ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး သင့်လုပ်ငန်းမှာ တိုင်းတာသင့်တဲ့ အဓိကကျတဲ့ အကြောင်းအရာ (၅) ခု

တိကျတဲ့ ညွှန်ကြားချက်တွေ ပေးထားရင် ဝန်ထမ်းတွေ ရရှိနိုင်တဲ့ အဓိက အကျိုးကျေးဇူး (၃) ခု
September 17, 2020
သင်ချမှတ်ထားတဲ့ တာဝန်ကို သင့်ဝန်ထမ်းက မလိုလားသလိုပြလာရင် သင်လုပ်ဆောင်နိုင်တဲ့ အကြံပြုချက် (၅) ချက်
September 19, 2020

ခေါင်းဆောင်မှု တိုးတတ်လာတယ် Leadership က Business Leadership ကို ပြောနေတာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းနဲ့ပြန်ပြီး ချိတ်ဆက်ဖို့လိုတယ်။ လုပ်ငန်းမှာ သူလိုတဲ့ Result တွေရှိတယ် အဲဒီ Result တွေကို ပံ့ပိုးပေးမှု မရှိဘူးဆိုရင် အဲဒီမှာ Leader Development တွေရှိနေရင်လဲ အလကားပဲ။ အဲဒီ Leadership Development တွေကို Result နဲ့ ချိတ်ဆက်သင့်တယ်။ Performance နဲ့ ချိတ်သင့်တယ်။ အဲဒီအခါကျတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး တိုင်းတာသင့်တဲ့ အချက် (၅)ချက် ကို မျှဝေပေးချင်ပါတယ်။
(၁) ကိုယ်ရဲ့လုပ်ငန်းမှာ ရောင်းအားတွေ တက်နေရဲ့လား ။
ကိုယ့်ရဲ့ လုပ်ငန်းမှာ ရောင်းအားတွေ တတ်မနေဘူးဆိုရင် Leader တွေနဲ့ ဆိုင်တယ်။ ကိုယ်ကိုယ်တိုင်နဲ့ လဲဆိုင်တယ်။ ကိုယ့်ရဲ့ လက်အောက်က Team Members တွေနဲ့ ဆိုင်တယ်။ ရောင်းအားတိုးတတ်မနေဘူးဆိုရင် Leader တွေရဲ့ Idea တွေ ထုတ်ဖို့လိုအပ်တယ်။ ရောင်းအားတွေ မတိုးတတ်လာရခြင်းရဲ့ အကြောင်းအရင်းက ကိုယ်ရဲ့ စဉ်းစားတွေးခေါ်မှုတွေမှာ တစ်ခုခု လိုအပ်တယ်ဆိုတာ ယူဆလို့ရတယ်။
(၂) လုပ်ငန်းမှာ ကုန်ကျစရိတ်တွေ သက်သာပြီးတော့ အမြတ်များနေရဲ့လား။
အဲဒီအချက် ကိုလည်း စဉ်းစားဖို့ လိုအပ်တယ်။ လုပ်ငန်းတစ်ခုမှာ ရောင်းအားတွေ အရမ်းများပြီး ကုန်ကျစရိတ်တွေ အရမ်းများနေတယ် အမြတ်တွေ မကျန်ဘူးဆိုရင် အလကားပဲ။ လုပ်ငန်းတွေပျက်စီးတာက ကုန်ကျစရိတ်တွေ အရမ်းများလို့ ပျက်စီးကြရတယ်။ လုပ်ငန်းဟာလည်း မတိုးတတ်နိုင်ဘူး။ အဲဒါကြောင့် Leader တွေက ကိုယ့်ရဲ့ လုပ်ငန်းမှာ စီမံခန့်ခွဲမှုတွေ လုပ်ဖို့လိုအပ်လာတယ်။ လုပ်တဲ့အခါကျရင်လဲ ကိုယ့်ရဲ့ ဘယ်နေရာတွေမှာ ကုန်ကျစရိတ်တွေ များနေလဲ၊ ဘယ်လိုလျော့ချရမလဲ၊ ဘယ်လိုသက်သာအောင် လုပ်မလဲ ဆိုတာ သိဖို့လိုအပ်တယ်။
(၃) ဖောက်သည်တွေက ကျေနပ်မှုတွေ မြင့်တက်နေရဲ့လား။
Leadership ကောင်းတဲ့ အဖွဲ့အစည်းက Production တွေကောင်းနေမယ်။ Customer Service တွေကောင်းနေမယ်ဆိုရင် Customers တွေရဲ့ ကျေနပ်မှုတွေဟာလည်း မြင့်တက်နေပါတယ်။ ဒါမှမဟုတ် Customers Complain တွေ အရမ်းများနေမယ်ဆိုရင် Leader တွေရဲ့ Performance တွေ အားနည်းနေလို့ဖြစ်တယ်။ Leader တွေက ကိုယ့်ရဲ့ Performance တွေကို ဘယ်မှာသွားမြင်လို့ရလဲဆိုတော့ Customer Satisfaction မှာ သွားမြင်ရနိုင်တယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ Performance တွေကို တိုင်းတာချင်ရင် Customer နဲ့ နှိုင်းယှဉ်ကြည့်နိုင်ရင် ရနိုင်ပါတယ်။
(၄) ဝန်ထမ်းတွေ လုပ်ငန်းမှာ ပျော်နေရဲ့လား။
လုပ်ငန်းတွေမှာ Leader တွေက ကောင်းပြီး ဝန်ထမ်းတွေ ပျော်မနေဘူး၊ စိတ်တွေညစ်နေတယ် ၊ ဝန်ထမ်း ထွက်နှုန်းများလာပြီးရင် ဝန်ထမ်းတွေ မပျော်ကြတဲ့ လက္ခဏာဖြစ်တယ်။ ဒီလို အခါမျိုးဖြစ်ပြီဆိုရင် Leader တွေနဲ့ ဆိုင်တယ်။ဝန်ထမ်းတွေ အမြဲတမ်းကြီး မပျော်နေဘူးဆိုရင် Leader တွေရဲ့ အမှားတွေ ရှိနေနိုင်ပါတယ်။ အဲဒါကြောင့် ဝန်ထမ်းတွေ ပျော်လာအောင် တတ်တတ်ကြွကြွ၊ စိတ်အေးချမ်းလုပ်နိုင်အောင် Leader တွေမှာ တာဝန်ရှိပါတယ်။ ကိုယ်ရဲ့လုပ်ငန်းအနေအထားကို ပြန်သုံးသပ်လို့ရတယ်။
(၅) ကိုယ့်ရဲ့လုပ်ငန်းမှာ ဆင့်ကဲဆင့်ကဲ ဦးဆောင်မယ့် ဦးဆောင်သူတွေကို ပျိုးထောင်နိုင်ရဲ့လား။
လုပ်ငန်းတစ်ခုကို ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့က ဦးဆောင်သူတွေဟာ ခေတ်အသီးသီးမှာ လက်ဆင့်ကမ်းပေးသွားနိုင်မှ လုပ်ငန်းဟာ ဆက်ပြီးဦးဆောင်နိုင်မှာပါ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် နောက်ထပ် ခေါင်းဆောင်တွေ မပျိုးထောင်နိုင်ဘူးဆိုရင် လက်ရှိခေါင်းဆောင်တွေ အိုမင်းလာတဲ့အခါမှာ၊ ထွက်သွားတဲ့ အခါမှာ အဲဒီလုပ်ငန်းဟာ ဦးဆောင်မှုတွေ ပျက်သွားနိုင်တယ်။ လုပ်ငန်းတွေ ထိခိုက်နိုင်တယ်။ မျိုးဆက်တစ်ခုပြီးတစ်ခု ခေါင်းဆောင်မှုအပိုင်းကို လက်ဆင့်ကမ်းသွားနိုင်ဖို့ လိုအပ်ပါတယ်။ ရာထူးအဆင့်အားလုံးမှာ ခေါင်းဆောင်တစ်ဦးကို ပျိုးထောင်နိုင်ရဲ့လားဆိုတာ ဒီခေါင်းဆောင်မှု အချက်(၅)ကို အခြေခံပြီး ကြည့်မယ်ဆိုရင် အဲဒီလုပ်ငန်းရဲ့ခေါင်းဆောင်မှုအပိုင်းက Performance ကောင်းလား မကောင်းလားဘူးဆိုတာ အများကြီး တိုင်းတာနိုင်မယ်လို့ ယုံကြည်ပါတယ်။


Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial