လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး စိတ်ညစ်နေရတယ်ဆိုရင် သင့်မှာ လွဲနေတာတွေ တစ်ခုမက ရှိနေလိမ့်မယ်

test
June 5, 2020
ခေါင်းဆောင်တစ်ယောက်ဆိုတာ
June 9, 2020

လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး စိတ်ညစ်နေရတယ်ဆိုရင် သင့်မှာ လွဲနေတာတွေ တစ်ခုမက ရှိနေလိမ့်မယ်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

သင့်ရဲ့စိတ်မငြိမ်းချမ်းမှုဟာ သင့်မှာပဲ တာဝန်ရှိပါတယ်။

အလုပ်လုပ်ပြီဆိုကတည်းက သင့်မှာ ဖိအားတွေကတော့ ရှိနေမှာပါပဲ။

ဘဝမှာ ဘယ်လိုဖိအားမှ မရှိပဲ နေနိုင်ဖို့ဆိုတာ လူအများစုအတွက် တော်တော်လေး ခက်ခဲလိမ့်မယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဖြစ်နေနိုင်တဲ့ ဖိအားတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့်

၁။ ဝန်ထမ်းတွေရဲ့ ဖိအား

ဝန်ထမ်းတွေကို ဦးဆောင်ရမယ်။ လုပ်ငန်းရဲ့ ရည်ရွယ်ချက်တွေအတိုင်း ဖြစ်လာအောင် စီမံခန့်ခွဲရမယ်။

သင်ထင်တဲ့အတိုင်း ဖြစ်တာရှိရင် ထင်သလို မဖြစ်တာလည်း ရှိမယ်။

သင့်ဝန်ထမ်းတွေအနေနဲ့ သင့်ရှေ့မှာ တစ်မျိုး သင့်နောက်မှာ တစ်မျိုး လုပ်တာတွေ ရှိလိမ့်မယ်။

ဖောက်သည်တွေကို သေချာဂရုမစိုက်တာကြောင့် ရောင်းအားထိခိုက်နိုင်သလို ဖြစ်သလိုလုပ်တာတွေကြောင့် စရိတ်တွေ တတ်နေတာလည်း ရှိရင် ရှိမယ်။

သူတို့ကို သင်လိုသလို ဖြစ်လာအောင် ဖန်တီးဖို့ သင်တာဝန်ယူမှ ရမယ်။

ဦးဆောင်မှု၊ စီမံခန့်ခွဲမှုတွေကိုလည်း လေ့လာဖို့ လိုတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

၂။ ဖောက်သည်တွေရဲ့ ဖိအား၊

အခုခေတ်မှာ ဖောက်သည်တွေဟာ သစ္စာပိုပြီး မရှိတတ်ကြတော့ဘူး။

သင့်ဆီကနေ သင်လိုချင်တာတွေကို မရဘူးဆိုရင် သင့်ဆီမှာ ကြာကြာဆက်နေမှာ မဟုတ်တော့ဘူး။

ဒီလိုပဲ ဆက်ပြီးရှိနေတဲ့သူတွေဟာလည်း အမျိုးမျိုးသော မကျေနပ်ချက်တွေကို သင့်ကို အကြိမ်ကြိမ်ပြောနေတတ်ကြလိမ့်မယ်။

အရေးကြီးတာက သင့်အနေနဲ့ လက်ရှိ ဖောက်သည်ကျေနပ်မှုအခြေအနေကို တိုင်းတာကြည့်ရလိမ့်မယ်။

ပြီးရင် သူတို့တကယ်လိုချင်တာက ဘာလဲ။ သင်လက်ရှိပေးနေတာက ဘာလဲ။ ဘာတွေ ကွာခြားချက်ရှိနေလဲ။ ကွာဟချက်ကို ဘယ်လိုကျဉ်းမြောင်းအောင် လုပ်မလဲ စတာတွေ အရေးကြီးတယ်။

ဝန်ဆောင်မှုစံနှုန်းတွေ သတ်မှတ်ဖို့၊ အဲဒါတွေကို ဝန်ထမ်းတွေကို သင်ပေးဖို့၊ လုပ်မလုပ် ပြန်စစ်ဆေးဖို့၊ ပြင်ပက Mystery Shoppers တွေခေါ်ပြီး စစ်ခိုင်းဖို့ပါ သင်ရွေးချယ်နိုင်တယ်။

Mystery Shoppers ငှါးဖို့ သေချာသိချင်ရင် 09765222103 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

၃။ ပြိုင်ဖက်တွေရဲ့ ဖိအား

သင်လုပ်နေတဲ့အလုပ်ကို သင်မစခင်ကတည်းက အဲဒီလုပ်ငန်းနဲ့ ဆင်တူတဲ့အလုပ်တွေကို လုပ်နေသူတွေ ရှိနေလိမ့်မယ်။

သင်စလုပ်ပြီး အဆင်ပြေတယ်လို့ ထင်လို့ လိုက်လုပ်ကြတဲ့သူတွေလည်း ရှိလိမ့်မယ်။

ဘယ်လိုဖြစ်ဖြစ် သင့်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုတွေအတွက် သင်ကိုယ်တိုင် တာဝန်ယူမှ ရမယ်။

သင့်လုပ်ငန်း မအောင်မြင်ခဲ့ရင် ပြိုင်ဖက်တွေ ကြောင့် မဟုတ်ဘဲ သင့်ကြောင့်လို့ပဲ ခံယူပါ။

တခြားသူတွေမှာ မရှိတဲ့ထူးခြားမှုတွေကို ဖန်တီးပြီး ဖောက်သည်တွေအနေနဲ့ သင်မှ သင်ဖြစ်နေအောင် ဖန်တီးပါ။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

၄။ ငွေကြေး မပြေလည်မှု

ငွေကြေးမပြေလည်မှုဟာ လုပ်ငန်းအများစု ကြုံတွေ့နေရတတ်တဲ့အရာဖြစ်တယ်။

အများအားဖြင့်က လုပ်ငန်းကို စတင်ခင်ကတည်းက လိုအပ်တဲ့ ကြိုတင်တွက်ချက်မှုတွေကို မလုပ်ခဲ့ကြဘူး။

ကြုံနေရတဲ့ ပြဿနာတွေဟာ သေချာမစဉ်းစားခဲ့တဲ့ သိပ်ကောင်းတဲ့ အိုင်ဒီယာတစ်ခုကနေ အစပြုတာဖြစ်တယ်။

ဖြစ်နေတဲ့အခြေအနေကို သေချာသုံးသပ်ပါ။ ရှေ့ဆက်သွားဖို့အတွက် ဖြစ်နိုင်သမျှနည်းလမ်းတွေကို ရှာဖွေပါ။

ငွေကြေးစီမံခန်ံခွဲမှုအတိုင်ပင်ခံတွေနဲ့ တိုင်ပင်ပါ။ ရောင်းအားမြှင့်တင်နိုင်ဖို့၊ ကုန်ကျစရိတ်တွေ လျှော့ချနိုင်ဖို့၊ ဘက်ဂျက်တွေ သတ်မှတ်ပြီး ဘက်ဂျက်ထဲကို မဝင်ဝင်အောင် ကြိုးစားပါ။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

စိတ်မငြိမ်းချမ်းဘူးဆိုတာဟာ သင်လက်ရှိဖြစ်နေတာတွေနဲ့ သင်ဖြစ်ချင်တာတွေ အကြားမှာ မတူညီမှုတွေ ဖြစ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။

အဆင်မပြေမှုတွေကနေ အဆင်ပြေတာတွေ ဖြစ်လာဖို့ဆိုရင်

– ငါ့မှာ တာဝန်ရှိတယ်၊ ဒီလိုတွေ ဖြစ်နေတာလည်း ငါ့တာဝန်၊ ပြောင်းလဲအောင် လုပ်ရမှာလည်း ငါ့တာဝန်ဆိုတဲ့ ခံယူချက်ကို မွေးပါ။ ဒီအခြေအနေကနေ မဖြစ်မနေကို ပြောင်းလဲတော့မယ် ငါဒါကို လုပ်နိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ချမှတ်ပါ။

– ဖြစ်သင့်တာထက် ကျော်လွန်တဲ့ မျှော်မှန်းချက်တွေဟာ သင့်ကို စိတ်ဆင်းရဲစေတာကြောင့် အတိုင်းအတာတစ်ခုအထိ စိန်ခေါ်ရုံလောက်သာ ရှိတဲ့ ရည်မှန်းချက်တွေကိုသာ ချမှတ်ပြီး တစ်ဆင့်ချင်း တိုးတက်အောင် လုပ်ရပါမယ်။

– လက်ရှိ သင့်မှာ ရှိနေတဲ့ ကောင်းမွန်တဲ့အရာတွေ၊ အတိတ်က သင်ကျော်ဖြတ်ခဲ့ဖူးတဲ့ စိန်ခေါ်မှုတွေကို ချရေးတာဟာ သင့်ကို စိတ်ခွန်အားတွေ ပေးလိမ့်မယ်။ ဘဝမှာ သင်ကူညီပေးခဲ့ဖူးတဲ့သူတွေ၊ သင့်ကို ကူညီပေးခဲ့ဖူးတဲ့သူတွေအကြောင်းတွေကို ချရေးတာဟာ သင့်စိတ်ကို နွေးထွေးလာစေလိမ့်မယ်။

– သင့်လုပ်ငန်းမှာ အဆင်မပြေတာဟာ သင့်အနေနဲ့သိသင့်သိထိုက်တဲ့ အချို့သော ပညာရပ်တွေကို မသိလို့ဆိုတဲ့သဘောဖြစ်တာကြောင့် ဘာတွေကို လေ့လာရမလဲဆိုတာကို ဆန်းစစ်ပြီး လေ့လာသင်ယူမှုတွေကို စတင်ပါ။ Personal Growth Plan ဆွဲပါ။

– ပိုင်ရှင်ကိုယ်တိုင်က မပြောင်းလဲမချင်း လုပ်ငန်းက ပြောင်းလဲလာမှာ မဟုတ်တာကို လက်ခံပြီး ပြောင်းလဲမှုတွေကို သင်ကိုယ်တိုင် စတင်ပါ။ သင်ကိုယ်တိုင် တကယ်စပြောင်းပြီဆိုရင် သင့်ဝန်ထမ်းတွေ ပါလာပါလိမ့်မယ်။ မပါလာတဲ့သူတွေကို အလုပ်ကနေ နားဖို့အထိ ပြင်ဆင်ထားပါ။

– တိုးတက်မှုတစ်ခုခု ကြုံလာမယ်ဆိုရင် ဘာကြောင့် တိုးတက်တာလည်းဆိုတာကို သိအောင်လုပ်ပြီး ပိုကောင်းအောင် လုပ်ပါ။ အကောင်းဆုံးဆိုတာ ဘယ်တော့မှ ရပ်တန့်နေလေ့ မရှိပါဘူး။ နေရာတိုင်းမှာ ပိုကောင်းအောင် လုပ်စရာ ကျန်နေနိုင်ပါသေးတယ်။

– သင်ထင်သလိုဖြစ်မလာတာမျိုးကြုံရရင် ဘာကြောင့် ထင်သလို မဖြစ်တာလည်းဆိုတာကို သိအောင် လုပ်ပြီး နောက်တစ်ကြိမ်မှာ ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲကို လုပ်ပါ။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုတိုးတက်လာတာကို မြင်လာရနိုင်ပါတယ်။

– ၉၀ ရာခိုင်နှုန်းသော သင့်ရဲ့ ရလဒ်တွေဟာ သင့်ရဲ့ စိတ်နဲ့ဆိုင်တာကြောင့် မှန်ကန်တဲ့ စိတ်နေသဘောထားဖြစ်ပေါ်လာဖို့ကို အားပေးတဲ့ စာတွေ အသံဖိုင်တွေ မူဗီတွေကို ကြည့်ပါ။ ဖြစ်နိုင်ရင် တရားခွေတွေလည်း နာပါ။ တရားလည်း ထိုင်ပါ။

– စိတ်နဲ့ ကိုယ်ဟာ အပြန်အလှန်ဆက်စပ်နေတာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ။ သင့်ခန္ဓာကိုယ်ဟာ သင်တစ်သက်လုံးအသုံးပြုရမယ့်အရာဖြစ်တာကြောင့် အစားအသောက်ဆင်ခြင်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ လေ့ကျင့်ခန်းတွေကိုလည်း အချိန်ပေးပြီး လုပ်ပါ။

– သင်ကိုယ်တိုင် အဖြေရှာလို့ မရတာတွေကို ကူညီပေးနိုင်မယ့် Professional Coach တစ်ယောက်ယောက်နဲ့ အလုပ်လုပ်တာ သင်ရဲ့ ခရီးလမ်းကို တစ်ဝက်မက လျှော့ချပေးနိုင်တာကြောင့် Coach တစ်ယောက်လောက်နဲ့ အလုပ်လုပ်ဖို့ကို စဉ်းစားကြည့်ပါ။

– အကယ်၍ သင်တကယ်ကို ဘယ်လိုဖြစ်ဖြစ် ရအောင် လုပ်မယ်ဆို ဆုံးဖြတ်ထားတယ်ဆိုရက် သင့်ကို သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေအတွက် အထောက်အကူပြုနိုင်ပြီး မနက်ကနေ ညအထိ နာရီ ၃၀ ကျော်တက်ရတဲ့ Transformational Leadership Journey (3 Days) သင်တန်းကို လာတက်ပါ။

ဘယ်သူမဆို ပြောင်းလဲနိုင်သလို သင်လည်း ပြောင်းလဲနိုင်ပါတယ်။

သင်ပြောင်းလဲတဲ့အတွက် သင့်တစ်ယောက်တည်း မဟုတ်ပဲ သင့်မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ အကျိုးရှိစေပါလိမ့်မယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial