သင့်ရဲ့ လုပ်ငန်းဦးဆောင်မှု ထိရောက်ဖို့အတွက် အကြံပြုချက် (၅) ချက်

လုပ်ငန်းတစ်ခုကို ဦးဆောင်ရာမှာ Mission Statement အရေးကြီးရတဲ့ အကြောင်းအရင်းလေး (၃) ခု
November 27, 2020
အရေးပါတဲ့ ဝန်ထမ်းတစ်ယောက် ထွက်သွားလို့ လုပ်ငန်းခါးဆက်ပြတ်တာမျိုး မဖြစ်အောင် ဘယ်လိုလုပ်မလဲ?
November 30, 2020

လုပ်ငန်းဦးဆောင်တယ် ဆိုကတည်းက Profit လိုချင်တယ်။ Profit ရဖို့ဆိုရင် စရိတ်ကျရမယ်၊ အရောင်းတက်ရမယ်။ ဒါတွေအများကြီး အရေးကြီးပါတယ်။ ဒါတွေအားလုံး ဘယ်ကနေစလဲဆိုရင် အရောင်းကနေစတယ်။ အရောင်းမရှိဘဲနဲ့ ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ ကိုယ်က အရောင်းကို စိတ်ဝင်စားဖို့လိုတယ်။ အရောင်းက Customer တွေဆီက လာတယ်။ Customer တွေကို ကိုယ်ကိုတိုင်ကလည်း စိတ်ဝင်စားရမယ်၊ ကိုယ့်ရဲ့ဝန်ထမ်းတွေကလည်း စိတ်ဝင်စားရမယ်၊၊ (၁) မိမိဖောက်သည်တွေရဲ့ လိုအပ်ချက်ကို သိအောင်လုပ်ပါ။ ဖောက်သည်တွေရဲ့ လိုလားချက်ကို မသိဘဲနဲ့ ကိုယ်သူ့ကို ဘာပေးရမှန်း သိမှာမဟုတ်ဘူး။ သူတို့ ဘာကိုလိုချင်တာလဲ။ သူတို့ကိုယ့်ဆီကို လာကတည်းက ဘာတွေကို မျှော်လင့်ထားကြလဲ။ ဒါတွေကို ကျွန်တော်တို့က သေသေချာချာ သိအောင်လုပ်ပြီးတော့ ဖောက်သည်တွေ ကိုယ့်ရဲ့လုပ်ငန်းကနေ သူတို့လိုချင်တဲ့ (၅)ချက်က ဘာတွေလဲ သိပြီးတော့ ကောင်းသထက်ကောင်းအောင်လုပ်ရင် ဖောက်သည်တွေ ကိုယ့်ဆီကို တည်တည်ငြိမ်ငြိမ်လာတယ်ဆိုရင် ပိုပြီးတော့ ရောင်းရမယ်။ ဒါကြောင့် ဖောက်သည်တွေရဲ့ လိုလားချက်ကို သိအောင်လုပ်ပါ။ (၂) ဝန်ထမ်းတွေကို သေချာသင်ပေးပါ။ လုပ်ငန်းမှာ ဝန်ထမ်းတွေကို လစာပေးနေတာ ကိုယ်ပေးနေတာမဟုတ်ဘူး၊ CEO က ပေးနေတာမဟုတ်ဘူး၊ Management က ပေးနေတာမဟုတ်ဘူး။ Customer တွေက ပေးနေတာ။ CEO လုပ်တဲ့သူက ဝန်ထမ်းတွေကို အလုပ်ဖြုတ်လို့ရတယ်။ ဒါပေမယ့် CEO ကနေစပြီးတော့ ရှိသမျှ ကုမ္ပဏီတစ်ခုလုံးကို အလုပ်ဖြုတ်လို့ရတာက Customer တွေပဲ။ အဲဒါကြောင့် Customer တွေရဲ့ လိုလားချက်ကို သိအောင်လုပ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ထမ်းတွေကို သေသေချာချာ သင်ပေးပါ။ သူတို့ဘာတွေလိုချင်လဲ၊ ငါတို့ဘာတွေပေးရမလဲ၊ ငါတို့လုပ်သင့်တာတွေက ဘာတွေလဲ သေချာသင်ပေးရပါမယ်။ (၃) ဖောက်သည်တွေရဲ့ လိုလားချက်ကို ကျော်လွန်ပြီး ဖြည့်ဆည်းပေးနိုင်အောင်လုပ်ပါ။ ကျွန်တော်တို့ Breakthrough က သင်တန်းတွေမှာဆိုရင် ကျွန်တော်တို့ကိုယ်တိုင်မသိနိုင်တဲ့ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ကျွန်တော်တာဝန်ယူရတဲ့ အဓိကအပိုင်းဆိုရင်တော့ သင်တန်းတွေမှာ သူတို့မျှော်လင့်ထားတာထက် အမြဲတမ်းကျော်ပြီးပေးနိုင်အောင်၊ သူတို့ထင်တားတာထက် ပိုပြီးသင်ပေးနိုင်အောင်လို့ အမြဲတမ်းကြိုးစားတယ်။ ကျွန်တော့်ရည်ရွယ်ချက်က ကျွန်တော့် သင်တန်းလာတက်ပြီးရင် သူတို့ရဲ့ Mindset တွေ ချိန်းရမယ်။ သူတို့ရဲ့ Emotion တွေ ပိုကောင်းလာရမယ်။ သူတို့ရဲ့ Behavior တွေချိန်းရမယ်။ သူတို့လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတဲ့ Step by Step တွေ သိသွားမယ်။ အဲဒီအတွက်ကြောင့် ဖောက်သည်တွေရဲ့ လိုလားချက်ကို သူတို့တကယ် စိတ်ကျေနပ်တာထက် ကျော်လွန်ပြီး ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် သူတို့အနေနဲ့ အများကြီး ပိုအဆင်ပြေတယ်။ အားလုံးပဲ ဖောက်သည်တွေရဲ့ လိုလားချက်ကို သိအောင်လုပ်ပါ။ ဝန်ထမ်းတွေကို သေချာသင်ပေးပါ။ သူတို့လိုလားချက်တွေထက် ကျော်ပြီးတော့ ဝန်ဆောင်မှုပေးနိုင်အောင်ကြိုးစားပါ။ (၄) ဖောက်သည်တွေရဲ့ လိုလားချက်ပြောင်းလဲမှုတွေကို သိအောင်လုပ်ဖို့လိုတယ်။ လိုလားချက်ဆိုတာက အမြဲတမ်းပြောင်းလဲနိုင်တယ်။ COVID ကာလမှာ သူတို့အပြင်မှာ သင်တန်းမတက်နိုင်တော့ရင် Online ဘက်ကိုလှည့်ရတယ်။ လုပ်ငန်းသဘာဝအပေါ် မူတည်ပြီးတော့ ခေတ်စနစ်အပေါ်မှာ မူတည်ပြီးတော့ ဖောက်သည်တွေရဲ့ လိုလားချက်တွေက လိုက်ပြောင်းလာတယ်။ ကိုယ်ကဟိုးအရင်က သမာရိုးကျအတိုင်းချည်းပဲ ဆက်ပြီးနေရင် လုပ်ငန်းကရေရှည်မှာ ရပ်နည်နိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ဖောက်သည်တွေက ဟိုဘက်ကို ပြောင်းသွားတယ်ဆိုရင် ကိုယ်က အဲဒီဘက်ကို လိုက်ပြောင်းနိုင်အောင် ကြိုးစားရမယ်။ အဲဒီတော့ ကိုယ့်ရဲ့ဖောက်သည်တွေ လက်ရှိလိုလားချက်က ဘာတွေလဲ၊ နောင်လာမယ့် (၁)နှစ် (၂)နှစ် (၃)နှစ်လောက် မှာ ဘယ်ဘက်ကို ပြောင်းသွားနိုင်လဲ။ ရုတ်တရက် ကိစ္စတစ်ခုခုဖြစ်ရင်ရော သူတို့ဘယ်ဘက်ကို ပြောင်းလဲသွားနိုင်လဲ။ COVID ကာလမှာ သူတို့ရဲ့ လိုလားချက်ပြောင်းသွားတာ ဘာတွေလဲ။ ဒါတွေကို သိအောင်လုပ်ပါ။ (၅) ကိုယ့်ရဲ့ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ကိုယ့်ရဲ့ဖောက်သည် လိုလားချက်နဲ့အညီ လိုက်ပြောင်းဖို့လိုတယ်။ သူတို့စိတ်ကြိုက်တွေ သိတော့သိတယ်၊ ကိုယ်ကမပြောင်းဘူးဆိုရင်လည်း အဆင်မပြေဘူး။ ဒီခေတ်စနစ်နဲ့ ညီအောင် ဘယ်လိုလိုက်ပြောင်းမလဲ။ ရုတ်တရက် COVID ဖြစ်လို့ လုပ်ငန်းနားလိုက်ရပြီးတော့ တစ်လနဲ့ ၁၀ရက်လောက်အတွင်းမှာ ကျွန်တော်တို့ Online Platform ပေါ်လာတယ်။ Facebook မဟုတ်ဘူး။ Breakthrough Leadership Academy ဆိုပြီးတော့ Online Program တွေလုပ်တယ်။ နောက်ပြီးတော့ Zoom နဲ့လည်း သင်တန်းတွေလုပ်တယ်။ Business Mastery တို့၊ စက်တင်ဘာလထဲမှာဆိုရင် TLJ သင်တန်းကို Zoom နဲ့ တက်တက်ကြွကြွနဲ့သင်တဲ့ ပုံစံမျိုးဖြစ်အောင် ကျွန်တော်တို့ကြိုးစားနေတယ်။ PBCA သင်တန်းကိုလည်း ပြီးခဲ့တဲ့အတောအတွင်းက Zoom နဲ့ လူ (၄၀) (၅၀)ကို သင်သွားနိုင်တယ်။ ဖောက်သည်တွေက သူတို့လိုချင်တာတွေရှိတယ်။ သူတို့လိုချင်တာတွေကို ကျွန်တော်တို့က ပြောင်းလဲသွားတဲ့ပုံစံအတိုင်း လိုက်ပြီးမပေးနိုင်ရင် သူတို့ကို ပေးနိုင်တဲ့ဘက်ကို ပြောင်းသွားလိမ့်မယ်။ အဲဒီအခါကျရင် ကိုယ့်ကို ပုံမှန်အားပေးနေတဲ့ ဖောက်သည်တွေ ဆုံးရှုံးရရင် လုပ်ငန်းက ရေရှည်မှာထိခိုက်နိုင်တယ်။ အဲဒီအတွက်ကြောင့် ခုနကပြောတဲ့အချက်လေး (၅)ချက်ဖြစ်တဲ့ ဖောက်သည်တွေ လိုလားချက်ကို သိအောင်လုပ်ပါ။ ဝန်ထမ်းတွေကို သေချာသင်ပေးပါ။ သူတို့ရဲ့လိုလားချက်ကိုကျော်လွန်ပြီး ဖြည့်ဆည်းပေးနိုင်အောင်လုပ်ပါ။ သူတို့ရဲ့ လိုလားချက်ပြောင်းလဲမှုတွေကို လေ့လာပါ။ ထုတ်ကုန်ဝန်ဆောင်မှုတွေကို ဖောက်သည်လိုလားချက်နဲ့အညီ လိုက်ပြောင်းပါ။ ဒါဆိုရင်တော့ လုပ်ငန်းပိုပြီးတော့ တိုးတက်နိုင်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, PCC)

CEO Coach & NLP Master Trainer

Leadership Development Facilitator

#naingwinaungceocoach

#naingwinaungexecutivecoach

#Leadership #Coaching #Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial