သင့်ရဲ့ဘဝမှာ ရလဒ်ကောင်းတွေလိုချင်ရင် လိုက်နာသင့်တဲ့ စည်းကမ်းချက် ( ၅) ချက်

သင်သာ အလုပ်ကို ထိထိရောက်ရောက် မလုပ်ရင် ကြုံတွေ့ရနိုင်တဲ့ မကောင်းတဲ့ အကျိုးဆက် (၅) ခု
January 23, 2021
လုပ်ငန်းခွင်မှာလူတွေ အလုပ်မပြီးရတဲ့အကြောင်းအရင်း (၃) ခု
January 28, 2021

လူတိုင်းလူတိုင်း ဘဝမှာ တိုးတက်ချင်ကြတယ်။ ကိုယ့်ရဲ့လုပ်ငန်းကို တိုးတက်ချင်တယ်။ ဘဝမှာ တိုးတက်ချင်တယ်။ အဲဒီလိုမျိုး တိုးတက်ဖို့ဆိုရင် စည်းကမ်းရှိဖို့ လိုတယ်။ စည်းကမ်းမရှိရင် ဘယ်လိုမှ တိုးတက်မှာ မဟုတ်ဘူး။ စည်းကမ်းရှိတယ်ဆိုတာ ပြောလို့သာလွယ်ပြီး လုပ်တဲ့အခါမှာ မလွယ်ကူဘူး။ အဲဒီလိုမျိုး ကိုယ့်စည်းကမ်း ကိုယ်ထိန်းတဲ့နေရာမှာ လိုက်နာသင့်တဲ့ နည်းလမ်း ၅ ခုကို မျှဝေချင်ပါတယ်။

(၁) ရေတိုရေရှည် ရည်မှန်းချက်တွေ ချမှတ်ဖို့လိုတယ်။

ရေတိုဆိုတာက မနက်ဖြန်လည်း ဖြစ်နိုင်တယ်။ သန်ဘက်ခါလည်း ဖြစ်နိုင်တယ်။ တစ်ပတ် တစ်လ ဖြစ်နိုင်တယ်။ ၁နှစ်၊ ၃နှစ်၊ ၅နှစ်ဆိုပြီး ရေရှည်ရည်မှန်းချက်လည်း ရှိရမယ်။ အဲဒါတွေမှာ ငါဘယ်လိုမျိုး ရလဒ်တွေကို မြင်ချင်တာလည်းဆိုပြီး ရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ရမယ်။ ဒါမှလည်း အကျိုးစီးပွားအတွက် ရေတိုမှာ ဘယ်လိုရည်မှန်းချက်အတွက် အပျော်တွေကို စွန့်ရမယ်ဆိုတဲ့ စိတ်မျိုးတွေ ဖြစ်လာလိမ့်မယ်။ အဲဒီအတွက် ဘဝမှာ ရလဒ်ကောင်းတွေ လိုချင်ရင် ရေတိုရေရှည် ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ထားရမယ်။

(၂) ကိုယ့်ရဲ့ အားသာချက် အားနည်းချက်တွေကို မှန်မှန်စစ်ဆေးဖို့လိုတယ်။

ငါဘယ်နေရာမှာတော့ အားသာပြီး ဘယ်နေရာမှာတော့ အားနည်းလည်းဆိုတာကို စစ်ဆေးဖို့ မှန်မှန်လုပ်ဖို့လိုတယ်။ အဖွဲ့အစည်းတွေမှာလည်း အဲဒီလိုပဲ ဘာတွေကို အားသာနေပြီး ဘာတွေနဲ့ပတ်သက်ပြီးတော့ ပြုပြင်ဖို့ လိုမလည်းဆိုတာတွေကို စစ်ဆေးရမယ်။

(၃) တစ်ခုခုကိုလုပ်ပြီးတိုင်းမှာ အကောင်းတွေကို သင်ခန်းစာယူ။

တစ်စုံတစ်ခုကို လုပ်လိုက်တယ်။ တစ်ယောက်ယောက်နဲ့ သွားတွေ့တယ်ဆိုရင် ငါတော့ သူနဲ့ဆက်ဆံတဲ့အချိန်မှာ ဘာတွေကောင်းတယ်။ ဘာတွေသင်ခန်းစာ ရလိုက်တယ်ဆိုတာကို သင်ခန်းစာယူရမယ်။ ဒါမှပဲ နောက်တစ်ခေါက် လုပ်တဲ့အခါမှာ ပိုကောင်းလာမှာဖြစ်တယ်။ တစ်ချို့တွေကျတော့ သင်ခန်းစာ မယူကြတဲ့အတွက် နောက်တစ်ခေါက်လုပ်လည်း ဒီအတိုင်းပဲဖြစ်ပြီး မတိုးတက်လာကြဘူး။

(၄) လေ့လာသင်ယူမှုတွေ လုပ်သင့်တယ်။

လူတစ်ယောက်က လေ့လာသင်ယူမှုတွေ မလုပ်ဘဲ ရလဒ်ကောင်းလာမှာ မဟုတ်ဘူး။ လေ့လာသင်ယူမှုတွေ မှန်မှန်လုပ်မှပဲ ကိုယ့်အနေနဲ့ ကောင်းမွန်တဲ့ ရလဒ်တွေရဖို့ နီးစပ်မယ်။ ကိုယ့်ရဲ့ လုပ်ငန်းတိုးတက်ဖို့အတွက် မဖြစ်မနေလေ့လာရမယ့် ဘာသာရပ်တွေက ဘာတွေလဲ။ ဘယ်လိုလေ့လာမလဲ။ အမြဲတမ်းလည်း အားသာချက် အားနည်းချက်တွေကို ချိန်ပြီးတော့ Personal Development Plan တွေ ဘာတွေဆွဲပြီးတော့ သက်မှတ်ပါ။

(၅) လုပ်သင့်တာတွေကို လုပ်လို့မပြီးမချင်း လုပ်ချင်တာတွေကို မလုပ်နဲ့။

တစ်နည်းပြောရရင် ကိုယ့်ရဲ့ အကျိုးခံစားခွင့်တွေကို နောက်ကိုဆုတ်ထားတာဖြစ်တယ်။ နားမယ်ဆိုရင် ဘယ်အချိန်မှာ နားမလဲဆိုတော့ Plan တွေဆွဲပြီးမှ နားမယ်။ ဒီလိုမျိုး သတ်မှတ်ပြီးတော့ ထိရောက်အောင် အလုပ်ပြီးမှ ကျန်တဲ့အချိန်တွေမှာ နားမယ်ဆိုရင် ကိုယ့်ရဲ့ရလဒ်တွေက အနှောင့်အယှက် မဖြစ်တော့ဘူး။ အခုကျွန်တော်ပြောတဲ့ အချက်တွေက ကိုယ့်ရဲ့ Team Member တွေကိုလည်း ပြန်ပြီးတော့ ပြောပြလို့ရသလို Leader ကိုယ်တိုင်ကလည်း Apply လုပ်လို့ ရပါတယ်။

အဲဒီအတွက် ကိုယ့်ဘဝမှာ ရည်မှန်းချက်ပန်းတိုင်တွေ ချပြီးတော့ လုပ်ငန်းရဲ့ အားသားချက် အားနည်းချက်တွေကိုချရေး။ တစ်ခုခုလုပ်ပြီးသွားရင် Team Member တွေကိုခေါ်ပြီး ငါတို့ဘာသင်ခန်းစာ ယူလို့ရလဲ။ ဘာတွေကောင်းလဲ။ ပြီးရင် ကိုယ်လည်း လေ့လာသင်ယူမှုတွေလုပ်။ Team က လူတွေကိုလည်း လေ့လာသင်ယူမှုတွေ လုပ်ခိုင်း။ အားလုံးကို ဘယ်ဟာလုပ်သင့်တယ်ဆိုတာကို သေချာချထားပြီးတော့ ကိုယ်လုပ်ချင်တာတွေကို လုပ်ခိုင်းမယ်ဆိုရင် လုပ်ငန်းထဲမှာ ထုတ်လုပ်မှု စွမ်းအားတွေ ပိုပြီးမြင့်လာပြီးတော့ ရလဒ်ကောင်းတွေ ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial