ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖန်တီးဖို့ လုပ်နိုင်တဲ့အချက် (၅) ချက်

သင်ရွေးချယ်နိုင်တဲ့ ကမ္ဘာ (၂) ခု
October 30, 2020
ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ John F. Kennedy ရဲ့ အဆိုအမိန့် (၁) ခု
November 2, 2020

ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖန်တီးဖို့ လုပ်နိုင်တဲ့အချက် (၅) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အပြောင်းအလဲတွေဆိုတာ သင့်ရဲ့ဘဝမှာပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို ရင်ဆိုင်ရနိုင်ပါတယ်။ အပြောင်းအလဲတွေက သင်ကြိုက်ကြိုက် မကြိုက်ကြိုက် ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ရင်ဆိုင်တဲ့အခါမှာ ကောင်းသောပြောင်းလဲမှုတွေဖြစ်အောင် ဘယ်လိုမျိုးတွေ လုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဝေမျှချင်ပါတယ်။

(၁) အပြောင်းအလဲတွေက အခွင့်အလမ်းတွေလို့ ခံယူရမယ်။

လူတွေက အပြောင်းအလဲတွေကို မလုပ်ချင်ကြဘူး။ အပြောင်းအလဲလုပ်တိုင်း ငါတော့ ပိုဆိုးတော့မှာပဲဆိုပြီး တွေးနေလို့ မရဘူး။ အဲဒီကနေပြီးတော့ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရနိုင်ပါတယ်။ အဲဒီအတွက် အပြောင်းအလဲတွေက အခွင့်အလမ်းတွေလို့ နှလုံးသွင်းရင် ကျွန်တော်တို့ရဲ့စိတ်က အခွင့်အလမ်းတွေကို လိုက်ရှာနေတဲ့အတွက်ကြောင့် ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။

(၂) ဖြစ်ပြီးခဲ့တဲ့ အပြောင်းအလဲတွေကနေပြီး သင်ခန်းစာယူလို့ရတယ်။

ဖြစ်ပြီးခဲ့တဲ့ အပြောင်းအလဲတွေကနေ ဆိုးရွားတဲ့ အခြေအနေတုန်းက သင့်အနေနဲ့ ဘယ်လိုစိတ်ဓာတ်တွေနဲ့ ကျော်ဖြတ်ခဲ့သလဲ။ အဲဒါတွေကို ရင်ဆိုင်ခဲ့တဲ့အတွက် အခုရင်ဆိုင်နေရတဲ့ အပြောင်းအလဲတွေကိုလည်း ရင်ဆိုင်နိုင်မယ်ဆိုတဲ့ စိတ်ခွန်အားတွေ Idea တွေ ရရှိနိုင်ပါမယ်။ လူတွေက ဘယ်လိုတွေးတတ်သလဲဆိုရင် လက်ရှိဖြစ်နေတဲ့ အခြေအနေက အရမ်းဆိုးတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အရင်က သင်ကြုံဖူးခဲ့တာတွေက ဒီထက်ဆိုးတယ်ဆိုတာကို လက်ခံပြီး နှလုံးသွင်းလိုက်မယ်ဆိုရင် လက်ရှိကြုံနေတာကို ဖြေရှင်းဖို့ အများကြီး အထောက်အကူပြုနိုင်ပါတယ်။

(၃) ဖြစ်လာနိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ကြိုတင်ခန်းမှန်းထားပြီး ပြင်ဆင်ပါ။

ဘာဖြစ်လာရင်တော့ ဘယ်လိုလုပ်မယ်ဆိုပြီး ပြင်ဆင်ထားရင် တကယ်ဖြစ်လာတဲ့အခါမှာ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

(၄) ရုံးမှာရှိတဲ့ အဖွဲ့သားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမယ်။

သင်တစ်ယောက်ထဲ လုပ်လို့မရတဲ့အတွက် သင့်ရဲ့ Team Member တွေနဲ့ပူးပေါင်းလုပ်ဆောင်ရင် ရလဒ်ကောင်းတွေ ပိုပြီး ရရှိလာမယ်။ သူတို့အနေနဲ့ ပြောချင်တာတွေကိုလည်း ပေးပြောလိုက်တဲ့အခါမှာ သူတို့အနေနဲ့ ဦးဆောင်သူတွေကို ပိုပြီး လေးစားချစ်ခင်လာပါမယ်။

(၅) လိုအပ်ရင် သက်ဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ပါ။

ဒါကတော့ တကယ်လိုအပ်တော့မှ ပြောတာပါ။ ဒါပေမဲ့ အပြောင်းအလဲတစ်ခုလုပ်ရင် အခက်အခဲတွေ ဖြစ်တဲ့အတွက်ကြောင့် ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးတာက ကောင်းပါတယ်။ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။ စီးပွားရေးနဲ့ ပတ်သက်တာလား၊ သင့်ရဲ့ စိတ်ခံစားချက် အပြုအမူပြောင်းလဲတာတွေနဲ့ ပတ်သက်တာလား။ Sales လား၊ Marketing လား၊ Financial Management နဲ့ ပတ်သက်တာလား။

ဘယ်နေရာမှာမဆို သင်ပြောင်းရမယ့်အရာနဲ့ သက်ဆိုင်တဲ့ ပညာရှင်နဲ့တိုင်ပင်မယ်ဆိုရင် ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်လာဖို့အတွက် အများကြီး အထောက်အကူပြုမှာပါ။ သင်က မသိဘဲ ရမ်းလုပ်နေမယ်ဆိုရင် အချိန်တွေကုန်ပြီး မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။
အဲဒီအတွက် ကျွန်တော်ပြောတဲ့ အချက်အလက်တွေကို ပြန်ချုပ်ရမယ်ဆိုရင် အပြောင်းအလဲကို အခွင့်အလမ်းလို့ မှတ်ယူပါ။ ဖြစ်ပြီးခဲ့တဲ့ အပြောင်းအလဲတွေကို သင်ခန်းစားယူဖို့ လိုပါတယ်။ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်ပါ။ သင့်ရဲ့ Team Member တွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ သက်ဆိုင်တဲ့ နယ်ပယ်အလိုက် ပညာရှင်တွေနဲ့ တိုင်ပင်ပါ။ အဲဒါဆိုရင် ဘဝမှာကြုံရတဲ့ အပြောင်းအလဲတွေကို ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်အောင် ဖန်တီးတဲ့နေရာမှာ အများကြီး အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial