ဘယ်လိုပြဿနာမျိုးကနေမဆို ရုန်းထွက်နိုင်မယ့် သင့်မှာရှိသင့်တဲ့ ခံယူချက် (၁) ခု

မကောင်းတဲ့ စိတ်နေသဘောထားရှိတဲ့ ဦးဆောင်သူတွေကို ဆက်ဆံတဲ့အခါမှာ ရွေးချယ်နိုင်တဲ့ ရွေးချယ်မှု (၃) ခု
June 30, 2020
လူတွေကို သူတို့လိုချင်တဲ့ ရလဒ်တွေ မရအောင် တားဆီးထားတဲ့ ထိပ်ဆုံးက အရာတစ်ခု
June 30, 2020

ဘယ်လိုပြဿနာမျိုးကနေမဆို ရုန်းထွက်နိုင်မယ့် သင့်မှာရှိသင့်တဲ့ ခံယူချက် (၁) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဘယ်လိုပြဿနာမျိုးကနေမဆို ရုန်းထွက်နိုင်မယ့် သင့်မှာရှိသင့်တဲ့ ခံယူချက် (၁) ခုကတော့ တခြားလူကို အပြစ်မတင်ဘဲ တာဝန်ယူဖို့ ဖြစ်ပါတယ်။ တာဝန်ယူမှုဆိုတာ ဘာလည်းဆိုတော့ ကျွန်တော်တို့ ဘဝမှာ မွေးလာထဲက ရင်ဆိုင်နိုင်ရနိုင်တဲ့ အခက်အခဲ အမျိုးမျိုးရှိတယ်။ တစ်ချို့သော အခတ်အခဲတွေက ကိုယ်ကတိုက်ရိုက် လုပ်ထားတာ မဟုတ်ဘူး။ ကိုယ့်ဘဝမှာ နဂိုထဲက ရှိနေတာ။ တစ်ချို့ဟာတွေကတော့ ကိုယ်လုပ်လိုက်တဲ့ အမှားတွေက ဖြစ်လာတာ။ ဘယ်လိုကြောင့်ပဲပြောပြော အဲဒီအခြေနေကနေ ရုန်းထွက်နိုင်ဖို့ဆိုရင် တာဝန်ယူဖို့လိုတယ်။

တာဝန်ယူတယ်ဆိုတာ ကိုယ့်မှာ ၁၀၀% လုံး တာဝန်ယူဖို့လိုတယ်။ တစ်နည်းပြောရရင် ကျွန်တော်တို့က ဆင်းရဲတဲ့ မိဘဆီမှာ လာပြီးမွေးလာတယ်ဆိုရင် ကိုယ်လုပ်ထားတာမဟုတ်ဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဖြစ်နေလို့ ဘာသာရေးအရ ယူမယ်ဆိုရင် အရင်ဘဝက ကိုယ်က ကုသိုလ်ကောင်းမှုတွေ ဘာတွေလုပ်တာ နည်းလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။

အမေ အဖေဆင်းရဲတာက ကိုယ်နဲ့မဆိုင်ဘူး။ ဒါပေမယ့် ဒီကိစ္စက ဒီလိုမျိုးဆင်းရဲပြီး မွေးလာတယ် ငါဆက်ပြီး ဆင်းဆင်းရဲရဲနဲ့ ကြီးသွားမယ်ဆိုရင် ဒါငါ့တာဝန်ဖြစ်တယ်လို့ ကိုယ်ကခံယူဖို့လိုတယ်။ ခံယူမယ်ဆိုရင် ဒီအခြေအနေကနေ ငါဘယ်လို တိုးတက်အောင်လုပ်မလဲ ဒီလိုမျိုးစဉ်းစားဖို့လိုတယ်။

ကမ္ဘာပေါ်မှာ လူတွေနေတဲ့ အခြမ်း၂ ခြမ်းရှိတယ်။ တစ်ခြမ်းက အပြစ်တင်တဲ့တစ်ခြမ်း။ တစ်ခြမ်းက တာဝန်ယူတဲ့ ဘက်တစ်ခြမ်း။ အပြစ်တင်တဲ့အခြမ်းက ရုံးဝန်ထမ်းတွေ အနေနဲ့ ဆိုရင် ရုံးမှာ လစာ၊ရာထူးမတိုးဘူးဆိုရင် ကိုယ့်ရဲ့အထက်လူကြီးကို အပြစ်တင်တယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို အပြစ်တင်တယ်။ ငါလိုလူမျိုး ဒီအဖွဲ့အစည်းမှာ မလုပ်သင့်ဘူး။ ဒါမျိုးတွေ အပြစ်တင်မယ်။

တကယ်လည်း ဒီအဖွဲ့အစည်းက မလုပ်သင့်တဲ့ အခြေအနေမျိုး ရှိရင်ရှိမှာပေါ့။ အဲဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အပြစ်တင် ကိုယ့်ပတ်ဝန်းကျင်ကို အပြစ်တင်။ အပြစ်တင်ပြီးဘာလုပ်လို့ရလဲဆိုတော့ ဘာမှလုပ်လို့မရဘူး။ ဒါပေမယ့် ငါရာထူးမတက်တာ သူတို့ကြောင့်လို့ ပြောလိုက်ရင် ရင်ထဲမှာ နည်းနည်းတော့ ပေါ့သွားတာပေါ့။ ဒါပေမယ့် ဘာအဖြေမှမထွက်ဘူး။

အပြစ်တင်ရင်းတင်ရင်း အရှိန်တက်လာရင် အစိုးရကိုအပြစ်တင်မယ်။ ကျွန်တော်တို့နိုင်ငံက ခေတ်စနစ်တွေ မကောင်းတော့ ဒီလိုပဲတင်ကြတာပေါ့နော်။ ပိုပြီးတော့ဆိုးတာက ငါလိုလူမျိုးက အောင်မြင်ချမ်းသာတဲ့ နိုင်ငံမျိုးမှာ လူသွားဖြစ်ရင် ငါကအင်မတန် တန်ဖိုးရှိမှာ အောင်မြင်မှာ ဒါမျိုးတွေထင်တက်ကြတယ်။

ကျွန်တော် US ကို ၅ ခေါက်လောက်သွားပြီးပြီ နိုင်ငံခြားမှာ ဒုက္ခရောက်နေတဲ့သူတွေ လည်ထွက်နေတဲ့သူတွေ အများကြီးပဲ။ တစ်ခေါက်သွားတဲ့ပြည်နယ်မှာဆိုရင် လမ်းဘေးရောက်နေတဲ့ အိမ်ခြေမဲ့တွေ အများကြီးပဲ။ ဆိုလိုတဲ့သဘောက ကိုယ်မကြိုးစားရင် ဒုက္ခရောက်မှာပဲ။ နောက်တစ်မျိုး အပြစ်တင်တာက လောကကြီးကမတရားဘူး။ လောကကြီးက သူ့ဟာနဲ့သူတည်နေတာ သူကအကြောင်းနဲ့ အကျိုးနဲ့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။

ကျွန်တော်တို့ လက်ရှိဖန်တီးထားတဲ့ အခြေအနေကနေပြီးတော့ ကောင်းအောင်လုပ်ဖို့ ငါ့မှာတာဝန်ရှိတယ်။ ဒီလိုမျိုးခံယူစေချင်တယ်။ ကိုယ်ဝနေရင် ကိုယ်စားတဲ့တာဝန်။ ကိုယ်ပိုက်ဆံမရှိရင် ရှိအောင်မရှာတဲ့တာဝန်။ ကိုယ်အိပ်ရေးမဝရင် ဝအောင်မအိပ်တဲ့တာဝန်။ လူတွေက ကိုယ့်ကိုယ် မလေးစားကြဘူးဆိုရင် ကိုယ်လေးစားအောင်မှ မနေတာ။ ပညာအားနည်းတယ် ဘာလို့လည်း။ ကိုယ်မှမလေ့လာတာ။ အင်္ဂလိပ်စာ အားနည်းတယ်။ ကိုယ်တက်အောင်မှ မလေ့လာထားတာ။

အဲဒီအခါကျတော့ အရာအားလုံး ကိုယ်နဲ့ဆိုင်တယ်။ ကိုယ့်မှာ တာဝန်ရှိတယ်။ ကိုယ်တာဝန်ယူရမယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်လုပ်ဖို့ ကိုယ့်မှာ တာဝန်ရှိတယ်။

လူတစ်ယောက်က သူ့ဘဝမှာရှိတဲ့ အရာအားလုံးကိုယ်တာဝန်ယူလိုက်တဲ့ အခိုက်အတန့်က သူ့ဘဝမှာရှိတဲ့ အရာအားလုံးကို ပြောင်းလဲနိုင်တဲ့ Power ကို လုပ်ပိုင်ခွင့် ရတဲ့အခိုက်အတန့်ဖြစ်တယ် ဆိုတဲ့ အဆိုအမိန့်လေးတစ်ခုကို ကျွန်တော်ကြားဖူးတယ်။

ကိုယ်က အဲဒီ Power ကို ရဖို့ဆိုရင် တာဝန်ယူဖို့လိုတယ်။ တာဝန်ယူဖို့ဆိုရင် ကိုယ်ဒီအခြေအနေကနေ တိုးတက်လာအောင် ဘယ်လိုလုပ်မလဲ။ အလုပ်ကြိုးစားဖို့ လိုနေတာလား။ လုပ်ပုံလုပ်နည်း ပြောင်းရမှာလား။ လေ့လာသင်ယူဖို့ လိုနေတာလား။ ဘာလုပ်ရမလဲ။ ကိုယ့်အနေနဲ့ နည်းလမ်းရှာပါ။ ရှာပြီးရင် ဒီအခြေအနေကို ကိုယ် မကြိုက်ရင်ပြောင်းပါ။

Tony Robbin ရဲ့ဆရာ Jim Rohn ကဘာပြောလဲဆိုတော့ အခြေနေတစ်ရပ်ကို မကြိုက်ရင်ပြောင်းလဲပါ။ ဘာလို့လည်းဆိုတော့ မင်းက သစ်ပင်မဟုတ်ဘူး။ မပြောင်းလဲဘဲနဲ့ ခိုညည်းသလို ထိုင်ညည်းနေတာက ကိုယ့်ဘဝမဟုတ်ဘူး။ ကိုယ့် Life မဟုတ်ဘူး။

ကိုယ့် Business ကို ဒီလိုပုံစံနဲ့ ထိုင်ညည်းနေတာက ဘာမှမဖြစ်လာဘူး။ အဲဒီအတွက်ကြောင့် မကြိုက်ဘူးဆိုရင် နည်းလမ်းရှာပါ။ ပြောင်းပါ။ ကိုယ်တာဝန်ယူမယ်လို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်က ကိုယ့်အတွက်ကြီးပဲမဟုတ်ဘူး ကိုယ့်နဲ့ ကိုယ့်ကိုမှီခိုနေတဲ့ နောက်မျိုးဆက်တွေအထိ အကျိုးသက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial