နှလုံးသွင်းမှန်တဲ့ ဦးဆောင်သူဖြစ်လာဖို့ အတွက် အကြံပြုချက် (၃) ချက်

ထိရောက်တဲ့ ဦးဆောင်သူတွေမှာ ရှိသင့်တဲ့ ခံယူချက် (၄) ချက်
June 17, 2020
ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ် ရေးဆွဲတဲ့နေရာမှာ အသုံးပြုနိုင်မဲ့ အကြံပြုချက် (၅) ချက်
June 19, 2020

လောကမှာ နှလုံးသွင်းတာ တွေးခေါ်တာ မှန်တဲ့သူရှိတယ် မမှန်တဲ့သူရှိတယ် ခံယူချက်တွေလည်း မှန်တဲ့သူရှိတယ် မမှန်တဲ့သူရှိတယ် ကိုယ်ရဲ့မိသားစုမှာလည်း ရှိနိုင်တယ် လုပ်ငန်းခွင်မှာလည်း ရှိနိုင်တယ်။ ကိုယ့်ရဲ့ အထက်လူကြီးမှာလည်း ကောင်းတဲ့လူ မကောင်းတဲ့လူ ရှိနိုင်တာပဲ လုပ်ဖော်ကိုင်ဖက်တွေထဲမှာလဲ ရှိနိုင်တယ်။ သူတို့ကိုကြည့်ကြည့်မယ်ဆို ခံယူချက်မှန်တဲ့လူက လူချစ်လူခင်များပြီးတော့ အလုပ်တွေပိုပြီးပြီးနိုင်ပြီးတော့ ခံယူချက် လွဲတဲ့လူတွေကကျတော့ လူတွေနဲ့မတည့်ဘူး အော်ကြော်တွေလန်နေတယ်။ အလုပ်တွေ ထိထိရောက်ရောက် ပြီးမှာမဟုတ်ဘူး သူတို့ကို ကူညီပေးနိုင်တဲ့လူတွေလည်း အများကြီးရှိမှာမဟုတ်ဘူး။ လူတစ်ယောက် နှလုံးသွင်းကောင်းလို့ရှိရင် သူက ကိုယ့်ကိုယ် ပိုပြီးတော့ ပျော်လည်းပျော်ရွင်တယ် ကျွန်တော်တို့ နှလုံးသွင်းတာမှန်လို့ရှိရင် ကိုယ့်ရဲ့ခံယူချက်တွေက ကျနော်တို့ကို ပိုပြီးတော့ ပျော်ရွှင်စေလိမ့်မယ် ပိုပြီးတော့လည်း အောင်မြင်စေလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် အောင်မြင်ချင်တယ် ပိုပြီးတော့ ပျော်ရွှင်ချင်တယ်ဆိုလို့ရှိရင် ကျနော်တို့မှာ ခံယူချက်ကောင်းတွေ ရှိဖို့လို့တယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က ချစ်ခင်လေးစားမူကို လိုချင်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့မှာ မှန်ကန်တဲ့ အတွေးအခေါ်တွေ ရှိဖို့လိုတယ်။ ဒီနေရာမှာ ချစ်ခင်လေးစားမူကို လိုချင်တာ သက်သက်ထက် ကိုယ်က အလုပ်တွေ ထိထိရောက်ရောက် လုပ်ချင်အောင်ဆိုရင် လူတွေတိုင်းရဲ့ ကူညီမူလိုတယ်။ ကိုယ်က ကိုယ့်တစ်ယောက်တည်း ကောင်းစားရေးမဟုတ်ပဲနဲ့ သူတို့အတွက်ကိုပါ ကိုယ့်အနေနဲ့ အကျိုးပြုရမယ်။ သူတို့နဲ့ကိုယ်နဲ့ တွဲခေါ်သွားရမယ် ဒီလိုမျိုး စိတ်မျိုးတွေရှိတော့မှ လူတွေကလည်း ကျွန်တော်တို့ကို ကူညီချင်လာမယ်။ ကျွန်တော်တို့မှာ ရှိသင့်တဲ့ ဒီလိုမျို ခံယူချက်ကောင်းတွေ ရှိလာအောင် အကြံပြချက် (၃) ခု နဲ့ မျှဝေပေးသွား မှာဖြစ်ပါတယ်။

(၁) ခေါင်းဆောင်မူနဲ့ ပက်သက်တဲ့ စာအုပ် ကောင်းကောင်းတွေ ရှာပြီးဖတ်ပါ။ ခေါင်းဆောင်မူနဲ့ ပက်သက်ပြီးတော့ World No.(1) Leadership Expect ဖြစ်တဲ့ John C.Maxwell ရဲ့ 21 Invaluable law of Leadership ဒါက ဘာလဲဆိုရင် ခေါင်းဆောင်မူနဲ့ ပက်သက်ပြီးတော့ ငြင်းပယ်လို့မရတဲ့ ဥပဒေသ (၂၁) ချက်ဖြစ်တယ်။ ဒီစာအုပ်က အင်မတန်ကိုကောင်းတဲ့ စာအုပ်ပဲ။ ကျွန်တော်အရင် Leadership နဲ့ပက်သက်လို့ အများကြီး လေ့လာဖူးတယ် ဒါပေမယ့် အဲဒီစာအုပ်က ကျွန်တော့်ကို မျက်စိပွင့်သွားစေတယ်။ နောက်တခုကတော့ Jack Canfield သူက Leadership စာအုပ်မဟုတ်ဘူး မှန်ကန်တဲ့ အတွေးအခေါ်ကို အများကြီး အထောက်ကူပြုတဲ့ စာအုပ်ဖြစ်တယ်။ Jack Canfield ရဲ့ Success Principle ဆိုတဲ့စာအုပ် ကျွန်တော်က သူရဲ့ Satisfied Trainer လဲဖြစ်တယ်။ Success လို့ ပြောပေမယ့် အများကြီးကို အကျိုးပြုတဲ့ စာအုပ်ဖြစ်တယ်။ အဲဒီတော့ ဒါက ဖတ်မယ်ဆို ဖတ်သင့်တယ် နောက် Marshall Goldsmith ရဲ့ What Got You Here Won’t Get You There အဲဒီအထဲမှာ ဦးဆောင်သူတွေမှာ ရှိတဲ့ အချိုးမပြေတဲ့ အပြုအမူတွေကို အများကြီးကို ထောက်ပြထားတယ်။ ဦးဆောင်သူတွေက တကယ့်ဒိတ်ဒိတ်ကျဲ အောင်မြင်နေတဲ့ ဦးဆောင်သူတွေ အချိုးမပြေတဲ့ အပြုအမူတွေ အများကြီးရှိတယ် ဒါလေးတွေ ကျွန်တော်တို့ လေ့လာလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ပြင်လို့ရတယ် နောက်ထပ် ကောင်းတာကတော့ အတ္ထုပ္ပတ္တိတွေရှာပေါ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အတ္ထုပ္ပတ္တိတို့ ဂန္ဓီရဲ့အတ္ထုပ္ပတ္တိတို့ ဒီလိုမျိုးအတ္ထုပ္ပတ္တိတွေ ဖတ်လို့ရှိရင်လည်း ဘာရမလဲဆိုလို့ရှိရင် သူတို့ ဘယ်လို အကျင့်ကောင်းတွေ ရှိတယ် ကိုယ် ဘာတွေအတုယူလို့ရမလဲ ဒါလေးတွေသိလာမယ်။

(၂) ထင်ရှားတဲ့ ဦးဆောင်သူတွေရဲ့Talk တွေကို နားထောင်ပါ။ စီးပွားရေး လုပ်ငန်းဖက်မှာ အောင်မြင်တဲ့သူတွေ ရှိနိုင်တယ် ဒါမှမဟုတ်ရင် နိုင်ငံရေးနယ်ပယ်မှာ လူတွေလေးစားခြင်းခံထားရတဲ့ ဦးဆောင်သူတွေ ရှိနိုင်တယ် ဒါမှမဟုတ်ရင်လဲ စစ်တပ်တွေမှာ ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီးတွေလဲ ရှိနေနိုင်တယ်။ အမေရိကန် စစ်ဗိုလ်ချုပ်ကြီးတွေ ဒါမှမဟုတ်ရင် အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီး ဒါမျိုးစုံ ရှိနိုင်တာပေါ့ကိုယ်ဟာကိုယ် ရှာပြီးလေ့လာလို့ရတယ်။ ထင်ရှားတဲ့ ဦးဆောင်တဲ့သူတွေရဲ့ Talkတွေ စီးပွားရေး လုပ်ငန်းရှင်တွေ နိုင်ငံရေးနယ်ပယ်က ဦးဆောင်တဲ့သူတွေ ဒါမှမဟုတ် ကိုယ်လေးစားအားကျရတဲ့ ဘယ်နယ်ပယ်ကမဆို ပညာရှင်တွေလည်း ဖြစ်နိုင်တယ်။ သူတို့တွေရဲ့Talk တွေကို နားထောင်လို့ရှိရင် ဘယ်လိုမျိုး အတွေးအခေါ် ဘယ်လို ခံယူချက်တွေနဲ့ ဦးဆောင်ကျသလဲ ဒါလေးတွေကို ကျွန်တော်တို့ လေ့လာရတယ်ဆိုရင် အများကြီး အကျိုးရှိနိုင်တယ်။

(၃) ဦးဆောင်မူ ကောင်းတွေရှိတဲ့ ပတ်ဝန်းကျင်မှာ နေပါ။ ကျွန်တော်တို့ ဘယ်လောက်ပဲ အသံဖိုင်တွေ နားထောင် နားထောင် အဲဒါတွေက ကျွန်တော်တို့ နှလုံးသားထဲကို မဝင်လာနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ခဏ ဖတ်လိုက်တယ် မေ့သွားတယ်။ ကျွန်တော်တို့က အဲ့ဒီပတ်ဝန်းကျင်မှာ သွားနေရပြီဆိုရင် ကျွန်တော်တို့က အပြောအဆိုတွေ အပြုမူတွေ ကျွန်တော်တို့က ကြားရုံသက်သက်မဟုတ်ပဲနဲ့ မျက်စိနဲ့ပါ မြင်နေရတယ်။ အဲ့အခါမှာ ကျွန်တော်တို့က အတုမြင် အတတ်သင် ဆိုတာရှိတယ်။ ကလေးဘဝကဆိုရင် ကျွန်တော်တို့က ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ ဘယ်လိုလုပ်ကြလဲ ဒါတွေကို နမူနာယူပြီးတော့ အတုယူရတယ်။ တကယ် ဦးဆောင်သူကောင်းတွေရှိတဲ့ ပတ်ဝန်းကျင်မှာဆိုလိုရှိရင် သူတို့ဘယ်လိုစဉ်းစားကြလဲ ဘယ်လိုလုပ်ကြလဲ ဘယ်လိုအနစ်နာခံကြလဲ သူတို့ကိုယ်သူတို့ ဘယ်လို Drive လုပ်ကြလဲ ဘယ်လိုမောင်းနှင်ကြလဲ ဒါမှမဟုတ်လို့ရှိရင် ပြတ်သားစရာရှိရင် ဘယ်လိုပြတ်သားကြလဲ ဒါတွေအားလုံးကို ကျွန်တော်တို့ အတုယူလို့ရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ နှလုံးသွင်းမှန်ကန်ဖို့ ကအင်မတန် အရေးကြီးတယ်။

Naing Win Aung (MBA, UK)

Business & Executive Coach

Leadership Development Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership #Coaching #Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial