ဆက်ခံခြင်း အစီအစဉ်ထားရှိခြင်းရဲ့ အကျိုးကျေးဇူး (၄) ခု

ဖော်ဖော်ရွေရွေ ရှိခြင်းကနေ ဦးဆောင်သူတွေ ရလာနိုင်မယ့် ရလဒ် (၅) ခု
December 8, 2020
အသင်းအဖွဲ့တွေမှာ ပန်းတိုင်သတ်မှတ်ထားသင့်တဲ့ အကြောင်းရင်း (၅) ခု
December 11, 2020

ကျွန်တော်ရဲ့ ဆရာဖြစ်သူ Dr. William Rothwell က စီးပွားရေး လုပ်ငန်းတွေ၊ မိသားစု လုပ်ငန်းတွေ ပျက်ဆီးရတဲ့ အကြောင်းအရင်းထဲမှာ ဝင်ငွေ လည်ပတ်တာက နံပါတ် (၁) ဆိုရင် ဆက်ခံတဲ့သူ မရှိတာက နံပါတ် (၂) ဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်တော့် အသက်အရွယ် နဲ့ဆိုရင် သူတို့ပြောသလောက်ကို မြင်နိုင်ဖို့ဆိုတာ နည်းနည်း ခက်ပါတယ်။ ဒါပေမယ့် ရပ်ကွက်တွေထဲရှိတဲ့ လုပ်ငန်းလေးတွေမှာ အဖေ၊ အမေ မရှိတော့လို့ ရပ်သွားတာမျိုးတွေကိုတော့ ကျွန်တော်တို့ မြင်ရပါတယ်။

ကျွန်တော်တို့ တာဝန်ယူဖူးတဲ့ လုပ်ငန်းကြီးတွေမှာ အပေါ်က ကျွမ်းကျင်တဲ့ လူတစ်ယောက် မရှိတော့တဲ့အချိန် နောက်တစ်ယောက်ကို ထပ်ဖြည့်တဲ့အခါ ယိုင်သွားတာမျိုးတို့ ဖြစ်နိုင်ပါတယ်။ ဥပမာ စားသောက်ဆိုင်တွေမှာ စားဖိုမှူးကောင်းကောင်း မရှိတော့ရင် ထပ်ဝင်လာတဲ့ စားဖိုမှူးက Quality ပြောင်းသွားတဲ့အခါ Customer တွေ မလာတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆံပင်ညှပ်ဆိုင်လိုတွေမှာ ဆံပင်ညှပ်တဲ့သူကို ကြိုက်လို့ လာနေကြပေမယ့် သူလည်း မရှိတော့ရော လုပ်ငန်းခွဲတဲ့နေရာကို ရောက်သွားပြီး မူလဆိုင်ကို လူတွေ မသွားတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေက Succession Plan နဲ့ပတ်သက်ပြီး အားနည်းတဲ့ လက္ခဏာမျိုးတွေပါ။

(၁) တစ်ယောက်မရှိလို့ လုပ်ငန်း ရပ်သွားတာမျိုးကို ရှောင်ကြဉ်နိုင်မယ်။

တစ်ယောက်မရှိတော့ရင် လုပ်ငန်းက ရပ်သွားတာမျိုးတွေကို ရှောင်ကြဉ်လို့ ရပါတယ်။ ဒါက အားလုံးရဲ့ သဘောထား ကြီးမှုသာမက အပေါ်က Leader တွေရဲ့ ဝန်ထမ်းတွေကို နားလည်အောင် ရှင်းပြပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ကိုတိုင်လည်း နားလည်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ကိုယ်မရှိတာနဲ့ လုပ်ငန်း အကုန်လုံးရပ်ပြီး ဆိုင်ပိတ်လိုက်ရမှာပါ။ ဆိုလိုတာက လုပ်ငန်းက ဆက်ပြီးတည်တံ့နေပါမှ ကိုယ်နဂိုက ရည်မှန်းတဲ့ အလုပ် အဖွဲ့အစည်းကိုလည်း အကျိုးပြုနိုင်မယ်။ ဝန်ထမ်းတွေလည်း ဆက်ပြီးတော့ ရပ်တည်နိုင်မယ်။ ဒါကြောင့် တစ်ယောက်မရှိလို့ လုပ်ငန်းရပ်သွားတာမျိုးကို ရှောင်ကြဉ်လို့ ရပါမယ်။

(၂) လုပ်ငန်းထဲမှာ ပိတ်မိတာမျိုး မဟုတ်ဘဲ စိတ်ငြိမ်းချမ်းစွာ အနားယူလို့ ရလာမယ်။

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းထဲမှာ ပိတ်မိပြီး ကိုယ်မရှိတဲ့အခါ အလုပ်က လည်ပတ်လို့မရတော့ ကိုယ်က ခရီးသွားလို့လည်း မရ၊ တရားစခန်းသွားလို့လည်း မရ၊ ဟိုသွားလို့လည်း မရ၊ ဒီသွားလို့လည်း မရဘူး ဆိုတာမျိုး ဖြစ်မနေတော့ဘဲ စိတ်ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အနားယူလို့ ရတာမျိုး၊ အနားယူချိန်မှာလည်း ဖုန်းပိတ်ပြီး နားလို့ ရအောင် ကိုယ့်ရဲ့ Team Member တွေက အကောင်းဆုံး လုပ်နေကြလိမ့်မယ် ဆိုတာ ကိုယ်က သေချာနေပြီး အဲဒီအတွက် စိတ်ပူစရာ မလိုဘူးဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်လာပါမယ်။ ဒီလိုလုပ်ငန်းထဲ ပိတ်မိတာမျိုး မဟုတ်ဘဲ စိတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူနိုင်ဖို့က Succession Plan တွေ ရှိဖို့ အများကြီးအရေးကြီးတယ်။

(၃) လူအပိုတွေ လေ့ကျင့်ပေးထားတဲ့အတွက် လုပ်ငန်းချဲ့ထွင်တဲ့ နေရာမှာပါ အကျိုးရှိလာနိုင်ပါတယ်။

ဝန်ထမ်းအပိုတွေကို ကျွန်တော်တို့က လေ့ကျင့် သင်ကြား ပေးထားတဲ့အတွက် လုပ်ငန်းချဲ့ထွင်တဲ့နေရာမှာ အကျိုးရှိတယ်။ ဥပမာ ပထမကတော့ Succession Plan အနေနဲ့ ထားတာပါပဲ။ ဒါပေမယ့် လုပ်ငန်းက အင်မတန် အားကောင်းတဲ့အခါ Group ကလည်း Potential အနေနဲ့ အမြဲရှိနေတဲ့အခါ လုပ်ငန်း ခွဲလိုက်တဲ့အချိန်မှာ ခုနက အပိုထားထားတဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွဲကို ပို့လိုက်မယ်ဆိုရင်၊ မူလ လုပ်ငန်းအတွက်ရော လုပ်ငန်းခွဲအတွက်ပါ လူတွေထပ်ပြီး လေ့ကျင့်ပေးမယ်ဆိုရင်၊ နောက်ထပ်ပြီး နောက်ထပ် လုပ်ငန်းတွေ ထပ်ခွဲဖို့အတွက် အဆင်ပြေနိုင်မှာပါ။

အဲဒီတော့ အရေးကြီးတဲ့ Position တွေမှာ အဓိကက ၂ ယောက်၊ ၂ယောက်စီလောက် အပိုထားထားဖို့ လိုပါတယ်။ တချို့ လုပ်ငန်းအသေးလေးတွေ အနေနဲ့ ၂ ယောက် အပိုထားဖို့ မလွယ်တဲ့အခါ ဌာန တွေ A, B, C ဆိုပြီး ၃ ခုရှိတယ်ဆိုရင် A ကလူက B အလုပ်ရော C အလုပ်ပါ လုပ်တတ် ရပါမယ်။ C ကလူကလည်း A အလုပ်ရော B အလုပ်ပါ လုပ်တတ်ရပါမယ်။ အားလုံးကို အပြန်အလှန် လေ့ကျင့်ပေးထားမယ် ဆိုတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက လူအပိုတွေကို လေ့ကျင့်ပေးထားရင် လုပ်ငန်း ချဲ့ထွင်ရာမှာ အဆင်ပြေမယ်။

(၄) ဆင့်ကဲ ဆင့်ကဲ မြှင့်တင်ပေးတယ်လို့ ခံစားရတဲ့အတွက် ဝန်ထမ်းတွေ ပိုပြီးတော့ စိတ်အား တက်ကြွလာမယ်။

ဝန်ထမ်းတွေအနေနဲ့ သူတို့တွေကို ဆင့်ကဲ ဆင့်ကဲ မြှင့်တင်ပေးတယ်လို့ ခံစားရရင် ပိုပြီးတော့ စိတ်အား တက်ကြွလာပါလိမ့်မယ်။ ကိုယ်တွေအတွက် တက်လမ်းရှိပါသေးလား ဆိုပြီး ခံစားချက်မျိုး ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဌာနဆိုင်ရာပိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့အပိုင်း မဟုတ်ပေမယ့် ဥပမာအနေနဲ့ အပေါ်မှာ လူကြီးရှိနေမယ်ဆိုရင် ဝန်ထမ်းအတွက် အပေါ်ကို တက်စရာမရှိဘူး။ ဌာနဆိုင်ရာ လုပ်ငန်းတိုးချဲ့မယ်ဆိုတာက ယျေဘုယျအားဖြင့် နည်းမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ အပြင်ကုမ္ပဏီတွေမှာ ရှင်းတာက လုပ်ငန်းရဲ့ တိုးတက်မှုအပေါ်မှာ မူတည်ပြီး အမြဲတမ်း လုပ်ငန်းချဲ့ထွင်လို့ ရပါတယ်။ အရင်က မန်နေဂျာ တစ်ယောက်ထဲ ရှိရာက Branch ၂ ခုဖြစ်သွားရင် မန်နေဂျာ ၂ ယောက်ဖြစ်လာမယ်။ Branch ၁၀ ခုဖြစ်လာရင် မန်နေဂျာ ၁၀ ယောက်ဖြစ်လာပါမယ်။

အဲဒီအတိုင်း Branch ဖွဲ့စည်းပုံအရ Assistant Manager တွေဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဒါမှမဟုတ် အပေါ်မှာဆိုလည်း Director position မျိုးအထိ ဒီလိုမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလိုဆိုရင် ဆက်ခံခြင်း အစီအစဉ်အရ တစ်ဆင့်ပြီး တစ်ဆင့်ကိုယ်က မြှင့်တင်သွားတဲ့အခါ ဝန်ထမ်းတွေရဲ့ စိတ်ထဲ မိမိတို့ ဒီမှာပဲ ရပ်နေရတော့မှာ မဟုတ်ဘူး။ နောက် ၆ လ၊ ၁ နှစ် ဒါမှမဟုတ် ၃ နှစ်လောက်ဆိုရင် ဘယ်လောက်အထိ တက်သွားနိုင်တယ် ဆိုတာမျိုးကို သူတို့သိလာတဲ့အခါ သူတို့အနေနဲ့ ပိုပြီး စိတ်အားတက်ကြွမှုတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ Succession Plan တွေထားပါ။ Succession Plan တွေရှိတဲ့အခါ ဘာကောင်းမွန်မှာလဲဆိုရင် (၁) တစ်ယောက်မရှိတဲ့အခါ လုပ်ငန်းတွေရပ်သွားတာမျိုးတွေ ရှောင်လို့ရမယ်။ (၂) လုပ်ငန်းမှာ ပိတ်မိနေတာမျိုး မဟုတ်ဘဲ စိတ်အေးချမ်းသာစွာ အနားယူနိုင်မယ်။ (၃) လူအပိုတွေကို လေ့ကျင့်ပေးထားတော့ လုပ်ငန်းကို ကောက်ခါငင်ခါ ထပ်ချဲ့မယ်ဆိုလည်း အဆင်ပြေနိုင်မယ်။ (၄) ဆင့်ကဲ ဆင့်ကဲ မြှင့်တင်ပေးတယ်လို့ ခံစားရတော့ ဝန်ထမ်းတွေလည်းပိုပြီး ပျော်ရွှင်ကြလိမ့်မယ်။

ဒါတွေက မိတ်ဆွေတို့ အားလုံးအတွက် အကျိုးရှိလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သတ်ပြီး ကိုယ့်ရဲ့လုပ်ငန်းကို တိုးတက်အောင် လုပ်ဖို့အတွက် ဘယ်လိုလုပ်နိုင်မှာလဲ ဆိုတာကို အဖြေရှာချင်တယ်၊ Plan တွေကို ဆွဲချင်တယ်ဆိုရင် ကျွန်တော်တို့ Breakthrough နဲ့ Coaching တွေ၊ Service တွေကို စုံစမ်းလို့ရပါတယ်။ ကျွန်တော်ရဲ့ Page ကို Message ပို့ပြီး တိုင်ပင်လို့ရပါတယ်။ ကျွန်တော်တို့ဘက်မှ တာဝန်ရှိသူ တစ်ယောက်ယောက်က ပြန်လည်ချိန်းဆိုပြီး ရှင်းပြပေးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Breakthrough Training and Coaching Consultant Page ကိုလည်း message ပို့ထားလို့ ရပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial