လုပ်ငန်းခွင်မှာ ရလဒ်ကောင်းတွေ ထွက်လာစေမယ့် အကြောင်းရင်း (၃) ခု

သင့်လုပ်ငန်း အိပ်မက်တွေအတွက် အားဖြစ်စေမယ့် အဆိုအမိန့် (၁) ခု
November 18, 2020
လုပ်ငန်းထဲမှာ သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ သင်လုပ်သင့်တဲ့ အရာ (၄) ခု
November 20, 2020

ဒီအကြောင်းအရာတွေက လုပ်ငန်းရှင်တွေ အတွက်သာမက ဦးဆောင်သူတွေ အတွက်ပါ အရေးပါမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ဦးဆောင်သူလို့ ဆိုတဲ့နေရာမှာ လုပ်ငန်းခွင်ဝင်ပြီး စီနီယာ နဲနဲလေး ကျနေသူပဲ ဖြစ်ဖြစ်၊ Supervisor တွေပဲ ဖြစ်ဖြစ်၊ Manager တွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်သူမဆို အားလုံးအတွက် အကျုံးဝင်ပါတယ်။ လုပ်ငန်းရှင်တွေလည်း ပါပါတယ်။

လုပ်ငန်းတစ်ခုမှာ ဦးဆောင်ရပြီ ဆိုတာနဲ့ သင့်ရဲ့ တာဝန် ဝတ္တရားတွေ ရှိလာတယ်။ သင့်ရဲ့ အထက်လူကြီးတွေကပေးတဲ့ တာဝန်တွေ ဖြစ်နိုင်သလို သင်က လုပ်ငန်းရှင် ဆိုရင်လည်း သင် ကိုယ်တိုင် သတ်မှတ်ထားတဲ့ တာဝန်တွေ ဒါမှမဟုတ် သင့်ရဲ့ အဖွဲ့အစည်း၊ သင့်ရဲ့ ဝန်ထမ်း၊ သင့်ရဲ့ Team တွေနဲ့ အတူတူ သတ်မှတ်ထားတဲ့ လိုချင်တဲ့ Result တွေ ရှိလာပါတယ်။ အဲဒီဟာတွေကို လိုချင်ပြီဆိုရင် ကျွန်တော်တို့အနေနဲ့ များသောအားဖြင့် Big Picture ကို စဉ်းစားကြပါတယ်။ Big Picture ဆိုတာ သင်တို့က ဘာကို လိုချင်တာလဲ၊ လာမယ့် ၃ နှစ်၊ ၁ နှစ်၊ ၆ လမှာ ဘယ်လိုမျိုးတွေ ဖြစ်ချင်တာလဲ၊ ဘယ်လို အပြောင်းအလဲတွေ လိုချင်တာလဲဆိုတာတွေကို စဉ်းစားတာမျိုး ဖြစ်ပါတယ်။

ဒီလို စဉ်းစားပြီးပြီ ဆိုတာနဲ့ စမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အသေးစိတ်ကနေ စတင်ရပါတယ်။ အဲဒီအခါမှာ အရေးကြီးတဲ့ အချက် ၃ ချက်က ဘာတွေလဲဆိုရင်

(၁) စနစ်များ ချမှတ်မှု (အရောင်း၊ မားကတ်တင်း၊ ငွေသွင်း၊ ငွေထုတ်၊ ဝန်ထမ်းခန့်ထားခြင်း)

အရေးကြီးတာက စနစ်တွေ ချထားဖို့ လိုတယ်ဆိုတာ လုပ်ငန်းခွင်မှာ Overall Management တွေ၊ Overall Leadership တွေနဲ့ Department တွေ ရှိတဲ့အခါ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို ဘယ်လို လုပ်တာတွေ လိုချင်တယ် ဆိုတာကို သူတို့ကို သေသေချာချာ မပြောထားဘူးဆိုရင် သူတို့ လုပ်ချင်ရာကို လုပ်ချင်သလို လုပ်ကြလိမ့်မယ်။ အဲဒီအခါ ဝန်ထမ်းတွေကို လိုချင်တဲ့ Result ကို ပြောထားပြီး အဆင်ပြေသလို လုပ်လိုက်တော့လို့ ပြောထားတာက Organization တစ်ခု ရေရှည်အောင်မြင်ဖို့ရာ အဆင်ပြေမယ်လို့ ကျွန်တော့်အနေနဲ့ မယုံကြည်ပါဘူး။
တချို့ Project by Project မှာတော့ လိုချင်တဲ့ Result ကိုပြောပြပြီး အဆင်ပြေသလို လုပ်ကြပါဆိုတာက အဆင်ပြေကောင်း ပြေနိုင်ပေမယ့် လုပ်ငန်းကို ရေရှည် အောင်မြင်ချင်တယ်၊ အဲဒီအတိုင်းပဲ သင့်ရဲ့ Customer တွေကိုလည်း တသမတ်တည်း ဝန်ဆောင်မှုတွေ ရစေချင်တယ်၊ လုပ်ငန်းခွင်ထဲမှာ စည်းစနစ် ကျချင်တယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ စနစ်တွေ သတ်မှတ်ထားဖို့ လိုပါတယ်။ စနစ်တွေ သတ်မှတ်ထားဖို့ လိုတယ်ဆိုတဲ့ သဘောက သက်ဆိုင်တဲ့ Department အသီးသီးမှာ သက်ဆိုင်တဲ့ လုပ်ငန်းစဉ် အသီးသီးမှာ ဘယ်လို လုပ်ရမယ်ဆိုတာမျိုးကို Step by Step သေသေချာချာ သတ်မှတ်ထားဖို့ လိုပါတယ်။

ဥပမာအနေနဲ့ အရောင်းမှာဆိုရင် ပထမဆုံး Customer ကို ဆက်သွယ်မယ်ဆိုရင် မဆက်သွယ်ခင် ဘာတွေကို ပြင်ဆင်ရမှာလဲ၊ ဆက်သွယ်ချိန်မှာ နှုတ်ဆက်ရင် ဖုန်းနဲ့ဆို တစ်မျိုး အပြင်မှာဆို တစ်မျိုး အရင်ဆုံး ဘယ်လို နှုတ်ဆက်ရမှာလဲ၊ ပြီးရင် သူတို့ကို ဘာတွေ ပေးရမယ်၊ သူတို့ပြောတာ နားထောင်ပြီး ဘာတွေကို တင်ပြရမယ်၊ သူတို့ ငြင်းဆိုတာတွေကို Over Come ပြန်ပြီး လုပ်နိုင်အောင် ဘယ်လို လုပ်ရမှာလဲ၊ နောက်ဆုံးမှာ အရောင်းကို ဘယ်လို Close လုပ်ရမလဲ၊ ရည်ညွှန်း ပြောဆိုခံရသူတွေကို အဲဒီလို ရည်ညွှန်း ပြောဆိုမှု ရအောင် ဘယ်လို ယူမှာလဲ ဆိုတာမျိုးတွေကို သတ်မှတ်လို့ ရပါတယ်။

Marketing မှာဆိုရင်လည်း Marketing Professional တွေ ပြောရင် ပိုပြီးပြည့်စုံမှာပါ။ Marketing နဲ့ပတ်သက်ပြီး သင့်လုပ်ငန်းကို လူတွေ ပိုပြီးစိတ်ဝင်စားလာဖို့က အရေးကြီးပါတယ်။ ဒီလိုမျိုး စိတ်ဝင်စားတဲ့ သူတွေကနေ ဝယ်တဲ့သူတွေ ဖြစ်လာအောင် လုပ်တာကတော့ အရောင်း ဖြစ်သွားပါတယ်။ အဲဒီတော့ စိတ်ဝင်စားတဲ့ သူတွေ များလာအောင် ဘယ်လို စနစ်မျိုးကို သုံးမှာလဲ။ Facebook Marketing နဲ့ပတ်သက်ပြီး လုပ်ရမယ့် လုပ်ငန်းစဉ် ဘယ်နှစ်ခုရှိလဲ၊ လုပ်ငန်းစဉ်တိုင်းမှာ အသေးစိတ် လုပ်ရမယ့် စနစ်တွေက ဘာတွေလဲ ဆိုတာတွေကို သေချာသတ်မှတ်ထားမယ်ဆိုရင် တော်ရုံတန်ရုံ မကျွမ်းကျင်သေးတဲ့ အလုပ်သင်တစ်ယောက် လာတဲ့အခါ ဒီလိုသတ်မှတ်ထားတဲ့ စာတွေ ဖတ်ကြည့်လိုက်ချိန်မှာ အနည်းဆုံး စာအရတော့ သူ သဘောပေါက်သွားပါလိမ့်မယ်။ အဲဒီအခါ တစ်ယောက်ယောက်ကသာ သူ့ကို Demonstrate လုပ်လိုက်ရင် သူ နားလည်သွားလိမ့်မယ်။

ဒါကြောင့် အရောင်းတို့၊ မားကတ်တင်းတို့ ပြီးတော့ Financial Management မှာ ဆိုရင်လည်း ငွေသွင်း ငွေထုတ်လိုမျိုးတွေ၊ ပိုက်ဆံထုတ်ချင်တယ်ဆိုရင် ဘယ်လိုမျိုး လာတင်ရမယ်၊ ထုတ်ထားတဲ့ ပိုက်ဆံကို ပြန်ပြီး Claim မယ်ဆိုရင် ဘယ်လိုမျိုး လုပ်ရမယ်ဆိုတာတွေကို သတ်မှတ်ထား ရပါမယ်။ ဝန်ထမ်းခန့်ထားမယ့် နေရာ၊ အင်တာဗျူးမယ့်အခါမှာ ဆိုရင်လည်း (၁) ဘာလုပ်ရမယ် (၂) ဘာလုပ်ရမယ် (၃) ဘာလုပ်ရမယ် ဆိုတာမျိုးသာ သေချာ သတ်မှတ်ထားမယ် ဆိုရင် တစ်ယောက် တစ်ပေါက် ဖြစ်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် အသေးစိတ် တစ်ခုချင်း အကောင်အထည် ဖော်ရာမှာတော့ သူ့နည်းနဲ့ သူ့ဟန်၊ အနည်းနဲ့ အများ ကွဲလွဲတာတွေ ရှိနိုင်ပါတယ်။ များသောအားဖြင့် ကုမ္ပဏီတစ်ခုလုံး အနေနဲ့ကတော့ တစ်ပုံစံထဲသာ ဖြစ်နေပါလိမ့်မယ်။ အဲဒီလို တစ်ပုံစံထဲဖြစ်အောင် လုပ်ထားမှသာ သင်မရှိဘဲ လုပ်ငန်းက လည်ပတ်လို့ရမယ်။ လုပ်ငန်းကို ဆက်ပြီး ချဲ့ထွင်နိုင်မယ်။ ဒါက အရေးကြီးပါတယ်။ အဲဒီတော့ နံပါတ် ၁ အနေနဲ့ စနစ်တွေ သတ်မှတ်ထားဖို့ လိုပါတယ်။

(၂) စနစ်အတိုင်း သင်ကြားပေးမှု

အဲဒီလို စနစ်တွေ သတ်မှတ်ပြီးသွားတဲ့အခါ သင်ကြားပေးဖို့လိုပါတယ်။ လူတွေက SOP အရဆိုပြီး လုပ်တတ်ကြတယ်။ တချို့ကလည်း စနစ်နဲ့ ပတ်သက်ပြီး လက်မှတ်တွေရဖို့ အသည်းအသန် လုပ်ကြတယ်။ ပြီးရင်တော့ အဲဒီစနစ်နဲ့ ပတ်သက်ပြီး သတ်မှတ်လိုက်တဲ့ စာအုပ်တွေက အံဆွဲထဲ ရောက်သွားတတ်ပါတယ်။ နောက်တစ်ကြိမ် သက်တမ်းတိုးခါနီးမှ ပြန်ထုတ်ပြီး ဖတ်တတ်ကြတယ်။ ဒါကြောင့် အရေးကြီးတာက စနစ်တွေကို သတ်မှတ်ပြီးတာနဲ့ အသုံးပြုရမယ်။ ဒီလိုအသုံးပြုနိုင်ဖို့ ဘယ်လို အရင်ဆုံး လုပ်ရမလဲဆိုရင် သင်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ပုံမှန်အဆင်ပြေသလို လုပ်နေရာကနေပြီး ဒီလိုလုပ်ကြမယ်လို့ သင်ကြားပေးတဲ့အခါ လူတွေအနေနဲ့ Resistant ဆန့်ကျင်တာတွေ ရှိလာနိုင်တယ်။ အဲဒီအခါ သေချာ နားလည် သဘောပေါက်အောင်၊ စိတ်ဓာတ်ရေးရာအရလည်း သဘောပေါက်အောင်နဲ့
You sent Today at 2:26 PM
အလုပ်အရလည်း လုပ်တတ်အောင် သင်ပေးရပါတယ်။ သင်ပေးမှပဲ အဆင်ပြေမှာပါ။

(၃) သတ်မှတ်ထားတဲ့ စနစ်အတိုင်း အကောင်အထည်ဖော်မှု

သင်ကြားပေးပြီးပြီဆိုတာနဲ့ သင်ကြားပေးထားတဲ့ စနစ်အတိုင်း အကောင်အထည် ဖော်ခိုင်းရပါမယ်။ ဝန်ထမ်းတွေ၊ မန်နေဂျာတွေနဲ့ လုပ်ငန်းရှင်တွေ သင်ကိုယ်တိုင်က လုပ်ရမယ်။ အဲဒီနေရာမှာလည်း လုပ်လား၊ မလုပ်လား ပြန်စစ်နိုင်ဖို့ အရေးကြီးပါတယ်။ ပြုပြင်သင့်တာတွေကို ပြုပြင်ရမယ်။ ပြုပြင်တယ် ဆိုတဲ့နေရာမှာ စနစ်ပိုင်းကို ပြုပြင်ဖို့ လိုနေတာလား၊ အကောင်အထည်ဖော်တဲ့ ဝန်ထမ်းတွေရဲ့ နားလည် သဘောပေါက်မှုကိုလား ဒါမှမဟုတ် တကယ် လက်တွေ့ လုပ်ဆောင်မှုကိုလား၊ ဘာတွေကို ပြုပြင်ရမလဲ ဆိုတာ နားလည်မှသာ ကျွန်တော်တို့အနေနဲ့ အဆင်ပြေမှာ ဖြစ်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial