တိကျတဲ့ ညွှန်ကြားချက်တွေ ပေးထားရင် ဝန်ထမ်းတွေ ရရှိနိုင်တဲ့ အဓိက အကျိုးကျေးဇူး (၃) ခု

ဦးဆောင်သူတွေ အနေနဲ့ တစ်စုံတစ်ခုကိုလုပ်ဖို့ကြောက်နေတဲ့ အချိန်မှာ လုပ်လို့ရနိုင်တဲ့ အချက် (၅) ချက်
September 16, 2020
ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး သင့်လုပ်ငန်းမှာ တိုင်းတာသင့်တဲ့ အဓိကကျတဲ့ အကြောင်းအရာ (၅) ခု
September 17, 2020

လုပ်ငန်းခွင်မှာလုပ်တဲ့ ဝန်ထမ်းက သူတို့ဦးဆောင်တဲ့သူ အမျိုးမျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီအခါမှာ တချို့ဦးဆောင်သူတွေက ရှင်းရှင်းလင်းလင်းပြောတယ်။ တချို့ဦးဆောင်သူတွေက ရှင်းရှင်းလင်းလင်းမပြောဘူး လိုအပ်တဲ့ဟာ တစ်ခုခု အဆင်မပြေဖြစ်တော့မှ လာပြောတယ်။ အဲဒီအခါကြတော့ လုပ်ရကိုင်ရတာ ခက်တာပေါ့။ အဲဒီအခါကြတော့ လုပ်ငန်းရှင်တွေ ဦးဆောင်သူတွေအနေနဲ့ ကိုယ့်ရဲ့လက်အောက်က Team Member တွေကို လိုအပ်တဲ့ စကားတွေ ရှင်းရှင်းလင်းလင်းပြောထားဖို့ အရေးကြီးတယ်။ ရှင်းရှင်းလင်းလင်း ပြောထားမယ်ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူးလေးတွေရှိတယ်။ ဝန်ထမ်းတွေမှာ ရနိုင်တဲ့ အကျိုးကျေးဇူးလေးတွေရှိတယ်။ ဒါကို ကိုယ်က သဘောပေါက်ထားရင် သူတို့နဲ့ဆက်ဆံတဲ့အခါမှာ အဆင်ပြေတယ်။
(၁) သူတို့အနေနဲ့ ဘာလုပ်ရမလဲ သေချာသိတဲ့အတွက်ကြောင့် သူတို့စိတ်မရှုပ်တော့ဘူး။
လုပ်ငန်းခွင်ထဲမှာ မလိုအပ်ဘဲနဲ့ စိတ်ရှုပ်ရတဲ့အခါ ရှိမှာပါ။ မလိုအပ်ဘဲနဲ့ စိတ်ရှုပ်ရတာလား လိုအပ်လို့ စိတ်ရှုပ်ရတာလား ဒါကိုကျွန်တော်တို့က နားလည်ဖို့လိုတယ်။ မလိုအပ်ဘဲ စိတ်ရှုပ်စေတဲ့ကိစ္စတွေကို ဖယ်ထားပေးရင် သူတို့လိုအပ်တဲ့ စိတ်ရှုပ်တာကို ပိုပြီးခံနိုင်တယ်။ သူတို့ကို ကိုယ်ဘာလိုချင်တာလဲ သူတို့ဘာလုပ်ရမှာလဲ သေသေချာချာ တိတိကျကျပြောထားရင် သူတို့မှာရှိတဲ့ မလိုလားအပ်တဲ့ စိတ်ရှုပ်စရာတွေကို ဖယ်ထားပေးနိုင်တယ်။
(၂) အချင်းချင်း စကားများနေစရာ မလိုတော့ဘူး။
သဘောက ဒါလုပ်ရမယ် ဟိုဟာလုပ်ရမယ် တစ်ယောက်က ဒီပုံစံ၊ တစ်ယောက်က ဟိုပုံစံ၊ သုံးလေးငါးယောက်ရှိရင် သုံးလေးငါးမျိုး တစ်ယောက်ချင်းစီက နှစ်မျိုးသုံးမျိုးဆို ပိုပြီးတော့ ရှုပ်ကုန်ရော၊ အဲဒီအခါ ဘယ်ဟာကို အာရုံစိုက်လို့စိုက်ရမှန်းမသိ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ အဓိကက လုပ်ငန်းရှင်က ဦးဆောင်တဲ့သူ Manager က မင်းတို့ဒါလုပ်ရမယ်၊ အားလုံးရှေ့မှာလဲ ခေါ်ပြောထားတယ်။ စာတွေကပ်ထားပေးတယ်။ အစည်းအဝေးမှတ်တမ်းတွေ ထွက်ထားပေးမယ်၊ ဒါဆိုရင် သူတို့အနေနဲ့ ငါတို့ Boss က ဒါလိုချင်တာ ဒါကိုလုပ်လို့ရပြီဆိုပြီး တန်းပြီးရှင်းတာပေါ့။ အဲဒီအခါ ဘာမှအဆင်မပြေ ဖြစ်စရာမရှိဘူး။ သူတို့အချင်းချင်း မလိုလားအပ်တဲ့ စကားများတာတွေ အချင်းများတာတွေ မဖြစ်တော့ဘူး။ လုပ်ငန်းထဲမှာ စည်းလုံးညီညွှတ်မှု ပြိုကွဲတာကို ရှောင်ရှားလို့ရတယ်။ ဒါလေးကို နားလည်ဖို့ လိုတယ်။
(၃) တစ်ယောက်မရှိရင်လဲ တစ်ယောက်က ဝင်ဖြည့်ပေးလို့ ရတဲ့အတွက်ကြောင့် လုပ်ငန်းမလည်ပတ်မှာလဲ စိုးရိမ်စရာမရှိတော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဘာလိုနေတာလဲဆိုတာ အားလုံးသိတယ်။ ဘာလုပ်ရမလဲဆိုတာလဲ အားလုံးသိတယ်။ အဲဒီတော့လုပ်ရမှာက သင်ပေးထားမယ်ဆိုရင် အားလုံးကတတ်တယ်။ ဘယ်သူမရှိရင် မဖြစ်တော့ဘူးဆိုတာ မဖြစ်ပဲနဲ့ အားလုံးက လိုအပ်ရင် လိုအပ်တဲ့ အခြေအနေမှာ ဝင်ဖြည့်ပေးလို့ရတဲ့ အနေအထားကို လုပ်ထားပေးမယ်ဆိုရင် အများကြီးအဆင်ပြေတယ်။ ကျွန်တော်တို့ Breakthrough Team မှာဆိုလို့ရှိရင် Operation က Event တွေအတွက် တာဝန်ရှိတာဆိုပေမယ့် Opreation အပြင် ကျန်တဲ့ Sale Team တို့ Marketing Team တို့က အတိုင်းအတာတစ်ခုအနေနဲ့ သိထားအောင် လုပ်ရတယ်။
ဒါမှကျွန်တော်တို့က Event သုံးလေးခုကို တစ်ပြိုင်တည်း လုပ်မယ်ဆိုရင် သူတို့က ဝိုင်းကူလို့ရမှာဖြစ်တယ်။ အဲဒီအတိုင်းပဲ Sale Call တွေဆက်တဲ့အခါမျိုးတွေ Remind Call တွေဆက်တဲ့အခါမျိုးတွေ မှာလဲ Operation တို့ Marketing Team တို့က သိအောင်လုပ်ထားရမယ်။ Marketing နဲ့ပတ်သက်ရင်လဲ ကြော်ညာတွေ Facebook မှာ တင်တဲ့ဟာဆိုရင်လဲ Sale တို့ Operation တို့က သိအောင်လုပ်ထားရမယ်။ ဒါမျိုးလုပ်လို့ရှိရင် လူတွေကလဲ သူတို့အမျိုးမျိုး လုပ်တတ်နေတာပေါ့ ပြောရမယ်ဆိုရင် Rotation လုပ်ထားတဲ့ သဘောမျိုးပေါ့။
အဲဒီအခါမှာ သူတို့ဘာလုပ်ရမလဲဆိုတာကို ကြိုသိနေပြီး ဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်မရှိလို့ရှိရင် လုပ်ငန်းကြီးလုံးဝ Operation ကြီး ရပ်နေတာမျိုးမဟုတ်ပဲနဲ့ ဝင်ဖြည့်လို့ရတဲ့အတွက်ကြောင့် လုပ်ငန်းမှာ အများကြီး အကျိုးကျေးဇူးရှိတယ်။ သူတို့အနေနဲ့လဲ အတတ်ပညာတွေ အများကြီး ရှိတဲ့အတွက်ကြောင့် ရာထူးပိုမြှင့်တဲ့ level တွေမှာလဲ တာဝန်ထမ်းဆောင်နိုင်တယ်။ ဒါလေးကို သိထားပြီးတော့ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ကို လုပ်ရမဲ့ Objective လေးတွေကို သေချာပြောပြပါ သေချာသင်ပေးပါ။ ဒါဆိုရင် လုပ်ငန်းမှာရော ဝန်ထမ်းမှာရော အများကြီး အကျိုးရှိမယ်ထင်ပါတယ်။

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough #TLJ

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial