စီးပွားရေးလုပ်ငန်းရှင်တွေ Goal ထက် Growth ကို အာရုံစိုက်သင့်တဲ့ အကြောင်းအရင်း (၃) ခု

Transformational Leadership Journey (၂၀၁၉) ပွဲမှ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ပြောခဲ့တဲ့ ထိထိမိမိစကားလုံးများ
September 2, 2020
“ခေါင်းဆောင်မှုနဲ့ရင့်ကျက်မှု”
September 4, 2020

(၁) ကိုယ့်ရဲ့အရည်အချင်းက ကိုယ့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုကို ကိုယ်စားပြုတယ်။
ကိုယ့်အရည်အချင်း တက်မလာဘဲနဲ့ လုပ်ငန်းက တက်မလာနိုင်ဘူး။ ကျွန်တော်တို့ လုပ်ငန်းလေးကို စလုပ်တယ်၊ လုပ်ပြီးတစ်နေရာ အရောက်မှာ တစ်သွားတဲ့ နေရာရှိတယ်။ တစ်သွားတဲ့နေရာက ကိုယ်မလုပ်တတ်တဲ့နေရာ။ ကျွန်တော်တို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မဖြေရှင်းတက်ဘူး၊ မလုပ်တတ်ဘူးကို ဆိုလိုတာဖြစ်တယ်။ တစ်ပြီဆိုတာက ကိုယ့်ရဲ့ အသိပညာတိုးတက်ဖို့ လိုပြီဆိုတာကို သတိပေးတာပဲ ဖြစ်တယ်။
လုပ်ငန်းတစ်ခုက ပိုင်ရှင်ရဲ့ အသိပညာ၊ အတတ်ပညာထက်ပိုပြီး တိုးတက်ဖို့ မလွယ်တဲ့အတွက်ကြောင့် ကိုယ်ရဲ့လုပ်ငန်းကို ပိုပြီးတိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အသိပညာကို ဆက်ဆက်၊ ဆက်ဆက်ပြီးတော့ မြှင့်တင်နေဖို့လိုတယ်။ မမြှင့်တင်ရင် လုပ်ငန်းကလည်း တိုးတက်လာမှာ မဟုတ်ဘူး။ ဒါကို သိဖို့လိုတယ်။
(၂) ကိုယ့်ဝန်ထမ်းတွေကို သင်ကြားပေးဖို့အတွက် ကိုယ့်မှာ တာဝန်ရှိတယ်။
ကိုယ်ကိုယ်တိုင်က မတက်ဘဲနဲ့ သူတို့ကို ဘယ်လိုသင်ကြားပေးမလဲ။ ကျွန်တော် အခုနောက်ပိုင်း ပိုပြီးနားလည်လာတာက ကျွန်တော်က Leadership ကို သင်တဲ့အတွက်ကြောင့် Leadership ကို Focus လုပ်တယ်။ လုပ်ငန်းမှာကျတော့ ဝန်ထမ်းအယောက် ၂၀၊၃၀ ကို ဦးဆောင်ရတဲ့အတွက် လုပ်ငန်းမှာ လိုအပ်တဲ့ Marketing လည်းကျွန်တော်က လေ့လာရတယ်။ Video Content နဲ့ ပတ်သက်ပြီးလည်း လေ့လာရတယ်။ လူတွေကို ဘာတွေ Share လုပ်ချင်လည်း ဘာတွေကို Content လုပ်ချင်လည်း လေ့လာရတယ်။ Digital Marketing က ဘာလဲ Facebook Marketing ကဘာလဲ။
ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးတော့ရော အကုန်လိုက်လေ့လာရမယ်။ ကိုယ်က နယ်ပယ်တစ်ခုကို Specialized လုပ်တယ်ဆိုရင်တောင် တစ်ခြားနယ်ပယ်တွေကို လေ့လာထားဖို့လိုတယ်။ ကိုယ်မတတ်ရင် ကိုယ့်ဝန်ထမ်းကလည်း လုပ်မှာမဟုတ်ဘူး။ တတ်တဲ့ဝန်ထမ်းကို ခန့်ရင်တောင် အင်မတန် ခက်တယ်။ အဲဒီအတွက်ကြောင့် ကိုယ်မတတ်ဘဲနဲ့ ခိုင်းဖို့မလွယ်သလို ကိုယ်မတတ်ဘဲနဲ့လည်း သင်ပေးဖို့မလွယ်ဘူး။ ဒါကိုသိထားဖို့လိုတယ်။
(၃) ကိုယ်မသိတဲ့ နယ်ပယ်နဲ့ပတ်သက်ပြီး တတ်တဲ့ဝန်ထမ်းခန့်ထားရင်တောင် ကိုယ်က ဘာမှမသိရင် သူတို့ကို တာဝန်ပေးဖို့နဲ့ သူတို့နဲ့ အလုပ်တွဲလုပ်လို့ရမှာ မဟုတ်ဘူး။
သူတို့ရဲ့ ဘာသာစကားကို နားထောင်မယ်ဆိုရင် ကိုယ်က အနည်းအကျဉ်းတော့ တတ်ဖို့လိုတယ်။ တတ်တဲ့သူတွေလာလည်း ကိုယ်က မတတ်ရင် သူတို့ပြောတာကို နားလည်မှာမဟုတ်ဘူး။ ကိုယ်က သူတို့ကို အလုပ်အပ်တဲ့အခါမှာ ကိုယ့်အနေနဲ့ မယုံတာမျိုးတွေ ဖြစ်နိုင်တယ်။ သူတို့အနေနဲ့လည်း ကိုယ့်ကိုယ် မယုံကြည်တဲ့သူနဲ့ အလုပ်လုပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး။ အဓိကက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုအတွက်ကို ဆက်တိုက်မြှင့်တင်နေရမယ်။
တစ်ချို့လုပ်ငန်းရှင်တွေက အခြေအနေလေး နည်းနည်းကောင်းလာပြီဆိုရင် ဆက်ပြီးတော့ လေ့လာစရာ မလိုတော့ဘူးလို့ထင်တယ်။ အခုအောင်မြင်နေတာက အရင်တုန်းက လေ့လာခဲ့လို့။ ကိုယ်က နောက်ထပ် ၆လ ၁နှစ် ၃နှစ်မှာ အောင်မြင်ချင်တယ်ဆိုရင် လေ့လာသင်ယူမှုတွေ ဆက်လုပ်နေမှ အဆင်ပြေမယ်။ ကိုယ်က လေ့လာသင်ယူမှု မလုပ်ရင် အဆင်မပြေနိုင်ဘူး။ ဒါပေမယ့် နောက်ကျတယ်ဆိုတာ မရှိဘူး။ ကိုယ့်ရဲ့ မာန်မာနကို လျော့လိုက်ပါ။ လေ့လာသင်ယူပါ။ မသိတဲ့သူကို မေးဖို့မရှက်ပါနဲ့ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial