ကောင်းမွန်တဲ့ အပြောင်းလဲတွေ လုပ်နိုင်ဖို့ ကျော်ဖြတ်ရမယ့် အဓိက အတားအဆီး

သင့်ဘဝဟာ ပျော်စရာကောင်းလာပြီး ပိုကောင်းတဲ့ ရလဒ်တွေရလာဖို့ သိသင့်တဲ့အ
August 9, 2020
ပိုမိုမြင့်မားတဲ့ အခွင့်အလမ်းတွေ ရယူနိုင်ဖို့အတွက်
August 11, 2020

ကောင်းမွန်တဲ့ အပြောင်းလဲတွေ လုပ်နိုင်ဖို့ ကျော်ဖြတ်ရမယ့် အဓိက အတားအဆီး

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လူတစ်ယောက် ကောင်းမွန်တဲ့ အပြောင်းလဲတွေ လုပ်ဖို့အတွက် အဓိက အတားအဆီးကဘာလဲ။ သူ့ရဲ့စိတ် နောက်သူဘယ်လိုတွေးသလဲ အဲဒါတွေနဲ့ဆိုင်တယ်။ ဆိုလိုတဲ့သဘောက အခြေနေတစ်ခုနဲ့ ပတ်သက်ပြီးတော့ ရလဒ်ကို သူမကြိုက်တော့ဘူးဖြစ်နေတယ် သူပြောင်းချင်တယ်။ ဒါပေမဲ့ ပြောင်းလဲလို့ရမှာ မဟုတ်ဘူး။ ပြောင်းလဲလို့ဖြစ်မှာ မဟုတ်ဘူး။ အဲဒီလို စိတ်မျိုးတွေ သူ့မှာရှိတယ်။ အဲဒီစိတ်တွေ ပေါ်လာပြီဆိုရင် သူ့ရဲ့ Feeling ကောင်းလားဆိုတော့ မကောင်းတော့ဘူး။ Feeling မကောင်းဘူးဆိုရင် အဲဒီအပြောင်းလဲကို လုပ်ဖြစ်အုံးမလားဆိုတော့ မလုပ်ဖြစ်တော့ဘူး။

အဲဒီတော့ဘာလဲ လူတစ်ယောက်ကို ပြောင်းလို့မရအောင် အဓိက တားဆီးထားတဲ့အရာက ဘယ်အရာလဲဆိုရင် သူ့ရဲ့စိတ်နဲ့ သူ့ရဲ့ခံစားမှု ဖြစ်တယ်။ ပြောင်းလဲချင်တယ်ဆိုရင် တစ်ချို့လူတွေ ပြောင်းလဲချင်တယ်။ ဒါပေမဲ့ သူ့ရဲ့အတိတ်မှာ ရှိခဲ့တဲ့ အဖြစ်ပျက်နဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့အမြင်တွေ သူတို့ရဲ့ ခံစားချက်တွေ အဲဒါတွေကို ဘယ်လိုပြောင်းလဲရမလည်း သူတို့မသိဘူး။ ပြောမယ်ဆိုရင် ကျွန်တော်တို့ Feeling တွေက ဘယ်ကလာလဲ ကျွန်တော်တို့ အတွေးတွေကလာတယ်။

ကျွန်တော့်ဆရာ Les Brown (World No.(1) Speaker) သူကပြောတယ်။ အဲဒီမကောင်းတဲ့ Feeling တွေပျောက်အောင် ဘယ်လိုလုပ်ရမလဲ အဲဒီမကောင်းတဲ့ Feeling တွေက ဘယ်ကလာလဲဆိုတော့ မကောင်းတဲ့ အတွေးတွေကလာတယ်။ အဲဒီအတွက်ကြောင့် မင်းအနေနဲ့ မကောင်းတဲ့ Feeling ပျောက်ချင်တယ်ဆိုရင် မကောင်းတဲ့ အတွေးတွေ ပျောက်အောင်လုပ်ရမယ်။

မကောင်းတဲ့ အတွေးတွေ မရှိဖို့အတွက်ဆို ကောင်းတဲ့အတွေးတွေရှိဖို့လိုတယ်။ ကောင်းတဲ့အတွေးတွေနဲ့ အစားမထိုးမချင်း ကောင်းတဲ့ Feeling တွေမရဘူး။ ကောင်းတဲ့ Feeling တွေမရဘူးဆိုရင် ကျွန်တော်တို့ လုပ်ဆောင်ချက်တွေက မကောင်းဘူး။ လုပ်ဆောင်တွေက မကောင်းမှတော့ ရလဒ်က ဘယ်လိုမှ ကောင်းမှာမဟုတ်ဘူး။

အဲဒီတော့ လက်ရှိကြုံနေရတဲ့ အခြေနေက အရင်တုန်းက ကိုယ်ကမကောင်းတဲ့ အတွေးတွေ တွေးခဲ့လို့ မကောင်းတဲ့ ပုံစံနဲ့လုပ်ခဲ့လို့ ကိုယ်ရနေတဲ့ ရလဒ်တစ်ခုလို့ ကိုယ်လက်ခံဖို့တယ်။ ဒါက ၁၀၀% တာဝန်ယူမှု တာဝန်ခံမှုနဲ့ဆိုင်တယ်။ အဲဒီလို တာဝန်ခံတယ်ဆိုရင် အနာဂတ်မှာ ပိုပြီးတော့ ကောင်းတဲ့ရလဒ်တွေ ရလာဖို့ဆိုရင် ဒီနေ့မှာ ကျွန်တော်တို့ စဉ်းစားတွေးခေါ်ပုံတွေ ပြောင်းရမယ်။ ဒီနေ့မှာ ကောင်းမွန်တဲ့ ခံစားမှုတွေ ရှိလာအောင် လုပ်ရမယ်။ ဒီလိုလုပ်တယ်ဆိုရင် လာမဲ့ ၆ လ၊ ၁နှစ်၊ ၂နှစ် ၊၃ နှစ် ၊၅ နှစ်မှာ ကျွန်တော်တို့ ပိုပြီးတော့ အကျိုးပြုတဲ့ ရလဒ်ကောင်းတွေ ရလာလိမ့်မယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial