ခေါင်းဆောင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်း (၇) ခု

သင့်ရဲ့ မကောင်းတဲ့ အတွေးတွေကို ဖယ်ရှားနိုင်ဖို့ ကျွန်တော်ပေးနိုင်တဲ့ အကြံပြုချက် (၇) ချက်
September 21, 2020
လုပ်ငန်းရှင်တွေ လက်တွေ့လုပ်ငန်း လုပ်ဆောင်တဲ့အခါ အရေးပါတဲ့ အချက် (၄) ချက်
September 23, 2020

ခေါင်းဆောင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်း (၇) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ခေါင်းဆောင်မှုဆိုတာ အခုပိုပြီး အရေးပါလာတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါမှာ
ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကိုယ့်ကိုယ်ပြန်ပြီး ကူညီလာစေဖို့ သူတို့ ကိုယ်ပြောတာကို
နားထောင်ဖို့ဆိုရင် သူတို့ကိုယ့်ကို လေးစားနိုင်လောက်တဲ့ အရေးပါတဲ့ အရည်အချင်းတွေ
မရှိဘူးဆိုရင် သူတို့ကိုယ့်ကို ဘယ်လိုမှ ကိုယ်ပြောတဲ့စကားကို နားထောင်ဖို့ ခဲယဉ်းတယ်။

(၁) အကျင့်စာရိတ္တ ကောင်းရမယ်။

အကျင့်စာရိတ္တမကောင်းတဲ့ ဦးဆောင်သူလက်အောက်မှာ ဘယ်သူမှ အလုပ်လုပ်ချင်မှာ
မဟုတ်ဘူး။ အကျင့်စာရိတ္တမကောင်ဘူး အရည်အချင်း ကောင်းတယ်ဆိုရင်လည်း အဆင်မပြေဘူး။
အကျင့်စာရိတ္တ အမြင့်ဆုံးဖြစ်ဖို့ ဘယ်သူမှရှိမနေတဲ့ အချိန်မှာတောင် ကိုယ်က
အကောင်းဆုံးနေရမယ်။ ဘယ်သူမှမရှိတဲ့ အချိန်မှာတောင် မကောင်းတာတွေ မလုပ်ရင် ကိုယ့်ရဲ့

အကျင့်စာရိတ္တက မှတ်ကျောက်တင်နိုင်လောက်တယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့အကျင့်စာရိတ္တကို
ဘယ်နေရာလေးတွေမှာ အားနည်းနေလည်းဆိုတာကို တစ်ဖြည်းဖြည်းချင်း ပြုပြင်ပြီးတော့
တဆင့်ချင်းသွားမယ်ဆိုရင် ခေါင်းဆောင်မှုမှာ အများကြီး အထောက်အကူပြုမယ် ထင်ပါတယ်။

(၂) အရည်အချင်း ရှိရမယ်။

ဦးဆောင်တဲ့သူတွေက သူလုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီး စပ်ဆက်နေတဲ့ အရည်အချင်းတွေ
ရှိရမယ်။ သိရမယ်။ သူသိမှ အောက်ကသူတွေကို သင်ပေးပြီး ညွှန်ကြားလို့ရတယ်။
ကျွန်တော်ဆိုရင် Coaching Training လုပ်တဲ့အခါမှာ Public Speaking နဲ့ပတ်သက်ပြီး
လေ့လာရတယ်။ အဲဒီလို လေ့လာတဲ့အတွက်ကြောင့် လူတွေကို Coach လုပ်ရတာ အဆင်ပြေသလို Team
Member တွေကိုလည်း ပြန်သင်ပြပေးလို့ရတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ပတ်သက်ပြီး
အင်မတန်ကျွမ်းကျင်ပြီး ပြန်ပြီး စမ်းစစ်ပေးဖို့တယ်။

(၃) အများနဲ့ အလုပ်လုပ်တတ်ဖို့လိုတယ်။

ရာထူးတင်ပေးမယ်ဆိုရင်လည်း အဲဒီလူက အများနဲ့ ညှိညှိနှိုင်းနှိုင်း
ပူးပေါင်းလုပ်ဆောင်တတ်ရဲ့လား ဆိုတာကိုကြည့်ရမယ်။ ကိုယ်ကိုယ်တိုင်ကလည်း အများနဲ့
ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ ပူးပေါင်းဆောင်ရွက်စရာ မလိုတာမျိုးတွေလည်း ရှိနိုင်တယ်။
သူ့အတွက် အကျိုးရှိတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်တာက
အများကြီး အဆင်ပြေတယ်။

လုပ်ငန်းခွင် ရောက်လာပြီဆိုရင် ပူးပေါင်းဆောင်ရွက်မှုက မလုပ်လို့ မရတော့ဘူး။ Department နှစ်ခု
တွဲလုပ်ရမယ်။ လူနှစ်ယောက် ပေါင်းလုပ်ရမယ်။ လူ ၅ယောက် ၁၀ ယောက် ပေါင်းလုပ်ရတဲ့အခါမှာ
လူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း မလုပ်ချင်ဘူး။ လူတွေနဲ့ စကားပြောတာလည်း
အဆင်မပြေတဲ့သူကို ရာထူးသွားတင်ထားမိရင် အများကြီး အနှောက်အယှက် ဖြစ်နိုင်တယ်။
အဲဒီအတွက် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး တိုးတက်ရမယ်။

(၄) စကားပြော ကောင်းရမယ်။

ကိုယ်စကားပြောတာ မကောင်းဘူးဆိုရင် လုပ်ငန်းခွင်မှာ အဆင်မပြေနိုင်ဘူး။ ကျွန်တော်တို့ စကား
တစ်ခွန်းကြားဖူးမှာပါ လူတွေက အပြောကောင်းတဲ့သူတွေကို ပိုပြီးသဘောကျကြတယ်။ လူတွေကို
မြှောက်ပြီးပြောရမယ်လို့ ဆိုလိုတာမျိုးမဟုတ်ပဲနဲ့ ချိုချိုသာသာနဲ့ လုပ်ပေးချင်လာအောင်
ကိုယ်ပြောတာလေးကို ကူညီပြီး ပြောတတ်ဆိုတက်အောင် နေဖို့အရေးကြီးတယ်။

တစ်ခါတစ်လေကျရင်လည်း ညှိနှိုင်းပြီး ပြောဆိုတာတွေရှိတဲ့အခါမှာ ကိုယ်ပြောတာတွေကို
ညှိနှိုင်းပြီး ပြောဆိုဖို့လိုတယ်။ အမြဲတမ်းကြီး အလျော့ပေးနေဖို့ မဟုတ်ဘူး။ စကားပြောတာမှာ
ကျွမ်းကျင်ဖို့လိုတယ်။ NLP မှာဆိုရင် စကားပြောတာ ဘယ်လိုမျိုးပြောရလည်းဆိုတဲ့ Language
Pattern တွေ အများကြီးပါတယ်။ စကားအပြောအဆို ကျွမ်းကျင်မှ လူတွေက ကိုယ်ပြောတာကို
လိုက်လုပ်ပြီး ကိုယ်ကသူတို့ကို လုပ်ကိုင်ဖို့ ပြောဆိုတဲ့အခါမှာ အများကြီး အဆင်ပြေချောမွေ့နိုင်တယ်။

(၅) ခေါင်းဆောင်တွေက ရည်မှန်းချက်ရှိရမယ်။

ခေါင်းဆောင်တွေက ရည်မှန်းချက်မရှိဘဲ follower တွေက ရည်မှန်းချက်ရှိဖို့ မလွယ်ဘူး။
ရှိခဲ့ရင်လည်း အားလုံးမှာ တူညီတဲ့ ဘုံရည်မှန်းချက်တွေကို သွားလို့ရမှာ မဟုတ်ဘူး။
ငါတို့အရင်နှစ်က ဘာတွေဖြစ်ခဲ့လဲ။ ဒီနှစ်မှာတော့ ဘာတွေကိုလုပ်မယ်။ ငါတို့မပြီးပြီးအောင်
လုပ်ရမယ့် Objective တွေက ဘာတွေ အဓိက ရည်ရွယ်ချက်ပန်းတိုင်က ဘာတွေဆိုတာ ကိုယ်ကိုတိုင်
သတ်မှတ်နိုင်ရမယ်။

အများနဲ့ ပူးပေါင်းသတ်မှတ်နိုင်ရင်လည်း ကောင်းတယ်။ အရေးကြီးတာက
လူတစ်ယောက်နဲ့တစ်ယောက် ရည်မှန်းချက်တွေ တူဖို့ပဲဖြစ်တယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက်
Leader နောက်ကို လိုက်ကြပြီဆိုထဲက တစ်နေရာကို သွားချင်လို့ဖြစ်တယ်။ ကိုယ်က လူတွေကို
ဘယ်နေရာခေါ်သွားမလည်းဆိုတဲ့ ရည်မှန်းချက် တိတိကျကျ မရှိဘူးဆိုရင် ထိထိရောက်ရောက်
ဦးဆောင်နိုင်မှာ မဟုတ်ဘူး။

(၆) တာဝန် ခွဲဝေပေးတတ်ရမယ်။

လုပ်ငန်းခွင်မှာ ဦးဆောင်သူက အရာအားလုံးကို လိုက်မလုပ်နိုင်တဲ့အတွက် ဘယ်အလုပ်ကတော့
ဘယ်သူလုပ်ဆိုပြီး သူ့နေရာနဲ့သူ ခွဲပေးထားမှ အလုပ်တွေက သူ့အချိန်နဲ့သူ လုပ်သွားရင်
အချိန်နဲ့ပြီးသွားမယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ မကျွမ်းကျင်တဲ့သူကို သွားလုပ်ခိုင်းမိတာဖြစ်ဖြစ်
ကိုယ်တစ်ယောက်ထဲ သိမ်းကြုံးပြီး လုပ်နေမိတာ ဖြစ်နေမယ်ဆိုရင်လည်း ကိုယ်က
ခံနိုင်မှာမဟုတ်ဘူး။ မကျွမ်းကျင်တဲ့သူကို ခိုင်းမိရင်လည်း အလုပ်မှာ အမှားအယွင်းတွေ
အဆင်မပြေမှုတွေ ဖြစ်နိုင်တဲ့အတွက် တာဝန်ခွဲဝေပေးတတ်မှုက အရေးကြီးတယ်။

(၇) ကိုယ်ကိုယ်တိုင်က စံပြအနေနဲ့ အရှေ့ကနေ လုပ်ပြရမယ်။

တစ်ခြားသူတွေကို ပြောတော့ပြောပြီး ကိုယ်ကမလုပ်ရင် အဲဒါ Leader မဟုတ်ဘူး။ Leader ဆိုတာက
စည်းကမ်းပိုင်းနဲ့ ပတ်သက်ရင်လည်း ကိုယ်ကရှေ့ကနေပြီး စည်းကမ်းရှိရမယ်။ Customer Service
နဲ့ပတ်သက်ရင်လည်း ရှေ့ကနေ လုပ်ပြပေးတာမျိုးတွေ နေရာတိုင်းမှာ လုပ်တက်ဖို့ဆိုတာထက်
ကိုယ်လုပ်ရမယ့် အလုပ်တွေကို ကျိုးကျိုးစားစားနဲ့ လုပ်ပြပေးနိုင်မှ ဝန်ထမ်းတွေက ငါတို့ Leader
တောင် ဒီလိုလုပ်တာပဲဆိုပြီး လိုက်လုပ်ချင်လာမှာ ဖြစ်တယ်။

ကိုယ်ကိုယ်တိုင်က စံပြမဖြစ်ဘဲနဲ့ သူများတွေကို လုပ်ခိုင်းလို့ အဆင်ပြေမှာမဟုတ်ဘူး။ ဒီအတိုင်းပဲ
အကျင့်စာရိတ္တပိုင်း စည်းကမ်းပိုင်းတွေနဲ့ ပတ်သက်ပြီး ရှေ့ကနေ စံပြအဖြစ် လုပ်ပေးနိုင်မှ ဖြစ်မယ်။
ဒီစာဖတ်နေတဲ့ မိတ်ဆွေတွေ ဒီအချက်လေးတွေနဲ့ယှဉ်ပြီး စဉ်းစားသုံးသပ်ကြည့်ပါ။ ပြီးရင်
လိုက်နာကျင့်သုံးကြည့်ပါ။ ခေါင်းဆောင်မှု အရည်အချင်း မြင့်တက်လာရင် လုပ်ငန်းခွင်မှာ ပိုပြီး
အဆင်ပြေလာမှာပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial