Transformational Leadership Journey (၂၀၁၉) ပွဲမှ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ပြောခဲ့တဲ့ ထိထိမိမိစကားလုံးများ

လုပ်ငန်းတစ်ခု မတိုးတက်ရတဲ့အကြောင်းအရင်း
September 1, 2020
စီးပွားရေးလုပ်ငန်းရှင်တွေ Goal ထက် Growth ကို အာရုံစိုက်သင့်တဲ့ အကြောင်းအရင်း (၃) ခု
September 3, 2020

“The Foundation of Leadership “ ခေါင်းစဉ်ဖြင့် ဟောပြောပို့ချပေးခဲ့ပါတယ်၊
“Leadership ခေါင်းဆောင်မှုရဲ့ အခြေခံအုတ်မြစ်က Character အကျင့်၊သီလကောင်းတာပါပဲ”
“Knowledge will give you power,but character respect.”
“အသိ (Knowledge) ရှိရင် စွမ်းဆောင်ရည် (Power) ရှိတယ်၊”
“စာရိတ္တ (Character) ကောင်းရင် လေးစားမှု (Respect) ကိုရရှိစေပါတယ်၊”
“Do Good, Be Good “
ကောင်းတာလည်းလုပ်ပါ၊ ကောင်းအောင်လည်းလုပ်ပါ၊
“Knowledge to Skill”
သိပြီးရင် တတ်အောင်လုပ်ပါ၊ ကျွမ်းကျင်အောင်လုပ်ပါ၊
“မလုပ်ချင်ရင်တောင် မှန်တဲ့အလုပ်ကိုလုပ်ပါ၊”
“ အဆုံးအဖြတ်ပေးပြီးရင်ပြီးတဲ့အထိလုပ်ပါ၊”
” တော်အောင်လည်းလုပ်ပါ၊ ကောင်းအောင်လည်းပြုမှုကျင့်ကြံနေထိုင်ပါ၊
“မဝေဖန်ပါနဲ့ ကောင်းအောင်လုပ်ပါ”
” ကောင်းကင်လိုစဉ်းစားပါ၊ ပန်းခြံလိုမစဉ်းစားပါနဲ့” ကောင်းကင်ကိုလူတိုင်းမရောက်နိုင်ပေမယ့်၊ ပန်းခြံကိုတော့ လူတိုင်းအလည်လာလို့ရနိုင်ပါတယ်၊
“ပျက်စီးပြိုကွဲသွားတာထက်၊ အပျက်အစီးအပိုင်းအစတွေနဲ့ ဘယ်လိုပြန်လည်ဖန်တီးတည်ဆောက်မလဲဆိုတာက ပိုအရေးကြီးပါတယ်၊”
၂၁ ရာစုမှာရှိရမည့်အရည်အသွေး (၄)ချက်
(၁) Critical Thinking အရာရာကိုဆန်းစစ်နိုင်တဲ့အတွေးရှိရမယ်၊
(၂) Creativity တီထွင်ကြံဆနိုင်ရမယ်၊
(၃) Collaborate ပူးပေါင်းလုပ်ဆောင်နိုင်ရမယ်၊
(၄) Communication ပြောဆို၊ ဆက်သွယ်၊ ဆက်ဆံရေးကောင်းရမယ်
အရေးအကြီးဆုံးကဘာလဲ?
(၁) အရေးကြီးဆုံး လူက ကိုယ့်ရှေ့မှာရှိနေတဲ့သူ၊
(၂) အရေးအကြီးဆုံးအချိန်က လက်ရှိအချိန်၊
(၃) အရေးကြီးဆုံးလုပ်ရမယ့်အလုပ်က ဂရုစိုက်ပေးတာ၊ အသိအမှတ်ပြုပေးတာ၊

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial