စီးပွားရေးလုပ်ငန်းကို ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ Function (၄) ခု

မကောင်းတဲ့ အတွေးတွေဟာ အလေ့အကျင့် ဖြစ်လာပြီဆိုရင် သင်ရင်ဆိုင်ရနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ (၅) ခု
September 8, 2020
သင့်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တော့မယ်ဆိုရင် သင်သိထားသင့်တဲ့ အချက် (၅) ချက်
September 10, 2020

စီးပွားရေးလုပ်ငန်းကို ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ Function (၄) ခု ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ လုပ်ငန်းတွေ မတူတဲ့အတွက်ကြောင့် စီးပွားရေးနဲ့ ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ မဟာဗျူဟာတွေကလည်း မတူကြဘူး။ အဲဒီတော့ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုမှာဆိုရင် ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်သင့်လည်း ဆိုတာကို သိပေမယ့် ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ စီးပွားရေး Strategy တွေ ဘယ်လိုလုပ်သင့်လည်းဆိုတာကို ကျွန်တော့်အနေနဲ့ ပြောပြပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်အခုဆွေးနွေးမယ့် Function (၄) ခုကိုသာ အသုံးချမယ်ဆိုရင် ဘယ်လုပ်ငန်းမှာမဆို အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ အဲဒီ (၄) ခုက လေယာဉ်တစ်ဆင်းရဲ့ အင်ဂျင်လိုပဲ တစ်လုံးပျက်သွားရင် မကောင်းဘူး။ ၂ လုံး ၃ လုံး ပျက်သွားရင် ပိုပြီးတော့ မကောင်းဘူး။ (၁) Marketing ကိုယ်က လုပ်ငန်းလုပ်ပြီဆိုထဲက Marketing က အရေးကြီးတယ်။ ကိုယ့်မှာ ဘယ်လောက်ကောင်းတဲ့ Product တွေ Service တွေပဲရှိရှိ Customer တွေက မသိနိုင်ဘူး။ Client တွေက အကောင်းဆုံး Product တွေကို လိုက်ရှာဝယ်တာ မဟုတ်ဘဲနဲ့ သူတို့အမြင်မှာ ကောင်းတယ်လို့ ထင်ရတဲ့ Product တွေကို လိုက်ရှာဝယ်တာဖြစ်တယ်။ တစ်ချို့တွေမှာ တစ်ကယ်ကောင်းတဲ့ Product တွေ ရှိနေပေမယ့် သူတို့တွေက ဘယ် Target Customer တွေကို ချိန်နေမှန်းမသိ Customer တွေရဲ့ ဘယ်ပြဿနာတွေကို ဖြေရှင်းနိုင်မလည်း ဆိုတာကိုလည်းမသိ။ Customer တွေအနေနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမလည်းဆိုတာကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်ဘူး။ Marketing နဲ့ ပတ်သက်ပြီး အားနည်းတာတွေ ဖြစ်တယ်။ ဒါကြောင့် Target Customer သေချာချမှတ်တာတို့ Client ကိုပေးမယ့် Message သေချာပေးတာတို့။ ကိုယ့်ရဲ့ Product တွေကို ဘယ် Media မှာ ကြော်ငြာမလည်းကို ရွေးချယ်ရမယ်။ ကိုယ့်အနေနဲ့ Marketing ကို နားမလည်ရင် အင်မတန် ခက်နိုင်တယ်။ (၂) HR လူတွေနဲ့ အလုပ်လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် HR က အရမ်းအရေးကြီးတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ Product တွေ Service တွေကို ဖန်တီးထားပါစေ အဲဒီ Product ကို Deliver လုပ်တဲ့လူတွေက အဆင်မပြေရင် အောင်မြင်မှာမဟုတ်ဘူး။ HR ပိုင်းက လုပ်ငန်းတစ်ခု ဖွံဖြိုးတိုးတက်ဖို့အတွက် အများကြီး အရေးပါတယ်။ ဝန်ထမ်းကောင်းတွေကို ဘယ်လိုမျိုးရှာမလဲ။ အဲဒီဝန်ထမ်းတွေကို ပိုတော်လာအောင် ဘယ်လိုလုပ်မလဲ။ တော်လာတဲ့ ဝန်ထမ်းတွေကို ထွက်မသွားအောင် ဘယ်လိုမျိုး ထိန်းသိမ်းမလဲ။ ဒါတွေကိုမသိရင် ကျွန်တော်တို့က အဲဒီလုပ်ငန်းကို ဘယ်လိုမှ ထိထိရောက်ရောက် ဦးဆောင်နိုင်မှာ မဟုတ်ဘူး။ (၃) Operations Product တွေလည်း ကောင်းတယ်။ လူတွေလည်း ကောင်းတယ်။ လုပ်ငန်းခွင်ထဲမှာ Management မကောင်းရင် SOP တွေ သေချာသတ်မှတ်ထားတာ မရှိတော့ လုပ်တဲ့အခါမှာ ဒီတစ်ယောက်လုပ်ရင် ကောင်းတယ်။ ဒီတစ်ယောက်လုပ်ရင် မကောင်းဘူးဆိုတာတွေ ဖြစ်လာတယ်။ အဲဒီလိုအခါမျိုးမှာ Management ကောင်းဖို့ အရေးကြီးတယ်။ ပြီးရင် လုပ်နေတဲ့အချိန်မှာ Close Supervision ကရေးကြီးတယ်။ Operations မှာ သေချာမလုပ်ဘူးဆိုရင် အချိန်တွေကြာပြီး လုပ်ငန်းခွင်မှာ ကြန့်ကြာမှုတွေဖြစ်တယ်။ Customer Complain တွေ မလိုလားအပ်တဲ့ အလေအလွင့်တွေ ဖြစ်နိုင်တယ်။ (၄) Finance လုပ်ငန်းရှင် တော်တော်များများက ရှေ့ပိုင်းမှာ လုပ်ငန်းကို တိုးတက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ စာရင်းဇယားကို သေချာမကြည့်တာ လုပ်ငန်းရှင် တော်တော်များများမှာ တွေ့ရတယ်။ အလုပ်ကပိုက်ဆံနဲ့ ကိုယ်ပိုင်ပိုက်ဆံ လျော့နေတာတွေ။ ရောင်းသာရောင်းနေပေမယ့် ရရန်ရှိ ပေးရန်ရှိတွေကို သေချာမလုပ်ထားတာတွေ။ တစ်ခါတစ်လေ လုပ်ငန်းမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို စနစ်တကျ မလုပ်ထားတဲ့အခါမှ ရုတ်တရက် သေသွားတဲ့အခါ ကျန်တဲ့သားသမီးတွေက အဖေက ဘာပိုင်လို့ပိုင်မှန်းတောင် မသိတော့ဘူး။ ဒါကစာရင်းပိုင်းနဲ့ ဘဏ္ဍာရေးပိုင်းမှာ သေချာ မလုပ်ထားတဲ့ ပြဿနာတွေ နောက်တစ်ခုက ဝင်ငွေထွက်ငွေနဲ့ အမြတ်ကို မတွက်ထားဘဲ ငွေအလွန်အကျွံ သုံးစွဲတာက လုပ်ငန်းက သူမျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမှာ လုပ်ငန်းက ရပ်သွားနိုင်တယ်။ အဲဒါကြောင့် Financial Accounting တွေကို လေ့လာထားဖို့လိုတယ်။ ကိုယ်မလေ့လာရင်လည်း ကျွမ်းကျင်တဲ့သူကို ခန့်ထားဖို့ အကြံပြုချင်ပါတယ်။ Naing Win Aung (MBA, ACC) CEO Coach & NLP Master Trainer Leadership Development Facilitator #naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial