ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ John F. Kennedy ရဲ့ အဆိုအမိန့် (၁) ခု

ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖန်တီးဖို့ လုပ်နိုင်တဲ့အချက် (၅) ချက်
October 31, 2020
အသင်းအဖွဲ့တည်ဆောက်ဖို့ အရေးကြီးရတဲ့ အကြောင်းအရင်း (၃) ခု
November 3, 2020

ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ John F. Kennedy ရဲ့ အဆိုအမိန့် (၁) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အမေရိကန်သမ္မတ John F. Kennedy က ဘာပြောလဲဆိုတော့ ခေါင်းဆောင်မှုနဲ့ လေ့လာသင်ယူမှုက တစ်ခုနဲ့တစ်ခု အပြန်အလှန် မရှိမဖြစ် လိုအပ်တယ်။ ခေါင်းဆောင်မှုက Leadership ဖြစ်ပြီး လေ့လာသင်ယူမှုက Personal Growth ဖြစ်ပါတယ်။ ခေါင်းဆောင်မှုက လေ့လာသင်ယူမှု မရှိဘဲ တိုးတက်နိုင်လားဆိုတော့ သူ့အနေနဲ့ တိုးတက်မှုက အကန့်အသတ်ရှိနိုင်တယ်။

ကျွန်တော့်ဆရာ John C. Maxwell ရဲ့ အဆိုအမိန့်တခုကို ကိုးကားရမယ်ဆိုရင် “အရာအားလုံးက ခေါင်းဆောင်မှုအပေါ် မူတည်ပြီး မြင့်တက်တယ်၊ နိမ့်ကျကြပါတယ်”။ မိသားစုမှာပဲဖြစ်ဖြစ် လုပ်ငန်းမှာပဲဖြစ်ဖြစ် ခေါင်းဆောင်မှုမြင့်ရင် သူ့ဘဝက မြင့်မှာဖြစ်ပြီး ခေါင်းဆောင်မှု နိမ့်လေ ဘဝတက်လမ်းက အကန့်အသက်မရှိ နိမ့်လေပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက လူတစ်ယောက်က လေ့လာသင်ယူမှုကို ဆက်ပြီးလုပ်နေမယ်ဆိုရင် သူ့ရဲ့ဘဝက ဆက်ပြီး တိုးတက်နေမှာဖြစ်တယ်။ လေ့လာသင်ယူမှု မလုပ်တဲ့အခါမှာ သူ့ဘဝက တိုးတက်မှု ရပ်တန့်နေမှာ ဖြစ်ပါတယ်။ သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် လေ့လာသင်ယူမှု မရှိဘဲနဲ့ ခေါင်းဆောင်ဆိုတာ မဖြစ်နိုင်ဘူး။

နယ်ပယ်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေ့ရဲ့ လေ့လာမှုဟာ တစ်နည်းနည်းနဲ့ အားကောင်းနေတယ်ဆိုတာကို ကျွန်တော်တို့ ခန့်မှန်းကြည့်လို့ ရတယ်။ တစ်ချို့တွေက သူတို့ရဲ့ ကျောင်းပညာရေးမှာ သင်ကြားခံရတာဖြစ်ပေမယ့် တစ်ချို့တွေက ဘဝထဲမှာ သင်ယူနေကြတာဖြစ်နိုင်ပါတယ်။ သူတို့ပတ်ဝန်းကျင်က အရည်အချင်းရှိတဲ့သူဆီမှာ လေ့လာတာဖြစ်ရင်ဖြစ်မယ်။ စာအုပ်ဖတ်တာ ဖြစ်ရင်ဖြစ်မယ်။ အဲဒီအတွက် လေ့လာသင်ယူမှုမရှိဘဲ ခေါင်းဆောင်မှုကို သေသေချာချာ သွားလို့ရမယ်လို့ ကျွန်တော့်အနေနဲ့ မယုံကြည်ဘူး။

လေ့လာသင်ယူမှု အားနည်းတဲ့သူက ခေါင်းဆောင်ဖြစ်သွားရင် သူ့အနေနဲ့ ဘယ်လိုမှ ထိရောက်မှာမဟုတ်ဘူး။ ခေါင်းဆောင်နေရာကို ရောက်နေပေမယ့်လည်း လူတွေက လေးစားမှာ မဟုတ်သလို သူ့ရဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေကလည်း ထိရောက်သင့်သလောက် ထိရောက်မှာ မဟုတ်ဘူး။ အဲဒီအတွက် လေ့လာသင်ယူမှုမရှိဘဲ တကယ်ကို အားကောင်းတဲ့ ဦးဆောင်သူတစ်ယောက် ဖြစ်မလာနိုင်ဘူး။

လူတစ်ယောက်က သူ့ကိုယ်သူလည်း ဦးမဆောင်ချင်၊ အများကိုလည်း ဦးမဆောင်ချင်ဘဲ လေ့လာသင်ယူမှုတွေ အများကြီးလုပ်ထားရင်ရော။ လူတစ်ယောက်က သူ့ကိုယ်သူလည်း ဦးမဆောင်နိုင်၊ အများကိုလည်း ပြန်ပြီးဦးဆောင်တာ မျှဝေတာမျိုးတွေ မလုပ်ရင် သူလေ့လာသင်ယူထားတာတွေက အလကားပါပဲ။ စာအုပ်တွေဖတ်ပြီး အသုံးမချရင်လည်း ဒါဟာ အလကားပဲ။ အဲဒီအတိုင်းပဲ၊ သူ့အလုပ်တော့ သူလုပ်တယ်။ အခြားသူတွေကို မျှဝေပေးချင်စိတ် မြှင့်တင်ပေးလိုစိတ် မရှိရင် ခေါင်းဆောင်မှု မရှိဘူးလို့ပဲ ပြောရမှာပါ။ အခုပြောတာတွေကတော့ အမေရိကန်သမ္မတပြောဖူးတဲ့ ခေါင်းဆောင်မှုနဲ့ လေ့လာမှုပဲ ဖြစ်ပါတယ်။ အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial