မကောင်းတဲ့ စိတ်နေသဘောထားရှိတဲ့ ဦးဆောင်သူတွေကို ဆက်ဆံတဲ့အခါမှာ ရွေးချယ်နိုင်တဲ့ ရွေးချယ်မှု (၃) ခု

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ဖို့ အစီအစဉ် ဆွဲထားသူတွေဆီမှာသာ တွေ့နိုင်တဲ့ အချက် (၅) ချက်
June 30, 2020
ဘယ်လိုပြဿနာမျိုးကနေမဆို ရုန်းထွက်နိုင်မယ့် သင့်မှာရှိသင့်တဲ့ ခံယူချက် (၁) ခု
June 30, 2020

မကောင်းတဲ့ စိတ်နေသဘောထားရှိတဲ့ ဦးဆောင်သူတွေကို ဆက်ဆံတဲ့အခါမှာ ရွေးချယ်နိုင်တဲ့ ရွေးချယ်မှု (၃) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကိုယ့်ရဲ့အထက်မှာ သဘောထားမပြည့်ဝတဲ့ ဦးဆောင်သူတွေ တွေ့ရနိုင်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ရွေးချယ်လို့ ရနိုင်တဲ့ ရွေးချယ်မှု(၃) ခုကို ကျွန်တော်အနေနဲ့ မျှဝေမှာဖြစ်တယ်။

မရွေးချယ်ခင် အရင်ဆုံး သူ့အနေနဲ့ စဉ်းစားသင့်တာက စိတ်နေသဘောထား မပြည့်ဝဘူးဆိုတာ မှန်ကန်ရဲ့လား အရင်မေးပါ။ ဘာလို့လည်းဆိုတော့ တစ်ခါတစ်လေကျရင် စိတ်နေသဘောထား မပြည့်ဝတာက သူမဟုတ်ဘဲ ကိုယ်ဖြစ်နေနိုင်တယ်။

ကိုယ်ဖြစ်နေရင် ကိုယ်ပြင်ရမယ်။ အကယ်၍ ကိုယ့်ရဲ့ အထက်လူကြီးက စိတ်နေသဘောထား မပြည့်ဝဘူးဆိုတာ သေချာတယ်။ ပတ်ဝန်းကျင်ကလည်း ပြောတယ်ဆိုရင် ကျွန်တော်တို့ ရွေးချယ်လို့ရတယ်။

(၁) သူဘာပြောပြော ဘာခိုင်းခိုင်း ပါးစပ်ပိတ်ပြီး သည်းခံပြီး အဆင်ပြေအောင်နေပါ။

သူဘာပဲပြောပြော ဘာပဲခိုင်းခိုင်း သူ့အလိုကျ လုပ်ပေး။ အဲဒီနည်းက မလိုလားအပ်တဲ့ ထိပ်တိုက်တွေ့မှုတွေကို ကိုယ့်အနေနဲ့ အေးဆေးနေလို့ ရရင်ရမယ်။ စကားများစရာတွေ ဘာတွေလည်းမရှိဘူး။ စွန့်စားမှုတွေ ဘာတွေလည်းမရှိဘူး။ အဲဒီနည်းက အရမ်းကြီး စိတ်ချမ်းသာစရာကောင်းတဲ့ နည်းဖြစ်ချင်မှလည်းဖြစ်မယ်။

(၂) ယဉ်ယဉ်ကျေးကျေး သတ္တိရှိရှိ မှန်မှန်ကန်ကန်နဲ့ တင်ပြစရာရှိတာ တင်ပြပါ။

ဆင်ခြေပေးတဲ့ ပုံစံထက်ကို လုပ်ငန်း အကျိုးစီးပွားအတွက် ကောင်းမွန်မှန်ကန်တဲ့ နည်းလမ်းအတိုင်း သူ့ကိုတင်ပြတယ်။ ဒါမှမဟုတ်ရင် သူ့ရဲ့အပေါ်ကသူကို သွားပြီးတင်ပြမယ်။ သူ့ကိုတင်ပြလို လုံးဝအဆင်မပြေရင် သူ့ရဲ့အပေါ်က သူကို သွားပြီးတော့ တင်ပြမယ်။ ဒါကကြိုးစားကြည့်တာပေါ့။ တစ်ချို့လုပ်ငန်းတွေမှာ ခက်ခဲနိုင်ပါတယ်။

ကောင်းကောင်းမွန်မွန် ပြောရမယ်။ ရန်လုပ်သလိုမျိုး မဖြစ်ရဘူး။ ပြန်ခံပြောသလို မဖြစ်ရဘူး။ ရိုင်းစိုင်းသလို မဖြစ်ရဘူး။ ယဉ်ယဉ်ကျေးကျေး ပြန်ပြီးပြောတာမျိုး ဖြစ်ရမယ်။

(၃) ကြိုတင်ပြင်ဆင်ပြီး အလုပ်ထွက်ပါ။

အဲဒီလိုမျိုး အထက်လူကြီးဆီမှာ ကိုယ့်ရဲ့ ဘဝကို အချိန်ကုန်ခံနေမယ့်အစား ဘာလုပ်လို့ရလည်းဆိုရင် ကြိုတင်ပြင်ဆင်မယ် Resign လုပ်မယ် ပြီးရင် ထွက်ပြီး ပိုမိုကောင်းမွန်တဲ့ နေရာမှာနေမယ်။ ဒါမျိုး ကျွန်တော်တို့ ရွေးချယ်လို့ရတယ်။

လုပ်ငန်းက ဘယ်လောက်ပဲ လစာကောင်းကောင်း ကိုယ့်ရဲ့အထက်လူကြီးက သေသေချာချာ ဆုံးမ ညွှန်ပြပေးချင်စိတ် မရှိဘူး မျှဝေလိုစိတ်မရှိဘူးဆိုရင် အဲဒီအနေအထားမှာ ကိုယ်လုပ်နေတယ်ဆိုရင် ဘယ်တော့မှ တိုးတက်မှုမရှိဘူး။

အဲဒါကြောင့် Leader က အများကြီး အရေးကြီးတယ်။ ဦးဆောင်တဲ့သူတွေ ကောင်းရင် လက်အောက်ကလူတွေ အများကြီး အကျိုးရှိနိုင်သလို ခေါင်းဆောင်မှု မကောင်းရင် ထိခိုက်မှုတွေ အများကြီးရှိနိုင်တယ်။ ကိုယ်က တိုက်တိုက်ဆိုင်ဆိုင် ကြုံခဲ့ရင် အချိန်ယူပြင်ဆင်ပြီး အထက်ကိုလည်း တင်ပြခဲ့တယ်။

ဘယ်လိုမှ အဆင်မပြေဘူးဆိုရင် ကိုယ့်အနေနဲ့ ဒီလိုနေရာမျိုးမှာ အချိန်ကုန်ခံနေမယ့်အစား ကိုယ်ထွက်ပြီးတော့ ပိုကောင်းအောင် ဖန်တီးဖို့လိုတယ်။ ဒီနေရာမှာတော့ နောက်ဆိုရင် ကိုယ့်ရဲ့ အထက်လူကြီးကို အကဲခက်ပါ။ မကြိုက်ရင် စောစောထဲက လမ်းခွဲတာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial