အရည်အချင်းမပြည့်ဝတဲ့ ခေါင်းဆောင်အောက်မှာ လုပ်ရတဲ့ အလယ်ခေါင်းဆောင်တွေရဲ့ အခက်အခဲ (၄) မျိုး

အဓိပ္ပာယ်ရှိတဲ့ ဘဝကိုဖန်တီး ချင်တယ်ဆိုရင် သင်လုပ်ဆောင်သင့်တဲ့ အချက် (၆) ချက်
January 11, 2021
လူတွေကို သူတို့လိုချင်တဲ့ ရလဒ်တွေ မရအောင် တားဆီးထားတဲ့ ထိပ်ဆုံးက အရာတစ်ခု
January 21, 2021

(၁) အထက်လူ ပြောတာကို လိုက်လုပ်ရင်လည်း ခက်တယ်၊ မလုပ်ရင်လည်း ခက်တယ်။

အထက်က လူက သိသင့်တာ မသိထားဘဲ သင့်ကို လာပြီး ဟိုဟာညွှန်ကြား ဒီဟာညွှန်ကြား လုပ်တယ်ဆိုရင် သူပြောတာကို လိုက်လုပ်ရတာ ခက်ပါတယ်။ ခက်တယ်ဆိုတာက သင်က လိုက်လုပ်ရင်လည်း လွဲနိုင်တာကိုး။

လိုက်မလုပ်တော့လည်း ခက်တယ် ဆိုတာက သင်က လိုက်မလုပ်ရင် “မင်းက ငါ့ကို မယုံဘူးလား” ဆိုပြီး ဖိအားပေးတာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် အရည်အချင်း မပြည့်ဝတဲ့ ခေါင်းဆောင်အောက်မှာ လုပ်ရတာဟာ လုပ်ရကိုင်ရခက်မယ့် အနေအထားမျိုး ဖြစ်ပါတယ်။

(၂) သူ့ကို သွားတင်ပြတော့လည်း ခက်တယ်။

ဘာလို့ ခက်လဲဆိုတော့ တင်ပြရင် လက်မခံချင်ဘူး။ မတင်ပြတော့လည်း ခက်တယ်။ သူလုပ်လိုက်လို့ တလွဲဖြစ်ရင် သူတစ်ယောက်တည်း ထိခိုက်တာ မဟုတ်ဘူး။ သင်လည်း ထိခိုက်တယ်။ ကိုယ့်အဖွဲ့အစည်းလည်း ထိခိုက်တယ်။ အောက်က ဝန်ထမ်းတွေလည်း ထိခိုက်တယ်။ သင်က အရည်အချင်းအားနည်းနေရင် ဒီလို Feeling မျိုး ခံစားချင်မှ ခံစားဖူးပါလိမ့်မယ်။

(၃) မပြည့်စုံတဲ့ ညွှန်ကြားချက်တွေကို အောက်ကလူတွေကို ထပ်ရှင်းပြရတာ မလွယ်တဲ့အခါမှာ ကြားညပ်သလို ဖြစ်‌နေတယ်။

မပြည့်စုံတဲ့ ညွှန်ကြားချက်တွေကို သွားရှင်းပြတော့ သင့်အောက်ကလူတွေက ရယ်ရင် သင့်အပေါ်ကလူတွေကို ရယ်မှာ မဟုတ်ဘူး၊ သင့်ကို ရယ်ကြမှာ ဖြစ်ပါတယ်။ Middle Manager အနေနဲ့ ဒါဟာ စိတ်ပျက်စရာအခြေအနေ ဖြစ်နိုင်တယ်။

(၄) လက်အောက်ဝန်ထမ်းတွေကို စိတ်အားတက်ကြွလာအောင် လှုံ့ဆော်ရတာ ခက်ခဲတတ်တယ်။

စီနီယာ Leader တွေက အတွေးအခေါ်နဲ့ အရည်အချင်းတွေကို ပြန်မြှင့်တင်နေကြပါ။ အဲဒီလို မြှင့်တင်နေတာမရှိရင် အောက်ကလူတွေ ဒုက္ခရောက်နိုင်ပါတယ်။ Middle Manager တွေအနေနဲ့ ဘာလုပ်နိုင်မလဲဆိုတော့ အထက်လူကြီးဖြစ်သူနဲ့ ဆက်ဆံရေး အဆင်ပြေအောင် တည်ဆောက်ပါ။ သင်က သူ့ကို ကူညီမယ့်လူဆိုတာ သူသိလာပါလိမ့်မယ်။

သင့်အနေနဲ့ သင့်လက်အောက်က လူတွေကိုလည်း သင့်ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲမှာ ရှိသလောက် အားပေးမယ်၊ လမ်းပြပေးမယ်၊ အဖွဲ့အစည်းအတွက်လည်း အတတ်နိုင်ဆုံး လုပ်ပေးမယ်၊ ပြီးတော့ အကယ်၍များ ဖြစ်နိုင်ရင် အဲဒီလူအပေါ်မှာ အထက်လူကြီး ထပ်ရှိသေးရင်လည်း သွားတင်ပြမယ်။ စတာတွေကို လုပ်လို့ရနိုင်ပါတယ်။

အဲဒါတွေလုပ်ဖို့ တခုမှ မဖြစ်နိုင်ရင်တော့ ပိုကောင်းတဲ့ အဖွဲ့အစည်းတစ်ခု ရှာရင်လည်း ရှာပါ။ ဒီဆောင်းပါးလေးက လုပ်ငန်းရှင်တွေ၊ Middle Management တွေနဲ့ Manager တွေ အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial