ဘာတွေကို အာရုံစိုက်ရမယ်ဆိုတာကို မသတ်မှတ်ထားရင် သင့်လုပ်ငန်းမှာ ကြုံရနိုင်တဲ့ အခက်ခဲ (၄) ခု

သင် စိတ်ဆိုးနေတဲ့အချိန်မှာ သင့်ကိုယ်သင် ပေးသင့်တဲ့အကြံပြုချက် (၄) ချက်
June 20, 2020
သင့်လုပ်ငန်းကနေ သင်မျှော်မှန်းသင့်တဲ့ ထိပ်ဆုံးက ရလဒ် (၅) ခု
June 22, 2020

စီးပွားရေးလုပ်ငန်းကို ဦးဆောင်တဲ့သူတွေ သူတို့လုပ်ငန်းခွင်မှာ ဘယ်ဟာတွေ အရေးကြီးတယ်၊ ဘယ်ဟာတွေ Focus လုပ်ရမယ်ဆိုတဲ့ အဓိက အာရုံစိုက်ရမယ့် နယ်မြေ အဲဒါနဲ့ပတ်သက်ပြီး အာရုံစိုက်ဖို့အရေးကြီးတယ်။စီးပွားရေး လုပ်ငန်းအောင်မြင်ဖို့ဆိုရင် အဓိကကျပြီးတော့ အာရုံစိုက်ရမယ့်အရာတွေ ဒါတွေက ဘာတွေဖြစ်လာနိင်မလဲ။ ဥပမာ အရောင်းနဲ့ပတ်သက်တာတို့၊ Customer ရအောင်ဘယ်လိုလုပ်မလဲ၊ ကုန်ကျစရိတ်ထိန်းသိမ်းတာတို့ ဒီလိုမျိုးပေါ့။ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်း Nature ပေါ် မှာမူတည်ပြီး ကွဲပြားသွားတယ်။ကျွန်တော် စားသောက်ဆိုင်လုပ်ငန်းလုပ်တုန်းက ပုံစံတစ်မျိုး၊ ကျွန်တော် Coaching လုပ်တာ ပုံစံတစ်မျိုး၊ အဲဒီအခါကျတော့ ကိုယ့်ရဲ့ပုံစံနဲ့ဆိုင်တယ်။

(၁) လုပ်ငန်းခွင်ထဲမှာ တစ်ယောက်တစ်ပေါက်ဖြစ်နေလိမ့်မယ်

တစ်ယောက်တစ်ပေါက်ဖြစ်နေမယ်ဆိုတာက တစ်ယောက်က တစ်နေရာသွား တစ်ယောက်က တစ်နေရာသွား အဲဒီလိုပုံစံမျိုးနဲ့တော့ ဘာမှဖြစ်မြောက်မှာမဟုတ်ဘူး။အဲဒီအခါကျတော့ ဌာနတစ်ခုချင်းက သီးခြားလုပ်ကိုင်တာ၊ တစ်နည်းပြောရရင် ဘောလုံးကန်ရင် ကစားသမားတွေက ကိုယ့်ဘာကိုယ် လုပ်ချင်တာလုပ်နေတာပေါ့ ၊ စည်းကမ်းမရှိဘူး။ ဒီလိုဟာမျိုးပေါ့၊အရေးကြီးတာက လုပ်ငန်းခွင်ထဲမှာအားလုံးက တစ်ယောက်တစ်ပေါက်နဲ့ သီးခြားစီ လုပ်နေကြတယ်ဆိုရင် ရွေ့သင့်သလောက်မရွေ့ဘူး။

(၂) စုစည်းမှုမရှိတဲ့အတွက်ကြောင့် အလုပ်လုပ်သမျှ အရာမထင်ဘူး။

စုစည်းမှုအင်အားမရတဲ့အတွက်ကြောင့် တစ်ယောက်ချင်းဆီက ဘယ်လောက်ပဲလုပ်လုပ် လုပ်ငန်းရဲ့ဦးတည်ချက်ကိုသွားတာ မဟုတ်တဲ့အတွက်ကြောင့် လုပ်သမျှအရာမထင်ဘူး ဖြစ်လာတယ်။

(၃) တိကျသေချာတဲ့ဦးတည်ချက် မရှိတဲ့အတွက် လုပ်ငန်းရဲ့တိုးတက်မှုကို တိုင်းနာဖို့ခက်ခဲနိုင်တယ်။

တိကျသေချာတဲ့ ဦးတည်ချက် သေသေချာချာ မသတ်မှတ်ထားတဲ့ အခါမှာ လုပ်ငန်းရဲ့ အောင်မြင်မှု ကိုယ့်ရဲ့ Business က ဘယ်ကို သွားနေလဲဆိုတာ မသိနိုင်ဘူး။၂၀၂၀ (၆) လပိုင်းရဲ့အောင်မြင်မှုကို ဘာနဲ့တိုင်းမလဲ၊ (၅) လပိုင်းအောင်မြင်မှုကို ဘာနဲ့တိုင်းမလဲ၊ (၇) လပိုင်း အောင်မြင်မှုကို ဘာနဲ့တိုင်းမလဲ။ တိတိကျကျ သတ်မှတ် ထားတာ မရှိတဲ့ အတွက်ကြောင့် Company တစ်ခုလုံးအနေနဲ့ Business Unit တွေနဲ့ပဲဖြစ်ဖြစ် လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ပဲဖြစ်ဖြစ် သတ်မှတ်ထားတာမရှိလို့ ဘာဖြစ်နိုင်လည်း ဆိုရင် ငါတို့လုပ်နေတာ အောင်မြင်နိုင်လား၊ မအောင်မြင်နိုင်လား တိုင်းတာလို့မရနိင်ဘူး။

(၄) နောက်လိုက်တွေရဲ့ စိတ်အားတက်ကြွမှုတွေ လျော့ကျနိုင်တယ်။

ကျွန်တော်တို့ အဲဒီလိုမျိုး ဘာတွေပြီးအောင်လုပ်ရမလဲ သေသေချာချာ သတ်မှတ်ထား ခိုင်းတာမျိုးမရှိဘဲနဲ့ အားလုံးကနိစ္စဒူဝအလုပ်တွေနဲ့ပဲ အချိန်တွေကုန်နေကြတယ်ဆိုရင် အောက်ခြေဝန်ထမ်းတွေ အောက်ဆုံးမှာရှိတဲ့ အငယ်ဆုံးဝန်ထမ်းလေးတွေ နောက်လိုက်တွေရဲ့စိတ်အား တက်ကြွမှုလျော့ကြလာမယ်။ ဝန်ထမ်းတွေရဲ့ စိတ်အားတက်ကြွမှု လျော့ကြလာနိင်တယ်။ဘာဖြစ်လို့လဲဆိုရင် သူတို့ဘယ်သွားနေမှန်းလဲမသိဘူး၊ သူတို့လုပ်နေရင် မှန်သလားမသိ မှားသလားမသိ၊ သူတို့ တိုးတက်မှုရှိသလားမသိ မရှိသလားမသိ။ သူတို့ အထက်လူကြီးကလည်း ပြန်ပြောနိုင်တာမျိုးမရှိ၊ အဲဒီတော့ ဘာဖြစ်နိုင်လည်း သူတို့ Motivation တွေကျလာမယ်။ ဒါဆိုရင် လုပ်ငန်းတွေကျဆင်းလာတာတို့ ဝန်ထမ်းတွေ ထွက်တာမျိုးတွေ နောက်ဆက်တွဲဖြစ်လာနိုင်တယ်။ အဲဒီအတွက်ကြောင့် လုပ်ငန်းတစ်ခုကိုဦးဆောင်ပြီဆိုရင် ဘာတွေကိုလုပ်ရမယ် တိတိကျကျသေသေချာချာ အစီအစဉ် ချထားဖို့ အရေးကြီးပါ တယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial