သင့်လုပ်ငန်း အောင်မြင်မှုအတွက် မဖြစ်မနေ အာရုံစိုက်သင့်တဲ့ အရာ (၄) ခု

သင့်လုပ်ငန်း တိုးတက်ဖို့အတွက် သင့်ကိုသင် မေးသင့်တဲ့ မေးခွန်း (၅) ခု
December 13, 2020
လုပ်ငန်းခွင်မှာ ပိုထိရောက်ဖို့ လုပ်ပိုင်ခွင့် ရချင်သူများအတွက်
December 18, 2020

လုပ်ငန်းတစ်ခုကို ဦးဆောင်ပြီ ဆိုကတည်းက ကျွန်တော်တို့ ပုံမှန် Leadership နဲ့ ပြောလို့ မရတော့ဘူး။ အဓိကက လုပ်ငန်းကို အကျိုးအမြတ်ရှိအောင် လုပ်ရမယ်။ လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ရမယ်။ လုပ်ငန်းရဲ့ တန်ဖိုးတွေ တက်လာအောင် လုပ်ရမယ်။ အဲဒီတော့ လုပ်ငန်းကို ထိရောက်တဲ့ အောင်မြင်မှုတွေ ရချင်ရင် မဖြစ်မနေ အာရုံစိုက်သင့်တဲ့ အရာ (၄) ခုကို မျှဝေချင်ပါတယ်။

(၁) သူစိမ်းတွေကို သိတဲ့သူ ဖြစ်လာအောင် လုပ်ပါ။

သူစိမ်းတွေကို ကိုယ့်လုပ်ငန်းကို သိတဲ့သူ၊ ကိုယ့်ကို သိတဲ့သူ ဖြစ်လာအောင် လုပ်ပါ။ အဲဒီတော့ Marketing က အရေးကြီးတယ်။ မသိတဲ့သူတွေက သိလာမှပဲ သူတို့က ဝယ်နိုင်ချေရှိတဲ့ အလားအလာ ဖြစ်လာမယ်။

(၂) သိတဲ့သူတွေကို လုပ်ငန်းအပေါ် စိတ်ဝင်စားတဲ့သူတွေ ဖြစ်လာအောင် ပြောင်းလဲရမယ်။

စိတ်ဝင်စားတဲ့သူတွေ ဖြစ်လာအောင် ပြောင်းလဲဖို့ဆိုရင် ကိုယ့်ရဲ့ Target Customer က ဘယ်သူတွေလဲ။ သူတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာက ဘာတွေလဲ။ သူတို့တွေ အဆင်မပြေ ဖြစ်တာတွေက ဘာတွေလဲ။ ဒါမျိုးတွေကို ကျွန်တော်တို့က သိအောင်လုပ်ပြီးတော့ သူတို့သိချင်တဲ့ အကြောင်းအရာ လေးတွေကို ပြောပေးမယ်။ သူတို့လိုချင်တဲ့ Information သတင်းအချက်အလက်တွေ Share ပေးမယ်ဆိုရင် သူတို့အတွက် အကျိုးထူးတဲ့ ဟာပါလားဆိုပြီး စိတ်ဝင်စားလာကြမယ်။ အဲဒီအခါမှာ သိတဲ့သူများလာသလို စိတ်ဝင်စားတဲ့သူ များလာမယ်။


(၃) စိတ်ဝင်စားတဲ့သူတွေကို ဝယ်တဲ့သူတွေ ဖြစ်လာအောင် လုပ်ရမယ်။


ဝယ်တဲ့သူတွေဖြစ်အောင် ပြောင်းလဲဖို့ဆိုရင် ကျွန်တော်တို့က Offer လုပ်ရမယ်။ ဘယ်လိုမျိုးတွေ ရှိကြောင်း ကျွန်တော်တို့က ပြောပြရမယ်။ ဘယ်လိုမျိုး Offer တွေ၊ အထူး ဈေးနှုန်းတွေ ရှိကြောင်း ကျွန်တော်တို့က ပြောတယ်ဆိုရင် စိတ်ဝင်စားတဲ့ သူတွေကို ဝယ်တဲ့သူတွေ ဖြစ်လာအောင် ပြောင်းလဲလို့ ရလာတယ်။ စတိုးဆိုင် တစ်ဆိုင်ထဲ ဝင်လာပြီး ဘာမှမဝယ်ဘဲ ထွက်သွားတယ်ဆိုရင် ကိုယ်က ညံ့တယ်လို့ ပြောလို့ရတယ်။ စိတ်ဝင်စားလို့ ဖုန်းခေါ်လာပြီးပြီ၊ Email ပို့လာပြီးပြီ၊ လုပ်ငန်းထဲကို ရောက်လာပြီးပြီဆိုရင် သူတကယ် ဝယ်သွားအောင် ငါဘယ်လို ရောင်းလိုက်မလဲ။ ငါ့ရဲ့ လူတွေကို ရောင်းတတ်အောင် ဘယ်လို သင်ပေးထားမလဲဆိုတာ Leader တွေ မဖြစ်မနေ သိသင့်တဲ့ အရာဖြစ်တယ်။


(၄) ဝယ်တဲ့သူတွေက အကြိမ်ကြိမ် လာဝယ်တဲ့သူတွေ ဖြစ်ရမယ်။


တစ်ကြိမ်လာဝယ်ပြီး တစ်သက်လုံး မဝယ်တော့ဘူးဆိုရင် ဒါက လွှဲနေတယ်။ ပုံမှန် Customer တွေရှိတယ်ဆိုရင် ကျွန်တော်တို့ ဝင်ငွေအတွက်က အရမ်းကြီး စိုးရိမ်စရာ မလိုတော့ဘူး။ ဝယ်တဲ့သူတွေကို အကြိမ်ကြိမ် လာဝယ်တဲ့အပြင် သူတို့ရဲ့ မိတ်ဆွေတွေကိုပါ ခေါ်လာနိုင်ရင် လုပ်ငန်းက အရှိန်အဟုန်နဲ့ တိုးတက်ဖို့အတွက် ဦးတည်သွားနိုင်ပါတယ်။


Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial