ထိရောက်မှုရှိတဲ့ ဦးဆောင်သူ တစ်ယောက်ဖြစ်ဖို့ အရေးကြီးတဲ့အရာ (၁) ခု

အောင်မြင်နေတဲ့ လူတစ်ယောက်မှာရှိတဲ့ အားသာချက် (၁) ချက်
August 4, 2020
သင့်ရဲ့စိတ်နေသဘောထားကို ပြောင်းလဲနိုင်ချင်တယ်ဆိုရင်
August 6, 2020

ကျွန်တော်တို့ တစ်နေ့တစ်နေ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြုံနေတဲ့ အဖြစ်အပျက်တွေရှိတယ်။ လူတွေရှိတယ် အဲဒီတော့ ကျွန်တော်တို့ နားလည်ရမှာက ကျွန်တော်တို့ တစ်ခါတစ်လေကျရင် ကိုယ့်ဘဝထဲမှာ မနက်မိုးလင်းကနေ စပြီးတော့ ညဘက်အထိ ကျွန်တော်တို့ ဘယ်လိုယူစလဲဆိုရင် ကိုယ်က ရုပ်ရှင်ကားနဲ့တူတဲ့ ဒီအဖြစ်အပျက်တစ်ခုထဲမှာ အဓိက ဇာတ်ကောင်အနေနဲ့ လက်ခံကြတယ်။
အဓိက ဇာတ်ကောင်အနေနဲ့ လက်ခံတဲ့အတွက်ကြောင့် ကိုယ်က တစ်နည်းပြောရရင် ယောကျာၤးလေးဆိုရင် ကိုယ်က မင်းသား၊ မိန်းကလေးဆိုရင် ကိုယ်ကမင်းသမီး အဲဒီအခါကျတော့ မနက်မိုးလင်းတာကနေစပြီး ညအထိ ကိုယ်က အဓိကဇာတ်ကောင် ပတ်ဝန်းကျင်မှာရှိတဲ့လူတွေ အိမ်က အဖေအမေကစပြီးတော့ လမ်းမှာကိုယ်တွေ့တဲ့သူတွေ ရုံးမှာကိုယ်တွေတဲ့သူတွေ ဒီလူတွေအကုန်လုံးက ဘာလဲဆိုတော့ ဇာတ်ပို့တွေပေါ့။ တစ်နည်းပြောရရင် ကိုယ့်ကို ဘေးနားနေပြီးတော့ ဝင်ဖြည့်ပေးတဲ့လူတွေ ကျွန်တော်တို့ စိတ်ထဲမှာ အလိုလိုနေရင်းနဲ့ အဲဒီလိုမျိုး စိတ်လေးတွေက မသိမသာဝင်နေတတ်တယ်။
တကယ့်တကယ်တမ်းမှာ အဲဒါမမှန်ဘူး။ ဘာလဲဆိုတော့ ကိုယ်က ကိုယ့်ကိုယ်ကိုယ် အဓိက ဇာတ်ကောင်လို့ ထင်နေတဲ့အခါမှာ ပတ်ဝန်းကျင်က လူအားလုံးကလည်း သူ့ကိုယ်သူ အဓိကဇာတ်ဆောင်လို့ ထင်နေကျတာပေါ့။ အဲဒီအခါကျတော့ ပတ်ဝန်းကျင်က လူတွေက ကျွန်တော်တို့ လိုချင်တဲ့ ပုံစံအတိုင်း အမြဲတမ်းလိုက်ပြီး ဆက်ဆံကျမှာ မဟုတ်ဘူး။ ဘာလိုဆို တချို့လူတွေက ရင့်ကျက်မှုရှိတယ်။ တချို့လူတွေက ရင့်ကျက်မှု မရှိဘူး။ တချို့လူတွေက စိတ်နေသဘောထား ကောင်းတယ်။ တချို့လူတွေက စိတ်နေသဘောထား မကောင်းဘူး။
ဆိုလိုတဲ့သဘောက အဲဒီလိုမျိုး မျိုးစုံရှိတဲ့ လူတွေကြားထဲမှာ ကျွန်တော်တို့ တစ်နေ့တစ်နေ့ ဒီလိုမျိုးစုံ လူတွေနဲ့ကြုံရတဲ့အခါမှာ ကျွန်တော်တို့ သူတို့ကို ဘယ်လိုသဘောထားလည်း သူတို့ ကျွန်တော်တို့ကို တစ်ခုခု ဆက်ဆံလာတဲ့အခါမှာ ကျွန်တော်တို့ ဘယ်လိုမျိုး အဓိပ္ပာယ်ဖွင့်လည်း အဲဒါက အရမ်းအရေးကြီးတယ်။ ဒီတိုင်းပဲ အဖြစ်အပျက်တွေ အခြေအနေက အမြဲကောင်းနေမှာမဟုတ်ဘူး။ တချို့နေ့တွေမှာ ကောင်းမယ်၊ တချို့နေ့တွေမှာ မကောင်းဘူး၊ တချို့နေ့တွေမှာ သာယာမယ်၊ တချို့နေ့တွေမှာ ပူလောင်မယ်။ အဆင်မပြေဘူး။
အဲဒီတော့ အဲဒီလို မျိုးစုံပြောင်းလဲနေတဲ့ အခြေအနေမှာ ကျွန်တော်တို့က ဒီလိုအခြေအနေတွေကို ဘယ်လိုမျိုး နှလုံးသွင်းသလဲ၊ ဘယ်လိုမျိုးတုံ့ပြန်သလဲ ဒါကကျွန်တော်တို့ရဲ့ ရလဒ်တွေကို ဆုံးဖြတ်တယ်။ ကျွန်တော်တို့ရဲ့ဘဝကို ဆုံးဖြတ်တယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းအောင်မြင်မှု အခြေအနေတွေကို ဆုံးဖြတ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ပျော်ရွှင်အောင် လုပ်ပေးမယ့်အရာက ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေ မဟုတ်ဘူး။ ပျော်ရွှင်အောင် လုပ်ပေးမယ့် အရာက ကျွန်တော်တို့ရဲ့စိတ်နေသဘောထား ဖြစ်တယ်။
ဘာဖြစ်လဲဆိုတော့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ အောင်မြင်နေပါစေ မကောင်းမြင်တဲ့စိတ်က သိပ်များနေမယ်ဆိုရင် သူဘယ်လိုမှ အောင်မြင်နေတဲ့ အခြေအနေ၊ ကောင်းနေတဲ့ အခြေအနေကို ဘယ်လိုမှ တင်းတိမ်နိုင်မှာ မဟုတ်ဘူး။ ဘယ်လိုမှ ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။ ဒီနေရာမှာ ရောင့်ရဲဆိုလို ကျွန်တော်က မကြိုးစားရဘူး မပြောဘူး။ ရည်မှန်းချက် မမြင့်ရဘူး မပြောဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ တစ်ဖက်ကလည်း ကြိုးစားအားထုတ်မှုတွေ လုပ်နေရသလို တစ်ဖက်မှာလည်း ကျေးဇူးတင်တဲ့ စိတ်လေးရှိဖို့လိုတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့အချိန် ကောင်းတာလေးတွေ ဘာရှိလဲ ကျေနပ်တတ်ဖို့လိုတယ်။ ဒီလိုမျိုး စိတ်လေးရှိလာမယ်ဆိုရင် ကိုယ့်ဘဝက ပျော်ရွှင်မှုလဲ ရလာမယ်။ လူတစ်ယောက်က အောင်မြင်ရင် အောင်မြင်မယ်။ အောင်မြင်မှုတော့ရတယ် မပျော်ဘူးဆိုရင် လူ့ဘဝက အလကားပဲ။ အဲဒီတော့ ကျွန်တော်တို့က စိတ်ထဲမှာ ပျော်ရွှင်မှုပဲ ရှိဖို့လိုတယ်။ တစ်ဖက်က အောင်မြင်မှုကိုလည်း ရယူနိုင်ဖို့ ကြိုးစားဖို့လိုတယ်။
လူတစ်ယောက်က ပျော်ရွှင်မှုမပါတဲ့ အောင်မြင်မှုက အလကားပဲ။ Tony Robbins ကပြောတယ် သူပြောတာ ကျွန်တော်အနေနဲ့ လက်ခံတယ်။ အဲဒီတော့ အရေးကြီးတာဘာလဲ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ရဲ့စိတ်ကို ကောင်းကောင်းမွန်မွန် ထိမ်းသိမ်းထားနိုင်ဖို့ ပြီးသွားရင် ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ အဲဒီအတွက်ကို ကျွန်တော်တို့အနေနဲ့ ကြိုးစားရမယ်။ အဲဒီတော့ ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ စိတ်နေသဘောထားလေးကို ကိုယ့်ဟာကို ပြန်ပြီးသုံးသပ်ကြည့်ပါ။ ကိုယ်ဘာတွေ ပြုပြင်ရမလဲ ဆင်ချင်ကြည့်ပါ။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial