လုပ်ငန်းရှင်တွေ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ အချက် (၅) ချက်

သင့်ရဲ့ စီးပွားရေးလုပ်ငန်းမှာ အဓိက အာရုံစိုက်ရမယ့် နယ်ပယ်တွေ သတ်မှတ်ထားပြီးပြီ ဆိုရင် အဓိက ရရှိလာမယ့် အကျိုးကျေးဇူး (၅) ခု
June 30, 2020
ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ဖို့ အစီအစဉ် ဆွဲထားသူတွေဆီမှာသာ တွေ့နိုင်တဲ့ အချက် (၅) ချက်
June 30, 2020

လုပ်ငန်းရှင်တွေ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ အချက် (၅) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လုပ်ငန်းတစ်ခုခုကို ဦးဆောင်ပြီဆိုကတည်းက ကျွန်တော်တို့က Objective ရှိတယ်။ အဓိကက ငါတို့ ဘာတွေကို ရည်ရွယ်တာလဲ၊ ငါတို့ဘာတွေကိုတော့ ရအောင်လုပ်ရမယ်ဆိုပြီး Objective အနေနဲ့ ဦးဆောင်ရတယ်။

လုပ်ငန်းမှာ အဓိက ဘာတွေကို အာရုံစိုက်ကြမလဲ၊ ဒါကို ဘယ် Department က ဘာတွေကို အာရုံစိုက်ကြမလဲ၊ ငါတို့အဲဒီလိုသတ်မှတ်တယ်၊ အဲဒီအခါကျတော့ အလုပ်လုပ်ရတာ အများကြီး ပျော်စရာကောင်းတယ်။

အဲဒီအခါကျတော့ Objective အနေနဲ့ ဘာကိုလိုချင်တာလဲ သေသေချာချာ သတ်မှတ်ဖို့ အရေးကြီးတယ်။ ဒီလို သတ်မှတ်ထားတယ်ဆိုရင် အဓိကကျတဲ့ အချက် (၅) ခု ကို မျှဝေချင်ပါတယ်။

(၁) လုပ်ငန်းရဲ့ အကျိုးအမြတ်

လုပ်ငန်းက လုပ်ပြီဆိုကတည်းက အကျိုးအမြတ် ရှိရမယ်။ မမြတ်တဲ့ လုပ်ငန်း ဘာသွားလုပ်မလဲ။ တစ်ချို့လုပ်ငန်းတွေကျ နှစ်ရှည်စီမံကိန်းနဲ့ လုပ်ရတာမျိုးတွေရှိတယ်။ အဲဒီတော့ ဘယ်လိုကြောင့်ပဲ ပြောပြော လုပ်ငန်းက အကျိုးအမြတ်ရှိရမယ်။

အကျိုးအမြတ်မရှိဘဲနဲ့ အချိန်ကုန်ပြီးတော့ ဆုံးရှုံးမှု တွေကြီးပဲဖြစ်နေရင် ဘာသွားလုပ်မလဲ၊ အဲဒီအတွက်ကြောင့်မို့ ငါလုပ်တဲ့အလုပ်က အကျိုးအမြတ်ရှိရဲ့လား၊ တစ်လချင်းပဲပြောပြော၊ တစ်နှစ်ချင်းပဲပြောပြော၊ အကျိုးအမြတ်ရှိရဲ့လား ဒါကို ကျွန်တော်တို့ တိုင်းတာစစ်ဆေးနေရမယ်။

(၂) ကွဲပြားခြားနားမူတွေရှိရမယ်

ကိုယ့်ဆီမှာ တကယ်ကို ထူးခြားတဲ့ သာလွန်မူတွေ ရှိတယ်။ အဲဒီတော့ ကွဲပြားခြားနားမူနဲ့ သာလွန်တဲ့ ကွဲပြားမူတွေရှိတယ်။

ကျွန်တော်တို့ Breakthrough ဆိုရင် မြန်မာနိုင်ငံမှာ များသောအားဖြင့် Consulting တွေကအားကောင်းတဲ့ အချိန်မှာ ကျွန်တော်တို့က Coaching အလုပ်ကို တောက်လျှောက်လုပ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ Coaching လောကမှာ ဦးဆောင်တဲ့ ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ ရပ်တည်နိုင်တယ်။ ကျွန်တော်တို့က Differentiation ဖြစ်ရမှာ မတူတဲ့ ချဉ်းကပ်မူတွေ၊ မတူတဲ့ Result တွေပေးနိုင်ဖို့ ကျွန်တော်တို့ မှာ ရှိဖို့လိုတယ်။

(၃) ကိုယ့်လုပ်ငန်းဟာ ရေရှည်အလားအလာကောင်း ရှိဖို့လိုတယ်

ရေရှည်အလားအလာ ကောင်းရဲ့လားဆိုတာ ကျွန်တော်တို့ သိဖို့လိုတယ်။ အရေးကြီးတာက တစ်ချို့လုပ်ငန်းအမျိုးအစားတွေက ကျနေတဲ့ လုပ်ငန်းမျိုးတွေ ရှိနိုင်တယ်။ လောလောဆယ်တော့ကိုယ့်ရဲ့လုပ်ငန်းက ပိုက်ဆံရနေတယ်။

အနာဂတ်မှာ အခြေအနေ မကောင်းတော့ဘူးဆိုရင် ကိုယ်က တစ်ခုခုတော့ အပြောင်းလဲလုပ်ရတော့မယ်။ အဲဒီအခါကျတော့ ရေရှည်အလားအလာ ကောင်းရဲ့လား ကျွန်တော်တို့ Coaching လိုဟာမျိုး ဆိုရင် မြန်မာနိုင်ငံမှာ အခုမှ စတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ယုံကြည်မူရှိတယ်။

နောင်လာမယ့် ၅နှစ် ၊ ၁၅နှစ် ၊ အနှစ် ၂၀ တောက်လျှောက် ဖွံ့ဖြိုးတိုးတက်မူ ရှိဦးမယ်ဆိုတာ အပြည့်အဝ ယုံကြည်မှုရှိတယ်။ အရေးကြီးတာ ကိုယ့်လုပ်ငန်းက ရေရှည်အလားအလာမှာရော ကောင်းရဲလား ကျွန်တော်တို့ အလားအလာ ကောင်းဖို့ဆိုတာ အရေးကြီးတဲ့ အထဲမှာပါတယ်။

(၄) စနစ်ကျဖို့ လိုတယ်

လုပ်ငန်းကို စနစ်ကျအောင် လုပ်ရမယ်။ တစ်ယောက်လာ တစ်မျိုး ဖြစ်မနေဘဲ ဘယ်သူလာလာ တစ်ပုံစံထဲ ဖြစ်နေရမယ်။ ဒီတစ်ကြိမ်လုပ်ရင် ကောင်းတယ်၊ နောက်တစ်ကြိမ်လုပ်ရင် မကောင်းဘူး ဘယ်ချိန်လုပ်လုပ် ဒီ Result ပဲ ထွက်နေရမယ်။

Standard Operating Procedure (SOP) တွေ အဲလိုဟာတွေ ချရေးထားတာရှိရမယ်။ နောက် HR Consultants တွေ Organization Procedure တွေ ချရေးထားတာမျိုးတွေ JD တို့ JS တို့ လုပ်ထားတာမျိုး၊ သူတို့ရဲ့ လိုအပ်ချက်တွေ ချရေးထားတာမျိုး ခုနကပြောတဲ့ SOP တို့ ဒါတွေကို လုပ်ထားတဲ့ အတွက်ကြောင့် ဘယ်သူပဲလာလာ ဘယ်နှကြိမ်ပဲလုပ်လုပ် ဒါကအဆင်ပြေနေလိမ့်မယ်။

(၅) အရည်အချင်းပြည့်ဝတဲ့ အဖွဲ့သားတွေ ရှိလား၊ မရှိလား

ကိုယ်ရဲ့လုပ်ငန်းကို ကိုယ်တစ်ယောက်တည်း လုပ်လို့မရနိုင်ဘူး။ ကိုယ့်ကို ဖြည့်ပေးမယ့် လူတွေလိုတယ်။ သူတို့က ကိုယ့်ကို ဝင်ဖြည့်ပေးနိုင်တယ်ဆိုရင် အများကြီးအဆင်ပြေတယ်။ ကိုယ့်တစ်ယောက်ထဲ လုပ်တာနဲ့ အယောက် (၅၀) တွဲလုပ်တာနဲ့ မတူဘူး။ အဲဒီတော့ ကိုယ့်ဆီမှာ အရည်အချင်းမရှိတဲ့ အယောက်(၅၀) ရှိတာနဲ့ အရည်အချင်းရှိတဲ့ အယောက် (၅၀) ရှိတာ မတူနိုင်ဘူး။ အဲဒီတော့ ရုံးမှာ အရည်အချင်း ပြည့်ဝတဲ့ အဖွဲ့သားတွေ ရှိရဲ့လား၊ မရှိရင်လည်း ရှိအောင်လုပ်ရမယ်။ ဒါက ကျွန်တော်တို့ ဦးစားပေးပြီး လုပ်သင့်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial