အကျင့်စာရိတ္တဟာ ဦးဆောင်သူတွေအတွက် အရေးကြီးတဲ့အကြောင်းအရင်း (၅) ခု

ဝင်ငွေနဲ့ သင့်အရည်အချင်း ချိတ်ဆက်မှုနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက် (၃) ချက်
October 28, 2020
သင်ရွေးချယ်နိုင်တဲ့ ကမ္ဘာ (၂) ခု
October 30, 2020

အကျင့်စာရိတ္တဟာ ဦးဆောင်သူတွေအတွက် အရေးကြီးတဲ့အကြောင်းအရင်း (၅) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Leader တွေက အကျင့်စာရိတ္တ ကောင်းဖို့လိုတယ်။ အကျင့်စာရိတ္တက ခေါင်းဆောင်မှုရဲ့ အဓိကအုတ်မြစ်ဖြစ်တယ်လို့ ကျွန်တော့်ဆရာဖြစ်တဲ့ John C. Maxwell က ပြောဖူးပါတယ်။ လူတစ်ယောက်က အကျင့်စာရိတ္တမကောင်းရင် အဆင်မပြေပါဘူး။ သင့်ရဲ့အပေါ်မှာပဲဖြစ်ဖြစ် အောက်မှာပဲဖြစ်ဖြစ် ဘေးမှာပဲဖြစ်ဖြစ် အကျင့်စာရိတ္တ မကောင်တဲ့သူတွေနဲ့ လုပ်ဖူးတဲ့သူတွေရှိရင် သူတို့ရဲ့အမှားတွေကိုကြည့်ပြီး ဆင်ခြင်လို့ရပါတယ်။ အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး မျှဝေရမယ်ဆိုရင်

(၁) စာရိတ္တမကောင်းတဲ့သူနဲ့ ဘယ်သူမှ အလုပ်တွဲမလုပ်ချင်ဘူး။

သင့်ရဲ့ အထက်လူကြီးက စာရိတ္တမကောင်းဘူး၊ လိမ်နေတယ်၊ ခိုးနေတယ်ဆိုရင် မသမာတာတွေလုပ်တာကို သိနေတယ်ဆိုရင် အလုပ်တွဲလုပ်ချင်မှာ မဟုတ်တော့ပါဘူး။ အကျင့်စာရိတ္တက သင့်ရဲ့ နောက်လိုက်တွေအပေါ်မှာလည်း သက်ရောက်နိုင်တဲ့အတွက် သင့်ရဲ့ အကျင့်စာရိတ္တကို ကောင်းသထက်ကောင်းအောင် တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားမယ်ဆိုရင် နောက်လိုက်တွေအနေနဲ့ ပိုပြီးတော့ သင်နဲ့ အလုပ်လုပ်ချင်လာမယ်။

(၂) မကောင်းတဲ့စံပြ ဖြစ်မနေဖို့လိုတယ်။

ခေါင်းဆောင်ကိုယ်တိုင်က မကောင်းတဲ့ Role Model ဖြစ်မယ်ဆိုရင် အဖွဲ့အစည်းထဲမှာလည်း သူ့ကိုအတုယူပြီး မကောင်းတဲ့သူတွေ ရှိလာနိုင်ဖို့ အခွင့်အလမ်းပိုများတယ်။ အဲဒီအတွက် မကောင်းတဲ့စံပြ ဖြစ်မနေဖို့လိုတယ်။

(၃) နောက်လိုက်တွေ စိတ်ဓာတ်ပျက်ပြားနိုင်တယ်။

အကျင့်စာရိတ္တ မကောင်းတဲ့သူရဲ့ လက်အောက်မှာ လုပ်ရတဲ့အခါ ဝန်ထမ်းတွေ စိတ်ဓာတ်ပျက်ပြားနိုင်တယ်။ တစ်ချို့လူတွေ မလုပ်ချင်ပေမယ့် ထွက်မရတဲ့အခါမှာ စိတ်ဓာတ်ပျက်ပြားပြီး မပျော်တာမျိုးတွေ ဖြစ်လာနိုင်တယ်။

(၄) လက်တွဲလုပ်ချင်တဲ့သူတွေ မရှိဘူးဆိုရင် လုပ်ငန်းထိခိုက်လာမယ်။

လုပ်ငန်းခွင်ထဲမှာ အဆင်မပြေတာမျိုးတွေက ခေါင်းဆောင်ကိုယ်တိုင်က လိမ်တာတို့ မသမာတာတို့ ရှိတဲ့အတွက် ဖြစ်လာနိုင်တယ်။ တစ်ခါတစ်လေကျရင် မန်နေဂျာတစ်ယောက်က အဲဒီလိုဖြစ်နေတယ် အပေါ်ကိုလည်း တက်မပြောနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနေနိုင်တယ်။ လုပ်ငန်းရှင်ကိုယ်တိုင်က ဒီလိုမျိုး ဖြစ်နေမယ်ဆိုရင်တော့ ပိုပြီးတော့ ဆိုးပါတယ်။

(၅) ဝန်ထမ်းကောင်းတွေ ဆုံးရှုံးနိုင်တယ်။

သင့်မှာက ဝန်ထမ်းကောင်းတွေရှိပေမယ့် အကျင့်စာရိတ္တ မကောင်းတဲ့မန်နေဂျာတွေက သင့်လက်အောက်မှာ ရှိမယ်ဆိုရင် ဝန်ထမ်းကောင်းတွေ ဆုံးရှုံးနိုင်တယ်။ အဲဒီအတွက် အကျင့်စာရိတ္တတွေ ကောင်းကြဖို့လိုပါတယ်။ အကျင့်စာရိတ္တ ကောင်းတယ်ဆိုတာ အပြောနဲ့အလုပ်နဲ့ညီတာ။ မဟုတ်တာ မကောင်းတာကို မလုပ်တာ၊ ရှောင်တာမျိုးတွေဖြစ်တယ်။ သင်က အကျင့်စာရိတ္တကောင်းရင် သင်နဲ့တွဲလုပ်ချင်တဲ့သူတွေ ပေါနိုင်တယ်။ သင်က အကျင့်စာရိတ္တကောင်းတဲ့အတွက် သင့်ဆီကိုလည်း အကျင့်စာရိတ္တကောင်းတဲ့သူတွေ ရောက်လာနိုင်တယ်။ ဝန်ထမ်းတွေလည်း စိတ်ဓာတ်ရေးရာ ကောင်းလာမယ်။ သင်နဲ့လုပ်ချင်တဲ့သူတွေ ပိုပြီးများလာတဲ့အတွက် လုပ်ငန်းက ပိုပြီးတိုးတက်လာမယ်။ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ဆုံးရှုံးခြင်းကလည်း ရှောင်ရှားနိုင်ပါမယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial