ဆိုရင် ဘယ်သူတွေလာတက်မှာလဲ အဲဒါတွေကို ကြိုပြီး လေ့လာထားသင့်ပါတယ်။ အစည်းအဝေးတစ်ခုကို ဦးဆောင်မယ်ဆိုရင်လည်း ဘယ်သူတွေ လာတက်မှာလဲ၊ သူတို့ဘာတွေသိချင်တာလဲဆိုတာတွေကို ကျွန်တော်တို့ကသိနိုင်ဖို့ ကြိုတင် လေ့လာပြင်ဆင်ထားမှသာ အဆင်ပြေလိမ့်မယ်။

(၂) သင်ပြောရမယ့်သူတွေအကြောင်းကို ကြိုလေ့လာထားရင် လိုအပ်မယ့်အချက်လက်တွေကို ကြိုတင်ပြင်ဆင်ထားနိုင်တယ်။

ဆိုလိုတာက တက်ရောက်လာမယ့်သူတွေက စီးပွားရေးလုပ်ငန်းရှင်တွေများရင် သူတို့ကြိုက်နှစ်သက်မယ့် အချက်အလက်လေးတွေ ကြိုတင်ပြင်ဆင်ထားတဲ့အခါ သူတို့ကိုပြောရတာ ပိုလွယ်မယ်။ တက်လာမယ့်သူတွေက Manager တွေ ဝန်ထမ်းတွေ များမယ်ဆိုရင် သူတို့သဘောကျမယ့် အချက်လက်လေးတွေ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ပိုကောင်းပါတယ်။

(၃) ကြိုတင်ပြင်ဆင်ထားတဲ့အတွက် သူတို့စိတ်ဝင်စားမယ့်နေရာကနေ စလို့ရပြီး ရင်နှီးမှုကိုတည်ဆောက်ရတာ လွယ်ကူစေမယ်။

စင်ပေါ်မှာ စတင်စကားပြောဖို့ အင်မတန်ခက်ခဲတယ်ဆိုတာက စကားစပြောချိန်ပထမပိုင်း စက္ကန့်ပိုင်းမှာတင် သူတို့စိတ်ဝင်စားအောင်မပြောနိုင်ရင် အထင်သေးခံရနိုင်ပါတယ်။ ကိုယ်ကသူတို့ ဘယ်သူတွေဆိုတာ ကြိုသိနေမယ်၊ သူတို့အကြိုက်ကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် စကားစပြောတာနဲ့ သူတို့စိတ်ဝင်စားတဲ့နေရာ ကနေစပြီးတော့ သူတို့ရဲ့ စိတ်ဝင်စားမှုကိုရပြီး ရင်နှီးမှုကို တည်ဆောက်လို့ရပါတယ်။

(၄) သူတို့အကြောင်းကို စိတ်ဝင်တစားရှိပြီး ကြိုတင်ပြင်ဆင်ထားတဲ့အတွက် သင်ဟာ သင်လုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတစ်ယောက်လို့ ထင်မြင်ယူဆခံရနိုင်ပါတယ်။

ကိုယ်က ကြိုတင်ပြင်ဆင်ထားတဲ့အတွက် သူတို့အမြင်မှာ ကိုယ်လက်ရှိ ကျွမ်းကျင်နေတာထက် ပိုပြီးကျွမ်းကျင်တဲ့သူတစ်ယောက်လို့ ထင်မြင်နိုင်စေပါတယ်။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်ခြင်းက သူတို့ရဲ့ယုံကြည်လေးစားမှုကို ရဖို့အများကြီး လွယ်ကူစေပါတယ်။

(၅) သင်သာ ထုတ်ကုန်/ဝန်ဆောင်မှုတစ်ခုခုကို ကမ်းလှမ်းဖို့ရှိတယ်ဆိုရင် ရောင်းချနိုင်ဖို့ အခွင့်လမ်းများ ပိုမိုရရှိနိုင်ပါတယ်။

စင်ပေါ်မှာ ပြောနေတဲ့အခါ ကိုယ်ကမိမိရဲ့ထုတ်ကုန်၊ ဝန်ဆောင်မှုတစ်ခုခုကို ကမ်းလှမ်းချင်တဲ့အခါ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ အဲဒီလိုအခြေနေမျိုးမှာ အပေါ်ကအချက်တွေကိုသာ လုပ်ဆောင်ထားခဲ့ရင် မိမိထုတ်ကုန်ကို ရောင်းချနိုင်ဖို့ အတွက် အခွင့်လမ်းအများကြီးရရှိနိုင်ပါတယ်။
မိတ်ဆွေများအနေနဲ့လည်း လူတစ်ယောက်နဲ့ စကားပြောတော့မယ်ဆိုရင် အဲဒီလူက ဘယ်သူလဲ၊ ဘယ်လိုလူမျိုးလဲ၊ ဘယ်ကလာတာလဲ၊ သူ့အခြေနေက ဘယ်လိုမျိုးလဲဆိုတာတွေကို သိအောင်လုပ်ပြီး သူတို့လိုချင်တာ ဘာတွေလဲဆိုတာ သိအောင်လုပ်၊ သိရင် ကြိုတင်ပြင်ဆင်ထားလိုက်မယ်ဆိုရင် ဟောပြောရာမှာ ဟောပြောသူရော လာရောက်တဲ့သူတွေပါ အားလုံးအဆင်ပြေမှာဖြစ်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial