လုပ်ငန်းခွင်မှာ ပိုထိရောက်ဖို့ လုပ်ပိုင်ခွင့် ရချင်သူများအတွက်

သင်မကြိုက်တဲ့ အခြေအနေတစ်ခုကို သည်းခံနေရတာတွေ ရပ်ချိန်တန်ပါပြီ
August 24, 2020
သာမန်မဖြစ်ဖို့လိုတယ်
August 26, 2020

ဒါဆိုရင် လုပ်ပိုင်ခွင့် ဘယ်နှစ်မျိုး ရှိလဲဆိုတာကို အရင်ဆုံးလေ့လာရမယ် …
အမျိုးကွဲပေါင်း အများကြီးရှိနိုင်ပေမယ့် မှတ်လို့လွယ်အောင် ပြောရင် ယေဘူယျအားဖြင့် လုပ်ပိုင်ခွင့် ၂ မျိုး ရှိတယ် ပြောရမယ် …
၁။ ပထမဆုံးက ရာထူးက ပေးတဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ် …
ဒီလုပ်ပိုင်ခွင့်က ရာထူးနဲ့ ဆိုင်တယ် … သူရထားတဲ့ ရာထူးအရ တာ၀န်နဲ့၀တ္တရား Job Description (JD) မှာ ဖော်ပြထားတဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ် … ရာထူးမှာ ဘာတွေတော့ လုပ်ပိုင်ခွင့်ရှိတယ် … ဘယ်ကိစ္စတွေမှာ သူဆုံးဖြတ်နိုင်တယ် … ဘယ်သူတွေက သူ့ကို တင်ပြရမယ် စသဖြင့် JD မှာ ဖော်ပြလေ့ရှိတယ် …
လူတွေက သူ့စကား နားထောင်ရမယ် … ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ လုပ်ပိုင်ခွင့်ရှိလို့ … လူတွေက တခုခုဆို သူ့ကို တင်ပြရမယ် … ဘာဖြစ်လို့လဲဆိုတော့ သူတရား၀င် မဆုံးဖြတ်ပေးရင် အတည်မဖြစ်လို့ … ဒါက ရာထူးက ပေးထားတဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ် …
ဒီလုပ်ပိုင်ခွင့်က အရေးမကြီးဘူးလားဆိုတော့ အရေးကြီးတယ် … သင့်မှာ အခြားဘယ်အရာတွေပဲ ပြည့်စုံနေသည်ဖြစ်စေ အဖွဲ့အစည်းတစ်ခုက တရား၀င် လုပ်ပိုင်ခွင့်ပေးမထားရင် အရေးကြီးကိစ္စတွေမှာ သင်ဆုံးဖြတ်ပေးလို့ မရဘူး ဖြစ်တတ်တယ် …
၂။ ဒုတိယတမျိုးကတော့ ရာထူးနဲ့ မသက်ဆိုင်တဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ် …
အချို့သောသူတွေကို ကြည့်ရင် ရာထူးနေရာ လက်ကိုင် မရှိပေမယ့် လူတွေလေးစားကြတာကို တွေ့နိုင်တယ် … လူတစ်ယောက် ခေါင်းဆောင်မှု အရည်အချင်း ရှိသလား မရှိဘူးလားသိချင်ရင် ဒါနဲ့ စမ်းသပ်ပါလို့ ပြောနိုင်တယ် …
အဲဒါကတော့ သူကိုယ်တိုင်ဖြစ်စေ၊ သူ့လက်အောက်ကလူဖြစ်စေ အလုပ်ကနေ ထွက်သွားပြီး ပြန်တွေ့ကြတဲ့အခါမှာ သူ့လက်အောက်ကသူက သူ့ကို ဆက်ပြီး လေးစားသလား မလေးစားဘူးလားဆိုတာ ဖြစ်တယ် … လူတွေ လေးစားလာပြီဆိုရင် ဒီလူသာပြောလိုက် ဘာမဆိုနီးပါး လုပ်ပေးမယ်ဆိုတာမျိုး ဖြစ်လာတတ်တယ် …
လူတွေ လေးစားလာဖို့ဆိုရင် အကျင့်စာရိတ္တကောင်းတာ၊ သဘောထားပြည့်၀တာ၊ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တာ၊ ဗဟုသုတပြည့်စုံတာ၊ ရည်မှန်းချက်ရှိတာ၊ ပတ်၀န်းကျင်ကလူတွေကို မြှင့်တင်ပေးတာ၊ စာနာထောက်ထားတတ်တာ၊ အလုပ်ကို ရလဒ်ထွက်အောင် လုပ်တတ်တာ စတဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ လိုအပ်ပါတယ် …
စဉ်းစားကြည့်ပါ …

  • ရာထူးရှိပြီး လူတွေ မလေးစားဘူးဆိုရင် အချို့ကိစ္စတွေမှာ လူတကာ မျက်မုန်းကျိုးပြီး လုပ်ရကိုင်ရခက်ပါလိမ့်မယ် …
  • လူတွေနဲ့ အဆင်ပြေပြီး ရာထူးမရှိရင် သင်အချို့သောကိစ္စတွေမှာ လုပ်မရ ကိုင်မရနဲ့ ထိရောက်မှု မရှိတာမျိုး ကြုံရပါမယ် …
    စစ်မှန်တဲ့ လုပ်ပိုင်ခွင့်ကို လိုချင်ရင် ဒီအတိုင်းနေနေလို့မရဘူး … ကြိုးစားယူမှ ရမယ် …
    အဲဒါကြောင့် ရာထူးတက်အောင်လည်း ကြိုးစားပါ … လူတွေ လေးစားတဲ့သူတစ်ယောက် ဖြစ်လာအောင်လည်း နေပါလို့ အကြံပြုချင်ပါတယ် …

TLJ

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial