ဝန်ထမ်းတွေနဲ့ ရင်းနှီးမှုတွေ မတည်ဆောက်ထားရင် ဘာတွေဖြစ်လာနိုင်မလဲ?

အရေးပါတဲ့ ဝန်ထမ်းတစ်ယောက် ထွက်သွားလို့ လုပ်ငန်းခါးဆက်ပြတ်တာမျိုး မဖြစ်အောင် ဘယ်လိုလုပ်မလဲ?
November 30, 2020
လူရှေ့သူရှေ့မှာ စကားမပြောခင် သင်ကြိုတင် ပြင်ဆင်သင့်တဲ့ အကြောင်းအရင်း (၅) ခု
December 2, 2020

ဦးဆောင်တဲ့သူတွေက ဝန်ထမ်းတွေ၊ Team Member တွေနဲ့ ရင်းနှီးဖို့လိုတယ်။ Leader ဖြစ်ပြီးတော့ Team Member တွေနဲ့ မရင်းနှီးဘူးဆိုတာ သဘာဝမကျပါဘူး။ Manager တစ်ယောက်အနေနဲ့ ခပ်တည်တည် နေလို့ရတယ်ဆိုတာ နားထောင်လို့ရပေမယ့် Leader တစ်ယောက်အနေနဲ့က Team Member တွေနဲ့ ရင်းရင်းနှီးနှီး မနေဘဲ သီးခြားနေတယ်ဆိုတာတော့ နားထောင်လို့ အဆင်မပြေပါဘူး။ အဲဒါကြောင့် ဦးဆောင်သူများအနေနဲ့ ဝန်ထမ်းများနဲ့ ရင်းနှီးမှု မရှိရင် ဘာတွေဖြစ်နိုင်လဲ ရင်းနှီးမှု တည်ဆောက်ထားရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာ ကျွန်တော်အနေနဲ့ တင်ပြပေးပါမယ်။

(၁) သင်ပိုပေးနိုင်တဲ့အခါ နေမယ်၊ မပေးနိုင်တဲ့အခါ နေမှာမဟုတ်တော့ဘူး။

ဝန်ထမ်းများနဲ့ ရင်းနှီးမှုမရှိတဲ့အတွက် လစာတွေ အခွင့်အရေးတွေပိုပေးနေရင် နေကြမယ်။ မပေးနိုင်တော့ရင် သူတို့နေကြတော့မှာ မဟုတ်တော့ဘူး။

(၂) အလုပ်သဘော ဆက်ဆံရေးပဲရှိပြီး သူတို့အဆင်မပြေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောချင်မှာမဟုတ်ဘူး။

ဝန်ထမ်းများက ဦးဆောင်သူနဲ့ ရင်းနှီးမှုမရှိတဲ့အတွက် ဘဝမှာအဆင်မပြေတာတွေ အခက်ခဲတွေ လုပ်ငန်းခွင်ပြဿနာတွေကို လာပြီးပြောပြချင်မှာမဟုတ်ဘူး၊ ပြောရဲမှာလည်း မဟုတ်ဘူး။ အကယ်၍ ရင်းရင်းနှီးနှီး နေမယ်ဆိုရင်တော့ သူတို့ပြဿနာတွေ အခက်ခဲတွေကို သူတို့ပြောပြကြပါလိမ့်မယ်။

(၃) လူတွေနဲ့ မရင်းနှီးတဲ့အခါမှာ သင် Manager ဖြစ်ရင်ဖြစ်လာမယ်၊ ခေါင်းဆောင်တော့ မဖြစ်နိုင်တော့ဘူး။

ဆိုလိုတာက အပြင်မှာ Manager ဖြစ်နေစရာမလိုဘူး(Management Level)ဖြစ်ကောင်းဖြစ်လို့ရမယ်။ တကယ်စစ်မှန်တဲ့ Leader တစ်ယောက်တော့ ဖြစ်မလာနိုင်ဘူး။ Leader ဆိုတာက လူတွေနဲ့ခင်ရတယ်။ လူတွေရဲ့အကြောင်းတွေ သိအောင်လုပ်ရတယ်။ လူတွေကို ဆူသင့်တဲ့အခါဆူပြီး အရေးယူသင့်တဲ့အခါ အရေးယူရပါမယ်။ ထို့အတူ သူတို့ကို ကူညီပေးတဲ့အခါလည်း ကူညီပေးရပါမယ်။ သူတို့ချစ်ခင်လေးစားထိုက်တဲ့ Leader တစ်ယောက်ဖြစ်ဖို့ သူတို့နဲ့ရင်းနှီးဖို့ လိုအပ်ပါတယ်။ မရင်းနှီးဘူးဆိုရင်တော့ Leader တစ်ယောက်ဖြစ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

(၄) သင်ကိုယ်တိုင်က ရင်းရင်းနှီးနှီး မနေပြတဲ့အတွက် သူတို့အချင်းချင်း ရင်းရင်းနှီးနှီးနေအောင် သင်လှုံ့ဆော်ဖို့လည်း လွယ်ကူမှာ မဟုတ်တော့ဘူး။

Leader တစ်ယောက်အနေနနဲ့က ရင်းနှီးမှုမရှိရင် Team Member တွေ အချင်းချင်းကိုလည်း ရင်းရင်းနှီးနှီးနေဖို့ သွားပြောလို့ မရတော့ပါဘူး။ ကိုယ်က သီးခြားနေပြမယ်ဆိုရင် သူတို့လည်း အချင်းချင်း ချစ်ချစ်ခင်ခင် နေစရာမလိုဘူးလို့ ထင်သွားနိုင်ပါတယ်။ ကိုယ်ကရှေ့ကနေ နမူနာလုပ်ပြသလိုလည်းဖြစ်သွားနိုင်ပါတယ်။

အဲဒါကြောင့် အားလုံးပဲ ကိုယ့်ရဲ့အဖွဲ့ထဲမှာ အဆင်မပြေမှု ဘာတွေရှိလဲ၊ သူတို့ဘာတွေလိုချင်နေကြလဲ၊ သူတို့ဘာတွေ ခက်ခဲနေလဲ၊ သူတို့ကို ကိုယ်ဘာတွေ ကူညီပေးရမလဲ ဆိုတာကို သိအောင်လုပ်တော့မှ သူတို့ချစ်ခင်လေးစားရတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ လမ်းကြောင်းပေါ် ရောက်သွားမှာ ဖြစ်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial