ရေရှည်မှာ ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလိုသူများအတွက်

သင့်လုပ်ငန်းကို သိသိသာသာ တိုးတက်ပြောင်းလဲစေမယ့် ခေါင်းဆောင်မှု မဟာဗျူဟာ ၁၃ ချက်
August 21, 2020
ဦးတည်ရာမဲ့ဖြစ်နေတာကို ရပ်ရမယ့်အချိန်ရောက်ပြီ။
August 23, 2020

ရေတို ပျော်ရွှင်မှုတွေ လိုချင်တယ်။


ရေတို အောင်မြင်မှုတွေ လိုချင်တယ်။


ရေတို အကျိုးခံစားခွင့်တွေ လိုချင်တယ်။


အဲဒီလိုနေတော့ ဘာဖြစ်လာလဲဆိုတော့ ရေရှည်မှာ ဘာဖြစ်ချင်တာလဲ ဘာဖြစ်လာမှာလဲဆိုတာကို ဂရုမပြုမိတော့ဘူး။
တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရတယ်။
ရေရှည်မှာ ခိုင်မာတဲ့ အောင်မြင်မှုတွေကို ရဖို့အတွက် ရေတို တဒင်္ဂ ပျော်ရွှင်မှုတွေကို စွန့်လွှတ်နိုင်ဖို့ လိုတယ်။
လူတွေ အများစုဟာ အခုချိန်မှာ ဘာကို လိုချင်နေသလဲဆိုတာကို ပိုပြီး အာရုံစိုက်တတ်ကြတယ်။
သင်အသက် ၆၀၊ ၇၀ လောက်ဖြစ်လာတဲ့အခါမှာ အခုသင်လိုချင်တဲ့အရာတွေဟာ အရေးမပါတာတွေ ဖြစ်နေမှာ သေချာသလောက်ရှိပါတယ်။
ပိုပြီး အရေးကြီးတာက ငါတော့ အချိန်တွေ တော်တော်ဖြုန်းခဲ့ပါလားဆိုပြီး နောင်တမရဖို့ လိုပါတယ်။
အဲဒါကြောင့် သင့်ဘဝရဲ့ နေဝင်ချိန်ကို ရောက်တဲ့အချိန်မှာ သင့်ဘဝကို သင်ဘယ်လိုမြင်ချင်လဲဆိုတာကို သေချာစဉ်းစားပါ။
ငါတော့ ဘာတွေ လုပ်နိုင်ခဲ့တဲ့သူလို့ ပြောနိုင်ချင်လဲ အချိန်လေး ခဏယူပြီး စဉ်းစားကြည့်ပါ။
ရေတိုပျော်ရွှင်မှုတွေထက် ရေရှည်ခိုင်မာတဲ့ ပျော်ရွှင်မှုတွေကို ရယူနိုင်ဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာကို အစီအစဉ်ချပါ။
သင့်ဘဝရည်မှန်းချက်ကို အထောက်အကူမပြုတဲ့ အလုပ်တွေ၊ အပျော်အပါးတွေအတွက် သုံးတဲ့အချိန်ကို လျှော့ချပါ။
ဘဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ရှင်သန်ပါ။
ဘယ်သူမဆိုပြောင်းလဲနိုင်သလို သင်လည်း ပြောင်းလဲနိုင်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough #TLJ

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial