သင်ချမှတ်ထားတဲ့ တာဝန်ကို သင့်ဝန်ထမ်းက မလိုလားသလိုပြလာရင် သင်လုပ်ဆောင်နိုင်တဲ့ အကြံပြုချက် (၅) ချက်

ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး သင့်လုပ်ငန်းမှာ တိုင်းတာသင့်တဲ့ အဓိကကျတဲ့ အကြောင်းအရာ (၅) ခု
September 17, 2020
သင့်ရဲ့ မကောင်းတဲ့ခံယူချက်တွေကို စွန့်လွှတ်နိုင်ဖို့ အကောင်းဆုံးမဟာဗျူဟာ (၇) ခု
September 20, 2020

လုပ်ငန်းခွင်မှာ ကိုယ်က ဦးဆောင်ပြီဆိုကတည်းကိုက ကိုယ့်လက်အောက်က ဝန်ထမ်းတွေနဲ့ ထိတွေ့ရတာက ဖြစ်နေမှာပဲ။အဲဒီအခါမှာ သူတို့ကို တာဝန်တွေပေးတယ်၊ သင်ပေးရတယ်၊ ညှိနှိုင်းရတယ်။ သူတို့ကို တာဝန်တွေ ခွဲဝေပေးရတယ်။ အလုပ်လုပ်တဲ့အခါမှာ ကိုယ်က သူ့ကိုတာဝန်တွေပေးလိုက်တယ် အဲဒီအခါမှာ မလုပ်ချင်သလိုလို ဘာလိုလို ပါးစပ်ကပဲပြောပြော အမူအရာနဲ့ပဲပြောပြော ပြလာပြီဆိုရင် ဦးဆောင်တဲ့သူတွေအနေနဲ့ ဘယ်လိုလုပ်ကြမလည်း ဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားသင့်တဲ့ အချက် (၅) ချက် ကိုမျှဝေချင်ပါတယ်။
(၁) ကိုယ်ပေးတဲ့ တာဝန်က လုပ်သင့်ရဲ့လား၊ တရားရဲ့လား ဒါလေးကို ပြန်ပြီးစစ်ဆေးသင့်တယ်။
ကိုယ်က သူ့ကိုမတရားတဲ့ တာဝန်ကြီးပေးတယ်ဆိုရင် ဝန်ထမ်းက မလုပ်ချင်ဘူးဆိုတာ ရှင်းတယ်။ အဲဒီတော့ ဘယ်လိုမှ အခြေအနေနဲ့ မကိုက်ညီတဲ့အလုပ် သွားပြီးခိုင်းတယ်ဆိုရင် ဝန်ထမ်းက မလုပ်ချင်တာ ရှင်းတယ်။ Leader အနေနဲ့ ဝန်ထမ်းကို သူလုပ်သင့်လုပ်ထိုက်တဲ့အလုပ် တရားမျှတတဲ့အလုပ် တစ်ခုပေးပါလျက်နဲ့ မလုပ်ချင်ဘူးဆိုရင်တော့ ဒါက သူ့ဖက်က မှားနေတာဖြစ်နိုင်တယ်။ အဲဒီအတွက်ကြောင့် ကိုယ်ပေးလိုက်တဲ့ တာဝန်က တရားမျှတရဲ့လား။ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီရဲ့လား ပြန်ပြီးစဉ်းစားတာ ကောင်းတယ်။
(၂) သူ့ကိုလိုအပ်တဲ့ အထောက်အပံ့တွေရော ပေးထားရဲ့လားဆိုတာ ပြန်ပြီးစစ်ဆေးရမယ်။
သူ့ကို တရားမျှတအောင်ပေးထားတယ် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေ ခွဲပေးထားပါလျက်နဲ့ သူအဲဒါကို လုပ်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ လိုအပ်တဲ့ Resources တွေမရှိရင်၊ ပေးမထားဘူးဆိုရင် အဲဒီလုပ်ငန်းက သွားလုပ်ဖို့ အဆင်မပြေနိုင်ဘူး။ အဲဒီတော့ ကိုယ်ဆိုရင်လည်း လုပ်ချင်မှာမဟုတ်ဘူး။ ကိုယ်က လိုအပ်တာတွေ ကူမှ မကူညီပေးတာ ထောက်မှမထောက်ပံ့ပေးတာ သူ့ကို ကိုယ်ကဘာတွေ ထောက်ပံ့ပေးဖို့လိုနေလည်း လိုအပ်တဲ့ အရင်းအမြစ် သူဘာတွေလိုနေလည်း ကိုယ်သိပြီး ဖြည့်ပေးနိုင်ရင် ကောင်းတယ်။ မဟုတ်ရင် သူ့ကိုပေးပြီးဖြည့်ပေးမယ်ဆိုရင်လည်း အဆင်ပြေတယ်။ အဲဒီအတွက်ကြောင့် လိုအပ်တဲ့ အထောက်အပံ့တွေ ပေးထားရဲ့လားပါ စဉ်းစားမယ်ဆိုရင် အဆင်ပြေတယ်။
(၃) သူ့ကို ထိုက်သင့်တဲ့ အကျိုးခံစားခွင့်တွေ ပေးထားရဲ့လားဆိုတာ ပြန်ပြီးစစ်ဆေးရမယ်။
ကိုယ်တာဝန်ပေးပြီး အကျိုးခံစားခွင့်မပေးရင် ဘယ်လိုမှ သူကလုပ်ချင်မှာ မဟုတ်ဘူး။ ကိုယ်ပေးတာနဲ့ တိုက်ရိုက်ဆက်စပ်နေတာမျိုး မဟုတ်ပေမယ့် ကိုယ်လိုချင်တာက အများကြီး ကိုယ်ပေးတာက နဲနဲလေး ဖြစ်နေလို့ မရဘူး။ ဘယ် Relation မှာမဆို သူနဲ့ကိုယ်နဲ့ ရတာပေးတာ မျှဖို့လိုတယ်။ ကိုယ်က သူ့ကို အများကြီး တာဝန်ပေးချင်တယ်။ သူကိုတော့ နဲနဲပဲပေးချင်တယ် ဆိုရင်တော့ အဆင်မပြေဘူး။ ဒါလေးတွေကို သတိထားဖို့လိုတယ်။
(၄) သူငြင်းပယ်နေတဲ့ အကြောင်းအရင်းကို ကိုယ်သိဖို့လိုတယ်။
သူရင်ထဲမှာရှိတာ ကိုယ်က သိချင်မှသိမယ်။ ဒါပေမယ့် အရှေ့ကပြောတဲ့ အချက်တွေနဲ့ ဆင်ခြင်ပြီးရင် သူ့မှာ ဘာအခက်အခဲတွေ ရှိမလဲ။ သူ့ကိုမေးလိုက်တဲ့အခါမှာ သိလာလိမ့်မယ်။ ဒါမှ သူပြောတာက ယုတ္တိရှိရှိ ငြင်းနေတာလား ယုတ္တိမရှိဘဲ ငြင်းနေတာလားဆိုတာ ကိုယ်က ဆင်ခြင်လို့ရမယ်။ အဲဒါကြောင့် သူဘာကြောင့် ငြင်းနေလဲဆိုတာကို အပေါ်ယံလေးမဟုတ်ဘဲ ထဲထဲဝင်ဝင် သိဖို့လိုတယ်။
(၅) ကိုယ့်ဘက်က အကြောင်းအရင်း ခိုင်လုံတယ် သူဒီတာဝန်ကို မယူလို့ မရဖူးဆိုရင် ဒီအကြောင်းကို ကိုယ့်ဘက်က ခိုင်ခိုင်မာမာနဲ့ ဆက်ဆွေးနွေးပါ။
ကိုယ်က သေသေချာချာ ခိုင်ခိုင်လုံလုံနဲ့ ရှင်းပြထားပါရက်နဲ့ ငြင်းပယ်တယ်ဆိုရင်တော့ မရဘူး။ လုပ်ငန်း အစဉ်အလာ လုပ်ထုံးလုပ်နည်းအရ သူဒီတာဝန်ကို ယူမှရမယ်။ ဒါမှမဟုတ် သူ့အပေါ်မှာ ကိုယ်က မလွဲသာမရှောင်သာ Action တွေ ယူရတော့မှာပေါ့။ အဲဒါကြောင့်အပေါ်မှာ ပြောတဲ့အချက်တွေကို ဆင်ခြင်ကြည့်ပါ။ ကိုယ့်ဘက်က အကုန်လုံး ပြည့်စုံပြီဆိုရင်တော့ သူ့ကို ပြတ်ပြတ်သားသား ပြောဆိုဆွေးနွေးပါ။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial