ခေါင်းဆောင်မှုအရည်အချင်းကို တိုးတက်လာစေဖို့ လုပ်သင့်တဲ့ အရိုးရှင်းဆုံး နည်းလမ်း (၅) ခု

ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ လုပ်ငန်းခွင်ကို တည်ဆောက်နိုင်ဖို့ အရေးကြီးတဲ့ အကြံပြုချက် (၅) ခု
September 25, 2020
အသက်ကြီးလာတာနဲ့အမျှ ကိုယ့်စည်းကမ်း ကိုယ်ထိန်းဖို့ အရေးကြီးလာတဲ့ အကြောင်းအရင်း (၄) ခု
October 17, 2020

ခေါင်းဆောင်မှုအရည်အချင်းကို တိုးတက်လာစေဖို့ လုပ်သင့်တဲ့ အရိုးရှင်းဆုံး နည်းလမ်း (၅) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ခေါင်းဆောင်မှု အရည်အချင်းက အင်မတန်အရေးပါတယ်။ John C Maxwell တို့ Marshall Goldsmith တို့ဆီကနေ လေ့လာရတယ်။ ဆရာကြီးဒေါက်တာအောင်ထွန်းသက်ကလည်း အမြဲတမ်းမျှဝေပေးတယ်။ ဘာလို့လည်းဆိုတော့ ကမ္ဘာပေါ်က ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေက ဘယ်တော့မှ တစ်ယောက်ထဲ လုပ်လို့မရဘူး။ သူတို့ကို ဝိုင်းကူပေးတဲ့ သူတွေရှိတယ်။ ကျွန်တော်တို့က လူတွေကို အတင်းအကျပ် ချိန်းခြောက်ပြီး ခိုင်းလို့ရပေမယ့် သူတို့ရဲ့စေတနာမပါတဲ့အတွက် လုပ်နိုင်စွမ်းတွေကလည်း အကောင်းဆုံးဖြစ်မှာ မဟုတ်ဘူး။ အဲဒီအတွက် သူတို့စေတနာပါပါနဲ့ လုပ်နိုင်စွမ်းတွေ အကုန်လုံးအသုံးချပြီး လုပ်အောင် ဦးဆောင်နိုင်မယ်ဆိုရင် ရလဒ်တွေက ပိုပြီးတော့ကောင်းမယ်။

(၁) ခေါင်းဆောင်မှု စာအုပ်တွေဖတ်ပါ။

ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို အရင်ဆုံးမဝယ်ဘဲ ကိုယ်နားလည်လွယ်တဲ့ စာအုပ်ကို ဝယ်ရမယ်။ တစ်ချို့ဘာသာပြန်စာအုပ်တွေက ဘာသာပြန်တဲ့သူက အကြောင်းအရာကို သေချာနားမလည်ဘဲ ပြန်လိုက်တဲ့အတွက် ဖတ်လို့အဆင်မပြေတာတွေ ရှိနိုင်တယ်။ အဲဒီအခါကျတော့ ဘာသာပြန်တာကျတော့ ကောင်းတဲ့သူရဲ့ စာအုပ်တွေကို ဖတ်ပါ။ ဖြစ်နိုင်ရင် အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ပါ။ အင်္ဂလိပ်လို ဖတ်တဲ့အခါမှာ ကိုယ့်ရဲ့ င်္အ်လိပ်စာ အရည်အချင်းလည်း တိုးတက်လာတဲ့အတွက် အဆင်ပြေတယ်။

(၂) ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်ပါ။

ခေါင်းဆောင်မှုက မွေးထဲက မတက်တဲ့အတွက် လေ့လာသင်ယူလို့ရတယ်။ တစ်ချို့တွေကျတော့ လုပ်ရင်း ကိုင်းရင်းနဲ့ အတွေ့အကြုံကနေတစ်ဆင့် ရမယ်လို့ထင်တယ်။ အတွေ့အကြုံက လိုပေမယ့် ကိုယ့်ရဲ့ အသိပညာနဲ့ ဗဟုသုတအတွက် သင်တန်းတက်ရမယ်။ ကျွန်တော်တို့ Leadership သင်တန်းတွေမှာ အကြောင်းအရာတွေ ပြောပြပြီး သူဘာတွေမှားနေလည်း ဘာတွေပြုပြင်သင့်လည်းဆိုတာကို သူကိုယ်တိုင် သိလာအောင်ပြောပြတယ်။

ငါဘာတွေနဲ့ပတ်သက်ပြီး ဘယ်တုန်းက မှားခဲ့လည်းဆိုတာတွေ ဘယ်နေရာမှာတော့ ငါလုပ်တာလေးက မဆိုးဘူး ဘယ်နေရာမှာတော့ ငါတိုးတက်အောင် လုပ်ရမယ်ဆိုတာကို သိလာတယ်။ ကျွန်တော်တို့ဆီမှာမှ မဟုတ်ပါဘူး။ တစ်ခြားဘယ်နေရာမှာ တက်တက် Leadership နဲ့ပတ်သက်ပြီး စနစ်တကျ လေ့လာမှုတွေ လုပ်သင့်တယ်။ သင်တန်းတွေ တက်တဲ့အခါ ဘာတွေပြင်ရမလဲဆိုတာ သိတဲ့အတွက် ကိုယ့်ရဲ့ခေါင်းဆောင်မှု အရည်အချင်းကို အများကြီး အထောက်အကူပြုတယ်။

(၃) ခေါင်းဆောင်မှု အရည်အချင်းမြင့်တဲ့သူဆီကနေ လေ့လာပါ။

ခေါင်းဆောင်မှု အရည်အချင်းမြင့်တဲ့သူကို လုပ်ငန်းခွင်မှာ ကြည့်ရင်သိနိုင်တယ်။ လူတွေက သူပြောရင် လုပ်ချင်ကြတယ်။ သူ့ကိုဆို လူတွေက မှန်တဲ့အတွက်ကြောင့် လေးစားချစ်ခင်ပြီး အနည်းငယ်လည်း ကြောက်ကြတယ်။ အဲဒီအတွက် သူပြောရင် မလုပ်ရင်မရဘူး။ တစ်ချို့ကျတော့လည်း ဘယ်လောက်ပြောပြော လူတွေက သူ့ကိုချစ်ပေမယ့် မလုပ်ကြဘူး။ ဒါကျတော့ Leader မဟုတ်တော့ဘူး။ ကိုယ်က လုပ်ငန်းရှင် ဖြစ်နေတယ်ဆိုရင်လည်း ကိုယ့်ရဲ့ခေါင်းဆောင်မှု အရည်အချင်း မြင့်တက်အောင် လမ်းပြပေးနိုင်မယ့် Coach တွေ Mentor တွေကို လမ်းညွှန်ခိုင်းသင့်တယ်။

(၄) တိုးတက်အောင်လုပ်သင့်တဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကို စာရင်းပြုစုပါ။

ခေါင်းဆောင်မှု အရည်အချင်းက အများကြီးပဲ Dictionary စာအုပ်ကိုလှန်ပြီး ကောင်းတဲ့ စကားလုံးတွေကို အမှန်ခြစ်လိုက်။ အဲဒါတွေအကုန်လုံးက ခေါင်းဆောင်မှုတွေပဲ။ ကိုယ့်အတွက် လိုအပ်တဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကို စာရင်းပြုစုထားမှ ကိုယ်တကယ်
မြှင့်တင်ဖို့လိုနေတာ ဘာတွေလည်း သိရမှာဖြစ်တယ်။ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ပတ်သက်ပြီး ကိုယ်လိုအပ်တာလေးတွေကို စာရင်းပြုစုထားတာက အများကြီး ပိုပြီးတော့ အကျိုးရှိပါတယ်။

(၅) အချိန်ကာလတစ်ခု သက်မှတ်ပြီး ခေါင်းဆောင်မှု အရည်အချင်းတိုးတက်သွားအောင်လုပ်ပါ။

တစ်ချို့ဟာလေးတွေက တစ်ပြိုင်ထဲ ၂ခု၊ ၃ခု လုပ်လို့ရတာတွေရှိတယ်။ တစ်ချို့ဟာတွေကျတော့လည်း တစ်ကြိမ်မှာ ၁ခုပဲ လုပ်လို့ရတဲ့အတွက် ကိုယ်က အဲဒါလေးတွေကို သတိထားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်သွားမယ်ဆိုရင် အချိန်ကာလတစ်ခုအတွင်းမှာ

ကိုယ့်ရဲ့ခေါင်းဆောင်မှုက အများကြီး တိုးတက်လာလိမ့်မယ်။ ဆိုလိုတာက ခေါင်းဆောက်မှုနဲ့ ပတ်သက်ပြီး စာအုပ်တွေဖတ် သင်တန်းတွေတက်တာ ကောင်းတယ်။

အရှေ့က နမူနာပြ လုပ်ပြီးသားသူတွေဆီက လေ့လာသင်ယူတာ ကောင်းတယ်။ ကိုယ့်မှာလိုနေတဲ့ ခေါင်းဆောင်မှုဇယားတွေကို စာရင်းပြုစုပြီး အချိန်ကာလ တစ်ခုသတ်မှတ်ပြီး ဘယ်ကာလမှာ ဘာတိုးတက်လာရမယ်ဆိုတာကို သေချာသတ်မှတ်လိုက်မယ်ဆိုရင် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ တိုးတက်မှုကို စပြီးခံစားရပြီး ၅နှစ်၊ ၁၀နှစ်အကြာမှာ ကိုယ့်ကိုယ်ကိုယ် မမှတ်မိနိုင်လောက်အောင် လူတွေ အများကြီးကို ဦးဆောင်တဲ့သူတစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial