ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြုံလာရတဲ့ အခက်အခဲတွေအပေါ် သင့်အမြင်ရဲ့ အရေးပါပုံ (၄) မျိုး

သင့်ထုတ်ကုန်၊ ဝန်ဆောင်မှုက လုပ်ငန်းတူတွေနဲ့ တူနေရင် ရလာနိုင်တဲ့ ဆိုးကျိုး (၄) ခု
December 6, 2020
ဖော်ဖော်ရွေရွေ ရှိခြင်းကနေ ဦးဆောင်သူတွေ ရလာနိုင်မယ့် ရလဒ် (၅) ခု
December 8, 2020

(၁) အခက်အခဲတွေကို ပြဿနာလို့မြင်ရင် သင်စိတ်ညစ်မယ်၊ စိတ်ဓာတ်ကျမယ်။

အခက်အခဲဆိုတာ ပြဿနာ မဟုတ်ဘူးလားလို့ ဆိုရင်လည်း မှန်ပါတယ်။ ဒါပေမယ့် ဒါကို ပြဿနာလို့ပဲ မြင်လိုက်တဲ့အခါ ကျွန်တော်တို့အနေနဲ့ စိတ်တွေညစ်၊ စိတ်ဓာတ်တွေကျပြီး ငါတော့ ပြဿနာတက်ပြန်ပြီဆိုပြီး ငယ်ငယ်က ဖတ်ခဲ့တဲ့ တွတ်ပီ ကာတွန်းထဲကလို ဒီနေ့ကံမကောင်းပါလား ဆိုတာမျိုးပဲ စဉ်းစားနေမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ စိတ်ညစ်ရပြီဆိုထဲက ရှုံးနှင့်ပြီးသား ဖြစ်နေပါပြီ။ လူတစ်ယောက်က သူ့မှာ အဆင်မပြေမှုတွေ ဘယ်လောက်ပဲရှိရှိ ပျော်ဖို့လိုပါတယ်၊ စိတ်ချမ်းသာဖို့ လိုပါတယ်။ စိတ်ညစ်နေရပြီဆိုရင် လူဖြစ်ရကျိုး မနပ်တော့ဘူး၊ သူ့အတွက် ပျော်စရာလည်း မကောင်းတော့ပါဘူး။

(၂) အခက်အခဲတွေဟာ ပိုကောင်းလာစေမယ့် အခွင့်အလမ်းတွေပါလို့ မြင်ရင် သင်နည်းလမ်းတွေကို ရှာလာလိမ့်မယ်။

ဒီအခက်အခဲတွေက နောက်တစ်ဆင့်ကို မြှင့်တင်ပေးမယ့် အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ အနေနဲ့ အမြင်ကို ပြောင်းလဲလိုက်ရင် ဒီအခက်အခဲကို နင်းပြီးတော့ ဘယ်ကို တက်လို့ရမှာလဲ ဆိုတာ ကျွန်တော်တို့ စဉ်းစားလို့ ရမယ်။ ပြီးခဲ့တဲ့ တစ်ရက်ကပဲ ဆရာကြီး ဒေါက်တာအောင်ထွန်းသက် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရှင်းပြဖူးတဲ့ ပုံပြင်လေးကို ကျွန်တော်ရဲ့ သားလေးကို ရှင်းပြပါတယ်။ “ရေတွင်းပျက်ထဲကို ကျသွားတဲ့ မြင်းလေးရဲ့ အပေါ်ကနေ လယ်သမားကြီးက သူ့ကို မြန်မြန် သေသွားအောင်ဆိုပြီး မြေကြီးတွေ ပစ်ပစ်ချတာကို မြင်းလေးက အဲဒီမြေကြီးတွေကို နင်းပြီး တဖြည်းဖြည်းချင်း အပေါ်ကို တက်လာခဲ့ပါတယ်”။ ဒီပုံပြင်လေးကို သူ့ပြောပြတဲ့အခါ သားလေးက သဘောကျနေခဲ့တယ်။ ပုံပြင်လေးရဲ့သဘောက အပေါ်ကနေကျလာတဲ့ မြေကြီးတွေက ကိုယ့်ကို သေအောင်သတ်ဖို့ ကျလာပေမယ့် ဒါတွေကို နင်းပြီး တက်သွားတော့ အပေါ်ကို ရောက်သွားတယ်။ ဒါကြောင့် အခက်အခဲတွေဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ့် နည်းလမ်းတွေပါလို့ စဉ်းစားလိုက်ရင် ကျွန်တော်တို့က ဒါကိုအသုံးချလို့ ရမယ့် နည်းလမ်းတွေ ဘာတွေရှိမှာလဲ လို့ စဉ်းစားလာကြပါလိမ့်မယ်။

(၃) အခက်အခဲတွေဟာ မရှိသင့်တဲ့ အရာတွေလို့ သင်မြင်ရင် ဖြစ်လာတဲ့အခါမှာ ပူလောင်နေရမယ်။

အခက်အခဲတွေဟာ ဘဝမှာ မရှိသင့်တဲ့ အရာတွေလို့ မြင်ရင် ကျွန်တော်တို့ အနေနဲ့ ပူလောင်နေရပါမယ်။ ပြောင်းပြန်အနေနဲ့ အခက်အခဲတွေဟာ လောကကြီးမှာ ဖြစ်တတ်တဲ့ သဘောတွေပါလို့ လက်ခံလိုက်ရင် လောကဓံကို ရင်ဆိုင်လို့ရလာပါမယ်။

(၄) အခက်အခဲဆိုတာဟာ ဖြစ်တတ်တဲ့ သဘောတွေလို့ သင်လက်ခံထားရင် လောကဓံကို သင်ပိုပြီးတော့ ရင်ဆိုင်လာနိုင်မယ်။

ကျွန်တော်တို့ရဲ့ ဗုဒ္ဓက အနတ္တလို့ ဟောကြားထားတယ်။ ကျွန်တော်တို့ လူသားတွေက ကိုယ်လိုချင်တာကို ရယူဖို့အတွက် အခက်အခဲတွေကို လွန်မြောက်အောင် ရုန်းကန်ကြတယ်။ ဒါပေမယ့်လည်း အဆုံးစွန်မှာတော့ အရာအားလုံးဟာ အနတ္တဖြစ်ပြီး သူ့သဘော သူဆောင်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အကုန်လုံးကို လိုက်ပြီး မအိုချင်လို့၊ မနာချင်လို့၊ မသေချင်လို့ဆိုတာ ရမှမရတာ။ ဒါကြောင့် ကိုယ်လုပ်လို့ရသလောက် အကောင်းဆုံးလုပ်ပါ။ ကျွန်တော့် ဆရာတစ်ယောက်ဖြစ်တဲ့ Marshall Goldsmith ဟာ World No.1 Executive Coach ဖြစ်ပြီး ကမ္ဘာပေါ်မှာ နာမည်ကျော် ထိပ်တန်း CEO တွေကို Coach လုပ်ပေးရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူနဲ့ ကျွန်တော် အွန်လိုင်းကနေ နှစ်ယောက်ထဲ တစ်နာရီကျော် စကားပြောခွင့်ရပါတယ်။ သူက “လုပ်လို့ရတာတွေကို အကောင်းဆုံးလုပ်ပါ၊ လုပ်လို့ မရတာတွေကို လွှတ်ချလိုက်ပါ လုပ်လို့မရတာတွေအတွက် စိတ်ကို ငြိမ်းချမ်းမှု ယူလိုက်ပါ” လို့ ပြောခဲ့ပါတယ်။ အဲဒါဆိုရင်တော့ ဘဝကြီးက နေလို့ကောင်းသွားမှာ ဖြစ်ပါတယ်။

အခက်အခဲတွေ ရှိတယ်ဆိုရင် ငါတို့ကျော်လွှားလို့ရမယ့် နည်းလမ်း ဘာတွေရှိမှာလဲ ဆိုပြီး စဉ်းစားရပါမယ်။ ပြဿနာလို့ မြင်မယ့်အစား အခွင့်အလမ်းလို့မြင်ရင် ပိုကောင်းတယ်။ တစ်ဖက်မှာဆိုလည်း ဒါတွေက လုံးဝမရှိသင့်ဘူးလို့ မြင်ရင် ပူလောင်ရလိမ့်မယ်။ ဒါတွေက ဖြစ်တတ်တဲ့ သဘောတွေပါလို့ လက်ခံနိုင်သွားရင် လုပ်လို့ရတာတွေကို အကောင်းဆုံး လုပ်နိုင်သလို လုပ်လို့မရတာတွေအတွက် စိတ်က ငြိမ်းငြိမ်းချမ်းချမ်း နေတတ်လာမယ်။ ဒါဆိုရင် ဘဝအနေနဲ့ တိုးတက်တဲ့ အပိုင်းမှာ တိုးတက်လာမယ်။ ပြီးရင် ပူလောင်နေရတဲ့ အတိုင်းအတာကို အများကြီး လျှော့ချလာနိုင်မယ်။ ဒီလောက်ဆိုရင် အားလုံးအတွက် အကျိုးရှိလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်မိပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial