ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ လုပ်ငန်းခွင်ကို တည်ဆောက်နိုင်ဖို့ အရေးကြီးတဲ့ အကြံပြုချက် (၅) ခု

အရည်အချင်း မပြည့်ဝတဲ့ ခေါင်းဆောင်တွေ ဖန်တီးတဲ့ ပြဿနာ (၆) ခု
September 24, 2020
ခေါင်းဆောင်မှုအရည်အချင်းကို တိုးတက်လာစေဖို့ လုပ်သင့်တဲ့ အရိုးရှင်းဆုံး နည်းလမ်း (၅) ခု
September 26, 2020

ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ လုပ်ငန်းခွင်ကို တည်ဆောက်နိုင်ဖို့ အရေးကြီးတဲ့ အကြံပြုချက် (၅) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဖွံ့ဖြိုးတိုးတက်မှုဆိုတာ Personal Growth ဖွံ့ဖြိုးတိုးတက်မှု ဒါမှမဟုတ် အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုလိုတာဖြစ်တယ်။ အဲဒီလိုမျိုး ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းခွင်က ဝန်ထမ်းတွေရဲ့ Personal Development တွေ သူတို့ရဲ့ အသိပညာတွေ သူတို့ရဲ့လုပ်နိုင်စွမ်းတွေ
ဒါတွေမြင့်တက်လာဖို့ဆိုရင် အဲဒီလိုမျိုး အားပေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်ဖို့က Leader တွေမှာ အများကြီးအရေးကြီးတယ်။ Manager တွေ ကိုယ်တိုင်က Growth ကို အားမပေးရင် Growth က ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့ Leader တွေအနေနဲ့ လိုအပ်တဲ့ အချက် (၅) ချက်ကို မျှဝေချင်ပါတယ်။

(၁) ဝန်ထမ်းတစ်ယောက်ချင်းဆီကို တာဝန်တိတိကျကျ သတ်မှတ်ပေးပါ။

တစ်ယောက်ချင်းဆီကို တာဝန်မပေးဘဲ ဝိုင်းလုပ်ဝိုင်းစားဆိုတာက မကောင်းဘူး။ ဘယ်သူကလုပ်တယ်။ ဘယ်သူက မလုပ်ဘူးဆိုတာလည်း မပေါ်လွင်ဘူး။ တိုင်းတာလို့ မရဘူး။ အဲဒီအတွက်ကြောင့် ကိုယ့်လက်အောက်က ဝန်ထမ်းတွေကို တာဝန်တိတိကျကျ သေသေချာချာ ပေးဖို့လိုတယ်။ မဟုတ်ရင် တိုးတက်လား မတိုးတက်ဘူးလားဆိုတာကို မသိနိုင်ဘူး။

(၂) သူတို့မှာရှိတဲ့ အရည်အချင်းနဲ့ တိုးတက်လာရမယ့် အရည်အချင်းတွေကို သက်မှတ်ပေးဖို့လိုတယ်။

ဒီနေရာမှာ လူတစ်ယောက်ချင်းနဲ့လည်း ဆိုင်နိုင်တယ်။ ဘယ်ရာထူးအတွက် ဘယ်အရည်အချင်း လိုအပ်တယ်ဆိုပြီး ဒီလိုမျိုးပေါ့။ ဒါမှဟုတ် တစ်ယောက်ချင်းဆီ ခေါ်ပြီးတော့ တစ်ယောက်ချင်း လုပ်ရမယ့် အရာတွေကို ပြောရတာဖြစ်နိုင်တယ်။ အဲဒီလိုမျိုး အခြေအနေနဲ့ လူအပေါ်မူတည်ပြီးတော့ ဖြစ်နိုင်တယ်။

(၃) သူတို့အတွက် လိုအပ်တဲ့ သင်တန်းတွေ စီစဉ်ပေးပါ။

Leader တွေက မင်းတို့တော့ ဒီအရည်အချင်းတွေ လိုတယ်။ ဒီ Skill တွေလိုတယ်ဆိုပြီး သတ်မှတ်ပေးရမယ်။ သူ့တို့ ကိုယ်တိုင်လည်း Salf Study တွေ လုပ်လို့ရအောင် သူတို့ကို ကိုယ်ကိုယ်တိုင်က သင်တန်းတွေ စီစဉ်ပေးရမယ်။ တစ်ချို့ကိစ္စတွေက ကိုယ်တိုင် ဒါမှမဟုတ်
ကိုယ့်လက်အောက်က မန်နေဂျာတွေက သင်ပေးမှရမယ်။ နောက်တစ်ချက်က အပြင်ကနေ Facilitator တွေ Coach တွေ Trainer တွေ နဲ့ သင်ပေးရတာက ကိုယ်ပြောတာထက် ပိုပြီးတော့အဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က အဲဒီလိုမျိုး ပြောဖို့အတွက် စနစ်တကျ အစီအစဉ် မကျတာမျိုးလည်းဖြစ်နိုင်တယ်။

ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကိုယ်ပြောတာက အဆင်ပြေပေမယ့် ဘာသာရပ်ဆိုင်ရာတွေကျတော့ သက်ဆိုင်တဲ့ ဆရာတွေသင်တာက ပိုပြီးတော့ အဆင်ပြေတယ်။ အပြင်ကလူက လာပြောရင် သူက အလယ်ကနေ ပြောသင့်ပြောထိုက်တာကို ပြောပေးသွားတာဆိုတော့ အဆင်ပြေတယ်။ နောက်တစ်ခု လုပ်လို့ရတာက ဘာသာရပ်တစ်ခုနဲ့ဆိုင်တဲ့ နာမည်ကြီးတဲ့ သင်တန်းတွေကို သူတို့ကို လွှတ်လို့ရတယ်။ အဲဒီလိုမျိုးဆိုရင်လည်း သူတို့ရဲ့ အရည်အချင်းတွေ မြင့်တက်လာနိုင်တယ်။ ဒါတွေက Leader တွေအနေနဲ့ လုပ်ကို လုပ်ပေးရမယ့် အရာတွေဖြစ်တယ်။

ဝန်ထမ်းတွေကို ကိုယ်က Invest လုပ်ရမှာဖြစ်တယ်။ သူတို့ တိုးတက်လာမှ ကိုယ့်ရဲ့ လုပ်ငန်းကလည်း တိုးတက်လာမှာဖြစ်တယ်။ အဲဒီလိုမျိုးနဲ့ Customer တွေရဲ့ စိတ်ကျေနပ်မှု မြင့်လာတက်လာပြီး ကိုယ့်ရဲ့ လုပ်ငန်းလည်းတိုးတက်လာနိုင်တယ်။ အဲဒီအတွက်ကြောင့် လုပ်ငန် တိုးတက်ချင်ရင် ဝန်ထမ်းတွေရဲ့ အရည်အချင်းတိုးတက်မှုက အရမ်းကို အရေးပါပါတယ်။

(၄) ဝန်ထမ်းတွေရဲ့ တိုးတက်မှုကို ကြည့်ပြီး Feedback ပေးရမယ်။

ဝန်ထမ်းတွေက သူတို့ကို ဘာလုပ်ရမလဲ သတ်မှတ်ပေးထားတယ်။ သူတို့ ဘာအရည်အချင်းတွေ တိုးတက်ရမလဲ ပြောထားတယ်။ သူတို့ကို သင်တန်းတွေ ပေးထားတယ် သူတို့က လုပ်ကြတယ်ဆိုရင် သူတို့ရဲ့ အရည်အချင်း တိုးတက်လာမှုကို စောင့်မကြည့်ဘူးဆိုရင် ဘယ်သူတွေ တိုးတက်ပြီး ဘယ်သူတွေ မတိုးတက်ဘူးဆိုတာကို မသိနိုင်ဘူး။

အဲဒါကြောင့် ကျွန်တော်တို့က သူတို့ကို စောင့်ကြည့်ပြီး ဘယ်သူကတော့ တိုးတက်လာတယ်။ ဘယ်သူကတော့ မတိုးတက်လာဘူးဆိုတာကို တစ်ယောက်ချင်းဆီပြဲဖစ်ဖြစ် Feedback ပေးပြီး ဘာလိုအပ်တယ်ဆိုတာကို ပြောပြပြီး အကြံပေးရမယ်။ ဒါမှ သူတို့ကလည်း ကောင်းနေတယ်ဆိုရင် သူတို့ကောင်းတယ် ဘာဆက်လုပ်ရမလဲဆိုတာကိုသိပြီး မကောင်းဘူး လွဲနေတယ်ဆိုရင်လည်း သူတို့ ဘာကိုပြင်ရမလဲဆိုတာကို သိနိုင်တယ်။ အဲဒီအတွက်ကြောင့် သူတို့ရဲ့ တိုးတက်မှုတွေ၊ အားနည်းမှုတွေကို Feedback ပေးဖို့လည်း Leader တွေမှာ တာဝန်ရှိပါတယ်။

(၅) ခေါင်းဆောင်တွေ ကိုယ်တိုင်က စဉ်ဆက်မပြတ် လေ့လာသင်ယူဖို့လိုတယ်။

ကျွန်တော် အမြဲတမ်းပြောတယ် Leader တွေက စံနမူနာအဖြစ် နေပြဖို့လိုတယ်။ Leader ကိုယ်တိုင်က စဉ်ဆက်မပြတ် လေ့လာသင်ယူမှု မပြုဘဲနဲ့ Follower တွေက အနောက်က လိုက်လာမှာ မဟုတ်ဘူး။ ကိုယ်က ကိုယ်ပြောတဲ့အတိုင်း အရှေ့ကနေ လိုက်လုပ်နေမှရမယ်။ အဲဒါမှ ငါတို့ Leader ကိုယ်တိုင်က ဒီအသက်အရွယ်ထိ လုပ်နေတာ ငါလည်းလိုက်လုပ်မယ်ဆိုတဲ့ စိတ်ဝင်သွားနိုင်တယ်။
ဒီလိုမျိုး ခံယူလာနိုင်တယ်။

ကျွန်တော့်ရဲ့ Coaching Client တွေထဲမှာ အသက်အရွယ် အတိုင်းအတာတစ်ခုထိ ရောက်နေပေမယ့် MBA သွားတက်နေတဲ့ သူတွေရှိတယ်။ ဒီလိုမျိုးတွေတွေ့ရတာ စိတ်အားတက်ကြွမှုတွေ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီမှာရှိတဲ့ မိတ်ဆွေတွေ လေ့လာသင်ယူမှုကို မရပ်ပါနဲ့။ ကိုယ်ကိုယ်တိုင်က ရှေ့ကနေ လုပ်ပြတာက နောက်ကလူတွေအတွက်ကို စံနမူနာကောင်း ဖြစ်ပါတယ်။ ဖွံဖြိုးတိုးတက်တဲ့
လုပ်ငန်းခွင်ဖြစ်ဖို့ ကိုယ်ကိုယ်တိုင်ကနေ စရပါမယ်။ ပြီးသွားရင်တော့ သူတို့ကို လုပ်ခိုင်းလို့ရပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial