မကောင်းတဲ့ အတွေးတွေဟာ အလေ့အကျင့် ဖြစ်လာပြီဆိုရင် သင်ရင်ဆိုင်ရနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ (၅) ခု

ခေါင်းဆောင်မှုဆိုတာ ပြဿနာတွေကို ဖြေရှင်းတာ ဖြစ်တယ်
September 6, 2020
စီးပွားရေးလုပ်ငန်းကို ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ Function (၄) ခု
September 9, 2020

မကောင်းတဲ့ အတွေးတွေဟာ အလေ့အကျင့် ဖြစ်လာပြီဆိုရင် သင်ရင်ဆိုင်ရနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ (၅) ခု ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ လုပ်ငန်းရှင်တွေ ကိုယ့်လုပ်ငန်းမှာ ရှိတဲ့ဝန်ထမ်းတွေ မကောင်းတဲ့ အတွေးတွေ ရှိလာတဲ့အခါမှာ ရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေကို မျှဝေချင်ပါတယ်။ Negative Thinking ဆိုတာ ဝန်ထမ်းတွေမှာလည်း ရှိနိုင်တယ်။ ကိုယ့်မှာလည်း ရှိနိုင်တယ်။ ခက်ခဲတဲ့အချိန် လုပ်ငန်းဖိအားများတဲ့အချိန်မှာလည်း ဒါမျိုးတွေက ဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်တာတွေကို ကိုယ်ကသိပြီး ကာကွယ်နိုင်ရမယ်။ မသိဘူး မကာကွယ်နိုင်ဘူးဆိုရင် အဆင်မပြေဘူး။ (၁) လုပ်ငန်းခွင်မှာ အတင်းအဖျင်း ပြောတာတွေ များလာပြီးတော့ အလေ့အကျင့် ဖြစ်လာမယ်။ Negative တွေ ဖြစ်လာတဲ့အခါမှာ လုပ်ငန်းခွင်မှာ တစ်ယောက်ယောက်ကို ကြည့်လိုက်တဲ့အခါ ဘယ်ဌာန က ဘယ်သူဆိုပြီး ထမင်းစားတဲ့ နေရာမှာပြောမယ်။ ဖယ်ရီပေါ်မှာပြောမယ်။ Messenger မှာ ပြောမယ်။ တစ်ချို့တွေဆိုရင် ဘယ်လိုပြောတယ်ဆိုတာတွေကို ပြောကြပြီးတော့ လုပ်ငန်းခွင်မှာ အတင်းအဖျင်းတွေ ပြောလာကြလိမ့်မယ်။ အထက်က လူအကြောင်းပြောလိုက်၊ အောက်ကလူအကြောင်းပြောလိုက် ဒါမျိုးတွေဖြစ်လာလိမ့်မယ်။ (၂) အုပ်စုဖွဲ့လာကြလိမ့်မယ်။ အတင်းပြောတာမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် စိတ်ဓာတ်ပိုင်းအရ တူတဲ့လူတွေ၊ အလုပ်တူတဲ့သူတွေက အုပ်စုဖွဲ့ပြီး တစ်ယောက်ထဲ အတင်းပြောတာမျိုးမဟုတ်ဘဲ အုပ်စုလိုက် အတင်းပြောတာမျိုးတွေ ဖြစ်လာမယ်။ ပြီးရင် အုပ်စုလိုက် တစ်ယောက်ယောက်ကို ပူးပေါင်းပြီး အကျပ်ရိုက်အောင် လုပ်တာတို့ လုပ်ငန်းခွင်ထဲမှာ တစ်ခုခုလုပ်ရင် မလွယ်အောင် ထစ်ထားတာမျိုးတွေ လုပ်ထားတာ ရှိလာနိုင်တယ်။ စည်းလုံးညီညွတ်မှု ပျက်ပြားသွားတာတွေ ရှိနိုင်တယ်။ ကျွန်တော်တို့ ရုံးမှာဆိုရင်လည်း ဝန်ထမ်းတွေကို ထမင်းစားခိုင်းတဲ့ နေရာမှာ Department တစ်ခုခြင်းစီ စားတာထက် Department တွေကိုရောပြီး သွားစားခိုင်းတယ်။ အရင် စားသောက်ဆိုင် လုပ်ငန်းလုပ်တုန်းက ဆိုရင်လည်း ရှေ့ခန်းနဲ့ နောက်ခန်းဆိုပြီး အရမ်းပြောတာ အခု Breakthrough လုပ်တော့လည်း ဘယ် Department က ဘယ် Department ကနဲ့ Department တွေမခွဲဘဲ အားလုံးက Breakthrough ရဲ့ အရိပ်အောက်မှာဘဲ ဒါမျိုးပြောရတယ်။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက် ပြောသလိုဆိုရင် Team ပေါ့ ဒီလိုမျိုးလေး နားလည်မှ အုပ်စဖွဲ့တာတွေမရှိမှ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ရှေ့ဆက်နိုင်မှာဖြစ်တယ်။ (၃) အထက်လူကြီးက ပြောရင် လှောင်ရယ်ပြီးတော့ သူတို့လုပ်ချင်တာလုပ်မယ်။ Meeting လုပ်တယ်။ ပြောတယ်ဆိုရင်လည်း Meeting ပြီးတာနဲ့ အလကားပါဆိုပြီး သူတို့ စိတ်ထဲမရောက်ဘူး။ ဒါက Negative Thinking တွေ များလာပြီး ဖြစ်တဲ့ပြဿနာတွေဖြစ်တယ်။ ကိုယ်က ဘယ်လောက်ပဲ ကောင်းတာတွေ ညွှန်ကြားပါစေ အဆင့်ဆင့်မှာ ကျွန်တော်ထင်တယ် မန်နေဂျာတွေတောင်ဖြစ်တယ်။ (၄) စိတ်ဓာတ်ကောင်းတဲ့ ဝန်ထမ်းလေးတွေ စိတ်ပျက်ပြီးထွက်သွားနိုင်တယ်။ သူတို့က Negative တွေပဲ ကြားနေရတဲ့အတွက်ကြောင့် ငါတော့ဒီအဖွဲ့အစည်းမှာနေရင် မတိုးတက်နိုင်လောက်ဘူးဆိုပြီး သူတို့ထွက်သွားရော။ ဒီလို ဆုံးရှုံးတာက အရမ်းကို နှမြောဖို့ကောင်းတယ်။ (၅) ဖောက်သည်တွေရဲ့ Complain တွေများလာပြီး လုပ်ငန်းပါထိခိုက်လာလိမ့်မယ်။ တိုင်ကြားမှုတွေ မကျေနပ်မှုတွေများလာပြီး အချိန်တွေကြာလာရင် ဘယ်လောက်ထိ ဖြစ်သွားမလဲဆိုတာကို ဒီမှာရှိတဲ့ မိတ်ဆွေတွေ စဉ်းစားလို့ရတယ်။ အဲဒီအတွက် လုပ်ငန်းမှာ Culture တွေ အတွေးအခေါ်တွေ ကောင်ဖို့လိုတယ်။ ကိုယ်က Leader ဆိုရင် ဒါတွေအတွက် ကိုယ့်မှာ တာဝန်ရှိတယ်။ ကိုယ်ကလုပ်ငန်းရှင် မဟုတ်ဘူး ရာထူးတစ်ခုမှာ ဦးဆောင်နေတယ်။ နောက်ဆုံး ကိုယ်က အလုပ်ဝင်ကာစ ဝန်ထမ်းသစ် ဖြစ်နေရင်တောင် ကိုယ်ကနေစပြီး ကောင်းမယ်ဆိုရင် ပတ်ဝန်းကျင်အတွက် စံနမူနာပြ ဖြစ်နေနိုင်ပါတယ်။ အားလုံး လိုက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ Naing Win Aung (MBA, ACC) CEO Coach & NLP Master Trainer Leadership Development Facilitator #naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial