လုပ်ငန်းတွေမှာ ဝင်ငွေရပ်သွားရတဲ့ အကြောင်းအရင်း (၂) ခု

အသင်းအဖွဲ့ တည်ဆောက်မှုနဲ့ပတ်သက်ပြီး သိသင့်တဲ့ အဆိုအမိန့် (၁) ခု
November 6, 2020
သင့်လုပ်ငန်း အရောင်းတက်လာဖို့အတွက် သိသင့်တဲ့ အဆိုအမိန့် (၁) ခု
November 9, 2020

(၁) သင့်လုပ်ငန်းကို စိတ်ဝင်စားတဲ့သူတွေကို မရှာဖွေနိုင်ခြင်း။

သင်နဲ့ အလုပ်တွဲလုပ်ချင်တဲ့သူတွေ၊ သင့်ဆီက ပစ္စည်းဝယ်ချင်တဲ့သူတွေ၊ သင့်ရဲ့ Product နဲ့ Service ကို ဝယ်ချင်တဲ့သူတွေကို မရှာနိုင်တာဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရရင် ဝယ်ဖို့အတွက် အလားအလာရှိတဲ့သူတွေကို မရှာနိုင်တာဖြစ်တယ်။

(၂) စိတ်ဝင်စားတဲ့သူတွေကို တကယ်ဝယ်တဲ့သူတွေဖြစ်အောင် မပြောင်းလဲနိုင်ခြင်း။

သင့်ဆိုင်ထဲ လူဝင်လာတယ်။ သင့်ပစ္စည်းကို စိတ်ဝင်စားတယ်။ သင့်ပစ္စည်းကို လိုချင်လို့ ဖုန်းဆက်လာတယ်။ ဒါပေမယ့် သင့်ရဲ့ Team Member တွေ၊ သင့်ရဲ့အရောင်းဝန်ထမ်း ဒါမှမဟုတ် သင်ကိုယ်တိုင်က မရောင်းနိုင်ဘူး။ Sale Call မခေါ်နိုင်ဘူးဆိုရင် လုပ်ငန်းက ဘာဖြစ်လာမလဲဆိုတော့ ရောင်းအားက ရှိသင့်သလောက် မရှိဘဲ လုပ်ငန်းကျရှုံးမှုကို ဦးတည်သွားစေတယ်။ အဲဒီအတွက်ကြောင့် သင့်လုပ်ငန်းကို စိတ်ဝင်စားတဲ့သူကို ရှာဖို့လိုတယ်။

လုပ်ငန်းတစ်ခုက သူ့ကို စိတ်ဝင်စားတဲ့သူ၊ သူ့လုပ်ငန်းကို သဘောကျတဲ့သူ များဖို့လိုတယ်။ သူ့ကိုယုံကြည်တဲ့သူ များလာဖို့လိုတယ်။ အဲဒီအတွက် တောက်လျှောက်လုပ်ရမယ်။ ကျွန်တော်တို့ဆိုရင် Social Media မှာ Talk တွေ ပြောတာပဲဖြစ်ဖြစ်၊ ဆောင်းပါးတွေ တင်တာပဲဖြစ်ဖြစ် လုပ်ကြတယ်။ Facebook မှ မဟုတ်ဘူး။ Other Platform တွေ YouTube လိုမျိုးလည်း ဖြစ်နိုင်တယ်။ သင့်လုပ်ငန်းကို ပိုပြီးလူသိများလာဖို့ သင်က Content Marketing တွေ ဘာတွေလုပ်မယ်ဆိုရင် သင့်လုပ်ငန်းက ပိုပြီးလူသိများလာမယ်။ ဒါမှမဟုတ်ရင် ပုံမှန် အစဉ်အလာအရ သတင်းစာတို့ မဂ္ဂဇင်းတို့တွေမှာ ကြော်ငြာတာမျိုးတွေလည်း ဖြစ်နိုင်တယ်။

အဓိကက သင်က Marketing နဲ့ပတ်သက်ပြီး လေ့လာပြီး ပိုအသုံးချမယ်ဆိုရင် သင့်လုပ်ငန်းကို စိတ်ဝင်စားတဲ့သူကို ရှာဖွေရာမှာ အများကြီး အထောက်အကူဖြစ်တယ်။ ကျွန်တော်တို့ဆိုရင် သင်တန်းသား အဟောင်းတွေက သင်တန်းသားအသစ်တွေကို ပြန်ပြန်ပြီးအပ်ပေးကြတာ သူတို့မိတ်ဆွေ သူငယ်ချင်းတွေ မိသားစုတွေကို ပြန်ပြီးအပ်ပေးကြတာရှိတယ်။ ဒါပေမယ့် ဘယ်နည်းနဲ့မဆို သင့်ရဲ့ သင်တန်းတွေ ဝန်ဆောင်မှုတွေ၊ ရောင်းချင်တဲ့ ထုတ်ကုန်တွေကို စိတ်ဝင်စားတဲ့သူတွေကို နည်းလမ်းမျိုးစုံနဲ့ ရှာဖွေနေမှ ကိုယ့်လုပ်ငန်းက ပိုပြီးတော့ ဝင်ငွေကောင်းလာမှာဖြစ်တယ်။

စိတ်ဝင်စားလို့ လာတဲ့သူတွေကို တကယ်ဝယ်တဲ့သူအဖြစ် မပြောင်းလဲနိုင်ဘူးဆိုရင် လုပ်ငန်းက အခြေအနေကောင်းမှာ မဟုတ်ဘူး။ သူတို့ကို မေးခွန်းလေးတွေ မေးသင့်တယ်။ သူတို့ဘာကြောင့် စိတ်ဝင်စားတာလဲ။ သူတို့မှာ လက်ရှိ ဘာအခက်အခဲလေးတွေဖြစ်နေလဲ။ သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် ကျွန်တော်တို့ရဲ့ Solution တွေက ဘယ်လိုလဲ ဆိုတာကို သင့်မှာရှိတဲ့ အရောင်းနဲ့ပတ်သက်တဲ့သူတွေက ပြောပြပေးရင် ရောင်းကောင်းမှာဖြစ်တယ်။

အဲဒီအတွက် Sale Script သေချာသတ်မှတ်ထားဖို့လိုတယ်။ ဝင်လာတဲ့အချိန်ကနေ ထွက်သွားတဲ့အချိန်အထိ ဘယ်လိုမျိုးတွေ မေးသင့်တယ်။ ဘယ်လိုမျိုတွေ လုပ်သင့်လဲ။ ဘယ်လိုမျိုးတွေ ဆွေးနွေးသင့်လဲဆိုတာကို ကြိုပြီးတော့ ပြင်ဆင်ထားဖို့လိုတယ်။ ဒီလိုလုပ်ဆောင်မယ်ဆိုရင် စိတ်ဝင်စားတဲ့သူကနေ ဝယ်တဲ့သူတွေဖြစ်လာဖို့ အများကြီး အထောက်အကူပြုမယ်လို့ ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာမယ်ဆိုရင် Marketing တို့ Sale တို့ကို လေ့လာမယ်ဆိုရင် အများကြီး ပိုပြီးအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

#TLJ

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial