လုပ်ငန်းတစ်ခုကို ဦးဆောင်ရာမှာ Mission Statement အရေးကြီးရတဲ့ အကြောင်းအရင်းလေး (၃) ခု

လုပ်ငန်းတွေ ရေရှည်မတည်တန့်ရတဲ့ အကြောင်းရင်း (၃) ခု
November 26, 2020
သင့်ရဲ့ လုပ်ငန်းဦးဆောင်မှု ထိရောက်ဖို့အတွက် အကြံပြုချက် (၅) ချက်
November 28, 2020

Vision တွေ Mission တွေ ဒါတွေက အရင်တုန်းက Business နဲ့ပတ်သက်ပြီးတော့ စပြီးလေ့လာရတယ်။ MBA တို့မှာလည်း လေ့လာရတယ်။ ခုနောက်ပိုင်း Business နဲ့ ပတ်သက်တဲ့ သင်တန်းတွေမှာလည်း လေ့လာရတယ်။ တစ်ခုနဲ့တစ်ခု လေ့လာတိုင်းမှာ နည်းနည်းချင်း ပြောင်းလဲတာလေးတွေရှိပေမယ့် အနှစ်သာရကတော့ အတူတူပဲ။

(၁) လုပ်ငန်းတစ်ခုက သူတို့ ဘာအတွက်ရပ်တည်နေရလဲဆိုတာ သိဖို့အရေးကြီးတယ်။

ဥပမာ – ကျွန်တော့်ရဲ့ သင်တန်းသားတွေကို ကျွန်တော် ပြောလေ့ရှိတယ်။ လုပ်ငန်းတစ်ခုကို ဘာဖြစ်လို့ လုပ်တာလဲ။ မိတ်ဆွေတွေကိုလည်း ကျွန်တော်မေးချင်တယ်။ လုပ်ငန်းကို ဘာဖြစ်လို့ လုပ်တာလဲ။ ကျွန်တော့်ကို အမြတ်လိုချင်လို့ ဖြေလိမ့်မယ်။ အဲဒါဆိုရင် အမြတ်ရရင်ပြီးရော ဘာမဆိုလုပ်တော့မှာ။ အဲဒီတော့ ကျွန်တော့်စိတ်ထဲမှာ အဲဒါက မဟုတ်သေးဘူးလို့ ထင်တယ်။ လုပ်ငန်းတာဝန်အရ အမြတ်လိုချင်တယ်ဆိုတာ ဒါကရှင်းတယ်။ ဒါပေမယ့် အမြတ်လိုချင်တယ်ဆိုတာရဲ့ အနောက်မှာ ပိုပြီးတော့ မြင့်မြတ်တဲ့ ရည်ရွယ်ချက် ရှိဖို့လိုတယ်။ အဲဒါကို Mission Statement ကနေပြီးတော့ ဖော်ပြလိုကြတာ။ လုပ်ငန်းတစ်ခုက သူတို့ ဘာအတွက် ရပ်တည်နေရလဲဆိုတာ သိမှ အဲဒီရပ်တည်ချက်အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ချက်တွေ မှန်သမျှက အဲဒီရပ်တည်မှုကို ပြန်ပြီးတော့ သုံးသပ်၊ ပြန်ပြီးတော့ဆင်ခြင်၊ အဲဒီအပေါ်မှာ အခြေခံပြီးတော့ လုပ်ရမယ်ဆိုတာ သိဖို့လိုပါတယ်။

(၂) လုပ်ငန်းတစ်ခုရဲ့ Mission ဟာ အဲဒီလုပ်ငန်းရဲ့ Vision ကိုပါ အကျိုးပြုစေနိုင်တယ်။

အဲဒီတော့ Vision နဲ့ Mission က အပြန်အလှန် အကျိုးပြုစေနိုင်တယ်။ ဒီနေရာမှာ Vision အကြောင်းလေး နည်းနည်းထည့်ပြောရရင် ကျွန်တော်တို့ ကျောင်းတွေမှာ လေ့လာတဲ့အခါ Vision လို့ပြောရင် ဒီလုပ်ငန်းက အနာဂတ်မှာ ဘယ်ကိုသွားချင်တာလဲ။ ဘာဖြစ်ချင်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ရေးကြတာကို တော်တော်များများမှာ မြင်ရတယ်။ ဒါပေမယ့် ကျွန်တော် မနှစ်က University of California Centre Group မှာ ဖွင့်တဲ့ သင်တန်းတစ်ခုသွားတက်တော့ သူတို့ပြောတဲ့အခါမှာ ကျွန်တော် Concept တစ်ခု သွားကြိုက်တယ်။ လုပ်ငန်းတစ်ခုရဲ့ Vision ဆိုတာက အနာဂတ်မှာ ဘယ်လိုမျိုး အပြောင်းအလဲမျိုးကို မြင်ချင်တာလဲ။ အဲဒါကိုရေးပါလို့ပြောတယ်။

ကျွန်တော်ဒါကို သဘောကျတယ်။ အရင်တုန်းက Breakthrough ဆိုရင် မြန်မာနိုင်ငံမှာ နံပါတ် (၁) Business and Executive Firm ဖြစ်ရမယ် ဆိုတာ ဒါက Vision ။ အင်မတန် အတ္တကြီးတဲ့ Vision မျိုးဖြစ်တယ်။ နောက်တော့ ကျွန်တော်တို့ သတ်မှတ်တာ မြန်မာနိုင်ငံမှာ လူတွေ ယုံကြည်အားထားနိုင်ဆုံး Business and Executive Firm ဖြစ်ရမယ်။ ဒါမျိုး ကျွန်တော်တို့ပြောတယ်။ နောက်တော့ ကျွန်တော်တို့သတ်မှတ်တယ်။ သူတို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်လောက်တဲ့ အရင်းအမြစ်တွေ အကုန်လုံးရှိပြီးတော့ သူတို့ရဲ့ အမြင့်မားဆုံး အလားအလာကို ရောက်အောင်သွားနိုင်ရမယ်။ ခုတလောတော့ ကျွန်တော်တို့ပြန်ပြီး Adjust လုပ်ထားတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ Team ကို အမြင့်ဆုံး အလားအလာရောက်အောင် သူတို့အနေနဲ့ ဦးဆောင်နိုင်ပြီးတော့ သူတို့ရဲ့ဘဝကို စိတ်ချမ်းချမ်းသာသာနဲ့ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းသွားနိုင်ရမယ်ဆိုပြီး ပြန်ပြောင်းထားတယ်။

(၃) တစ်ခုခု လွဲလာပြီဆိုတိုင်း အဲဒီ Mission ကို ပြန်သွားဖတ်လိုက်ရင် လမ်းကြောင်းနဲ့ ရပ်တည်မှု ပြန်ပြီးတော့ မှန်သွားစေနိုင်တယ်။

ဥပမာ – Breakthrough ဆိုရင် ကျွန်တော်တို့က မြန်မာနိုင်ငံကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်လာအောင် ပါဝင်လုပ်ဆောင်ပေးနိုင်မယ့် တစ်ဦးချင်းတစ်ယောက်ချင်း စီးပွားရေးလုပ်ငန်းရှင်တွေကို မြှင့်တင်ပေးနိုင်လောက်တဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ ဦးဆောင်သူတွေ၊ ကမ္ဘာ့အဆင့်မှီ Coach တွေ ပျိုးထောင်ပေးရမယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ Mission တွေ။ ကျွန်တော်တို့ တစ်ခုခုလုပ်ရင် ဒီဘောင်ထဲက ထွက်သွားမလားဆိုတာ အမြဲတမ်းစဉ်းစားတယ်။ တစ်ယောက်ချင်းကို မြှင့်တင်ပေးနိုင်ရမယ်၊ လုပ်ငန်းတွေကို မြှင့်တင်ပေးနိုင်ရမယ်။ အဲဒီလူတွေက သူ့ကိုယ်သူလည်း ဦးဆောင်နိုင်ရမယ်။ သူရဲ့ Team တွေကိုလည်း ဦးဆောင်နိုင်ရမယ်။ သူ့ရဲ့ Business ကိုလည်း ဦးဆောင်နိုင်ရမယ်။

အဲဒါတွေအပေါ်မှာ အကျိုးရှိစေမယ့် ဝန်ဆောင်မှုတွေ၊ Training တွေကို ကျွန်တော်တို့အနေနဲ့ အဓိက အာရုံစိုက်တယ်။ အဲဒီအတွက်ကြောင့် လုပ်ငန်းတစ်ခုမှာ Mission ရှိရင် ဘာကောင်းသလဲဆိုတော့ ဘာအတွက် ရပ်တည်နေရလဲဆိုတာလည်း ရှင်းလင်းတယ်။ Mission နဲ့ Vision နဲ့ကလည်း အပြန်အလှန် အကျိုးပြုနိုင်တယ်။ ကျွန်တော်တို့ရဲ့ Mission ဆိုရင် လုပ်ငန်းရှင်တွေ၊ ဦးဆောင်သူတွေ Coach တွေကိုပျိုးထောင်ပေးဖို့။ ဒါတွေဖြစ်ရင် ခုနတုန်းက Vision ဖြစ်တဲ့ လုပ်ငန်းရှင်တွေက သူ့ကိုယ်သူရော သူ့ရဲ့Team ကိုရော သူ့အဖွဲ့အစည်းကိုရော ဦးဆောင်ပြီးတော့ အမြင့်မားဆုံး အလားအလာကို ပိုပြီးတော့ စိတ်ချမ်းချမ်းသာသာနဲ့ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းသွားနိုင်ရမယ်။ ဒါတွေကို ကျွန်တော်တို့က အပြန်အလှန် အထောက်အကူပြုလို့ရအောင် လုပ်ထားပေးတယ်။

(၃) တစ်ခုခုလွဲသွားလို့ အဲဒီ Mission လေးကို သွားဖတ်လိုက်ရင် ကိုယ့်ရဲ့ရပ်တည်မှု ကိုယ့်ရဲ့ နှလုံးသွင်းမှု ပြန်ပြီးတော့ မှန်သွားမယ်။

ဒါကို ကျွန်တော်တို့ သိဖို့လိုမယ်။ Vision တွေ Mission တွေဆိုတာ ရေးပြီးသွားရင် အံဆွဲထဲ ထည့်ထားဖို့မဟုတ်ဘူး။ နံရံမှာ သွားကပ်ထားပြီးတော့ ဧည့်သည်တွေလာရင် လူရှိန်အောင်၊ ကြည့်ကောင်းအောင် လုပ်ဖို့လည်း မဟုတ်ဘူး။ ပိုပြီးတော့ လေ့လာမယ်ဆိုရင် Google မှာ ရှာပြီးဖတ်ကြည့်ပါ။ အကယ်၍ Strategic Plan တွေဆွဲမယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီးတော့ အသေးစိတ် အများကြီးသိရမယ်။ Strategic Plan တွေဆွဲမယ်ဆိုရင်လည်း Breakthrough ကိုဆက်သွယ်လို့ရပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial