သင့်အဖွဲ့သားတွေ အရောင်းကောင်းတာကို လိုချင်ရင် ဦးဆောင်သူတွေ သင်ပြပေးသင့်တဲ့အရာ (၄)ခု

သင့်လုပ်ငန်း သာမန်အဆင့်က တက်ဖို့လုပ်သင့်တဲ့ အရာ (၃) ခု ကို
December 21, 2020
အသင်းအဖွဲ့ တည်ဆောက်မှုနဲ့ပတ်သက်ပြီး သိသင့်တဲ့ အဆိုအမိန့် (၁) ခု
January 1, 2021

အဓိက ကတော့ Rapport လို့ခေါ်တဲ့ သဟဇာတဖြစ်မှု လည်းပါတယ်။ Logic လို့ခေါ်တဲ့ ယထာဘူတကျကျ စဉ်းစားတွေးခေါ်မှုပိုင်းလည်းပါတယ်။ Emotion ခံစားမှုနဲ့ပတ်သက်တာပါတယ်။ Trust ဆိုတဲ့ ယုံကြည်မှုနဲ့ ပတ်သက်တာပါတယ်။
(၁) Rapport လို့ခေါ်တဲ့ သဟဇာတဖြစ်မှုကို သင်ကြားပေးတတ်ရမယ်။
ဆိုလိုတဲ့သဘောက ဝန်ထမ်းတွေက Customer တွေနဲ့ဆက်ဆံတဲ့နေရာမှာ ကိုယ့်ရဲ့ ဝန်ထမ်းတွေကို တွေ့တာနဲ့ Customer တွေက သဘောကျသွားအောင်၊ ခင်သွားအောင် ဘယ်လိုလေးဆက်ဆံလိုက်မယ်၊ ဘယ်လိုလေး နှုတ်ဆက်လိုက်မယ်၊ ဘယ်လိုလေး ပြုံးလိုက်မယ်။ လူတွေကို သူဘယ်လိုဖြစ်မယ်ဆိုတာ အကဲခတ်ရမယ်။ ပြီးရင် သူ့ရဲ့ ဟန်ပန်အမူအရာအတိုင်း၊ သူ့ရဲ့ ပြောဆိုတဲ့အတိုင်း၊ သူရဲ့အသံ Tone မြင့်ရင် မြင့်သလောက် နိမ့်ရင်နိမ့်သလောက် ကျယ်ရင်ကျယ်သလောက် တိုးရင်တိုးသလောက် အဲဒီလိုမျိုး ဖြစ်နေရမယ်။ အကြောင်းအရာအားဖြင့်ဆိုရင်လည်း သူပြောတဲ့ အကြောင်းအရာနဲ့ ဆက်စပ်အောင် သူရဲ့ Language သူရဲ့ ဘာသာစကားကနေ လိုက်ပြောနိုင်အောင်၊ သူစိတ်ဝင်စားတဲ့ဘက်ကနေ ပြောနိုင်အောင် လုပ်ရမယ်။ သူ့ရဲ့ ဟန်ပန်အမူအရာအတိုင်း တစ်ပုံစံထည်းမဟုတ်တောင် နီးနီးစပ်စပ်လေးတူအောင် လုပ်တတ်အောင်လုပ်ရမယ်။
ဒါမျိုး လုပ်နိုင်တယ်ဆိုရင် ကိုယ်နဲ့တူတာကို သဘောကျကြတယ်။ ဥပမာ – ကျွန်တော်က ဘောလုံး စိတ်မဝင်စားဘူး။ ကျွန်တော့်သူငယ်ချင်းတွေက ဘောလုံးစိတ်ဝင်စားတယ်ဆိုရင်၊ Arsenal အားပေးတဲ့သူက Arsenal သမားအချင်းချင်းမဟုတ်ဘဲ Man U သမားတွေနဲ့ သွားတွေ့ရင် ငြင်းကြခုံကြ လေတိုက်ကြရော။ တချို့လည်း အခင်အမင်တွေ ပျက်ကုန်ရော။ နိုင်ငံရေးအကြောင်းပြောရင်လည်း NLD က NLD သမားဖြစ်နေပြီး ကြံ့ခိုင်ရေးနဲ့ တခြားပါတီ အားပေးတဲ့သူတွေဆိုရင်လည်း သူတို့အချင်းချင်း စကားပြောရတာ အဆင်ပြေတယ်။ ပြောချင်တဲ့သဘောက လူတွေက တူရင်သဘောကျတယ်။ ကိုယ်က ဈေးရောင်းချင်တာဆိုရင် ဖောက်သည်နဲ့တူအောင် ကိုယ်ကဆက်ဆံနိုင်မယ်ဆိုရင် အများကြီးအဆင်ပြေတယ်။
(၂) Logic ယထာဘူတကျကျ ရှင်းပြတတ်ရမယ်။
ဥပမာ ကိုယ်ရောင်းမယ့် ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေက ဘယ်လိုမျိုး အချက်အလက်တွေကြောင့် ဝယ်ဖို့ အလားအလာရှိတဲ့သူတွေအတွက် အမှန်တကယ်ကောင်းလဲ၊ ဒါသာလုပ်လိုက်ရင် ဒီလိုဖြစ်လာလိမ့်မယ်၊ Formula ထုတ်သလိုမျိုး ဦးဏှောက်ကနေ (၁)ကဒါ၊ (၂)ကဒါ ဒီလိုသာဖြစ်ရင် ငါ့အတွက် ဘယ်လိုကောင်းမှာပဲဆိုပြီး ဦးဏှောက်ကနေ လက်ခံသွားရော။ အဲဒီလိုမျိုး Logic ကျကျ ရှင်းပြနိုင်အောင် ကိုယ်ကလုပ်ဖို့လိုတယ်။ အဲဒီလိုဆိုရင် သူက ဝယ်နိုင်ချေ ပိုပြီးများတယ်။
(၃) Emotion ခံစားမှုကို ဆွဲဆောင်နိုင်ရမယ်။
ဒီထုတ်ကုန် ဝန်ဆောင်မှုကို ဝယ်လိုက်ရတဲ့အတွက်ကြောင့် ခံစားမှုအရ ဘယ်လိုမျိုးတွေ ကောင်းလာမလဲ။ ဥပမာ Breakthrough က သင်တန်းတွေတက်ရင် ပိုပြီးတော့ အမြင်ရှင်းသွားမယ်။ ပိုပြီးတော့ စိတ်ချမ်းသာလာမယ်။ ဘဝမှာ ပိုပြီးတော့ အဓိပ္ပါယ်ရှိလာမယ်။ ပိုပြီးတော့ ပျော်စရာကောင်းလာမယ်။ အမြဲတမ်း တက်ကြွနေလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုပြီးတော့ရှိလာမယ်။ သူ့ကို ခံစားမှုအရပြောပြရတာ။ လူတွေက များသောအားဖြင့် အဲဒီလို ခံစားမှုမျိုး မရကြဘူး။ မရကြတဲ့အခါကြတော့ သူသာကိုယ့်ရဲ့ Product Service ကို ယူပြီးသွားရင် သူဘယ်လိုဖြစ်သွားမယ်ဆိုတာကို ရှင်းပြနိုင်ရင် အဆင်ပြေတယ်။ Leader တွေက ဝန်ထမ်းတွေကို ဒါတွေရှင်းပြနိုင်ဖို့ သင်ပေးရမယ်။ ကိုယ်မသင်တတ်ရင်လည်း အရောင်းသင်တတ်တဲ့သူကို ခေါ်သင်ပါ။ Sales နဲ့ပတ်သက်တဲ့ Professional တွေဆီမှာသွားပြီး လေ့လာလိုလည်းရတယ်။
(၄) Trust ယုံကြည်မှု။
ယုံကြည်စရာ ကောင်းလောက်အောင် သူတို့ကို ကျွန်တော်တို့ ဆွဲဆောင်နိုင်ရမယ်။ ယုံကြည်စရာ ကောင်းဖို့အတွက်ဆိုရင် အရင်တုန်းကလုပ်ခဲ့တဲ့ စွမ်းဆောင်မှုတွေ။ အရင်တုန်းက ကိုယ်ဘာတွေလုပ်ခဲ့လဲ။ ဥပမာ ကျွန်တော်တို့ဆိုရင် သင်တန်းသား (၁)သောင်းခွဲ (၂)သောင်းလောက်အထိ သင်ထားပြီးတော့ ကျွန်တော်တို့ သင်တန်းသားတွေက ဒီသင်တန်းတက်ထားတဲ့အတွက် သူတို့တွေ ဘယ်လိုမျိုး ထောက်ခံပြောဆိုမှုတွေရှိတယ်။ YKKO မှာ ကျွန်တော် ဆိုင်ခွဲ (၇)ဆိုင်ကနေ (၃၇)ဆိုင်အထိ ချဲ့ထွင်ခဲ့တဲ့ Board of Director မှာ တစ်ယောက်အနေနဲ့ ကျွန်တော်ပါတယ်။ သင်တန်းတွေ ဘယ်သူတွေဆီက တက်ခဲ့တယ်။ သင်တန်းသား အဟာင်းတွေဆီက ထောက်ခံပြောဆိုမှုတွေ။ ဒါမျိုးတွေဖြစ်တယ်။ တစ်နည်းပြောရရင်တော့ ယုံကြည်စရာကောင်းလောက်အောင် စည်းရုံးပြောဆိုမှုတွေ။ ဒါဆိုရင် ဝယ်မယ့်သူက ဘာ Risk မှမရှိတဲ့အခါ စိုးရိမ်စရာ မရှိတော့ဘူး။ တစ်ဖက်ကကျတော့ ကိုယ်က ကတိတွေပေးထားပြီးရင် အဲဒီ ကတိတွေအတိုင်း ဖြည့်ဆည်းပေးဖို့တော့ အရေးကြီးတယ်။
အဲဒီအတွက်ကြောင့် (၁) Rapport လို့ခေါ်တဲ့ သဟဇာတဖြစ်မှုကို တည်ဆောက်ပါ။ (၂) Logic ကျကျ စဉ်းစားနိုင်အောင်လုပ်ပါ။ (၃) Emotion ခံစားမှုကို ဆွဲဆောင်ပါ။ (၄) ယုံကြည်မှုကို တည်ဆောက်နိုင်အောင် လုပ်ပါ။ ဒါဆိုရင်တော့ ရေတိုရော ရေရှည်ရော လုပ်ငန်းမှာ ပိုပြီးတော့ ရောင်းကောင်းနိုင်ဖို့ အထောက်အကူ ဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်တယ်။
Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial